အစိုးရရဲ့ အငှါးအိမ်ရာတွေက လက်ရှိငှါးရမ်းခနှုန်းထားတွေကို လျော့ကျစေ - Property News in Myanmar from iMyanmarHouse.com
938 Views

အစိုးရရဲ့ အငှါးအိမ်ရာတွေက လက်ရှိငှါးရမ်းခနှုန်းထားတွေကို လျော့ကျစေ

အစိုးရက တည်ဆောက်နေတဲ့ အငှါးအိမ်ရာစီမံကိန်းတွေက အိမ်ငှါးရမ်းခနှုန်းထားတွေကို ကျဆင်းစေနိုင်တယ်လို့ အိမ်ခြံမြေဈေးကွက်က သိရပါတယ်။

အိမ်ခြံမြေနှင့် ဥပဒေရေးရာပညာရှင် ဦးတင်သန်းဦးက "‘အစိုးရဘက်က ငှားရမ်းနိုင်မယ့်နေရာတွေ များများဆောက်ပြီး အငှားဈေးကွက်ထိုးဖောက်ရင်တော့ ငှားရမ်းခဈေးကြီးတာတွေ ဖြေလျော့နိုင်မယ်"လို.
ပြောပါတယ်။


အိုးအိမ်ရဲ. အငှားအိမ်ရာ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ.က တာဝန်ယူပြီး မြို.ပြအိမ်ရာဖွံ.ဖြိုးမှုဦးစီးငှာနက ဒဂုံမြို.သစ်တောင်ပိုင်းမြို.နယ်က မြေ၁၂ဧကကျော်မှာ အငှားအိမ်ရာတည်ဆောက်မှာဖြစ်ပါတယ်။
ဒဂုံမြို.သစ်တောင်ပိုင်းမြို.နယ်မြေတိုင်းရပ်ကွက် (၁၄၁/၂) အမှတ်(၂)လမ်းမကြီးနဲ. မဟာဗန္ဓုလ လမ်းထောင့်မှာ အငှားအိမ်ရာကို တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ အငှားအိမ်ရာက ရှစ်ခန်းတွဲ၊ ခြောက်ထပ် အာရ်စီအမျိုးအစားတည်ဆောက်မှာ ဖြစ်ပါတယ်။

မြို.ပြအိမ်ရာဖွံ.ဖြိုးရေးဦးစီးငှာနက တာဝန်ရှိသူတစ်ဦးက အငှားအိမ်ရာတွေတည်ဆောက်ခဲ့ပါတယ်။ ဝန်ထမ်းတွေအတွက် အိမ်ငှားရမ်းခက ကျပ်၁၅၀၀ကနေ ကျပ်၃၀၀၀ခန်.သာရှိ ငှားရမ်းခပေးဆောင်ရတာဖြစ်ပါတယ်။
မြို.ပြအိမ်ရာဖွံ.ဖြိုးရေးဦးစီးဌာနက ငှားရမ်းတဲ့ အိမ်ငှားရမ်းခနှုန်းက အရင်တုန်းကတော့ ပြင်ပငှားရမ်းတဲ့ဈေးနှုန်းနဲ.အများကြီး သက်သာခဲ့ပြီး လက်ရှိတည်ဆောက်နေတဲ့ဟာတွေကို ဘယ်လိုပုံစံနဲ. ငှားမယ် ဆိုတာမသိသေးပါ။

စည်ပင်ရဲ. အငှားအိမ်ရာ

ရန်ကုန်မြို.တော်စည်ပင်သာယာ ကော်မတီက ရွှေပြည်သာ မြို.နယ်၁၂ရပ်ကွက် စက်မှုလမ်းနဲ. ပိတောက်လမ်းထောင့်မှာ အငှားအိမ်ရာစီမံကိန်းတည်ဆောက်နေတာဖြစ်ပါတယ်။

အငှားအိမ်ရာစီမံကိန်းကရှစ်ခန်းတွဲ ခြောက်ထပ်တိုက်နဲ.
စုစုပေါင်းအခန်း၁၉၂ ခန်းတည်ဆောက်မှာဖြစ်ပြီး လက်ရှိအဆောက်အဦးလေးလုံးတည်ဆောက်ပြီး နေပြီလို.သိရပါတယ်။ အခန်းအကျယ်ကတော့ ၄၉၀စတုရန်းပေရှိပါတယ်။
ရန်ကုန်မြို.တော်စည်ပင်သာယာရေးကော်မတီအင်ဂျင်နီယာဌာန အဆောက်အအုံက တာဝန်ရှိသူတစ်ဦးက ‘ရွှေပြည်သာက အိမ်ရာစီမံကိန်းက အငှားအိမ်ရာလုပ်ဖို.တော့ ပြောထားတယ်၊ တန်ဖိုးနည်းပဲ ရောင်းမလား မသိသေးဘူး’ လို.ပြောတယ်။

အငှားချမယ်အိမ်ရာစီမံကိန်းတွေက ဘယ်လိုပုံစံနဲ. အငှားချမလဲ၊ ပုဂ္ဂလိက ဝန်ထမ်းတွေကို ငှားမှာလား အစိုးရဝန်ထမ်းတွေနဲ. ဆက်စပ်တဲ့ သူတွေကိုပဲ အငှားချမှာလားဆိုတာကိုမသိရသေးပါဘူး။အငှားခဈေးကြီးတာကို လျှော့ချနိုင်ရင်တော့ ငှားရမ်းနေထိုင်သူတွေအတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။

လက်ရှိရန်ကုန်မြို.တွင်းမှာ စီးပွားလုပ်ဖို.အတွက် အိမ်ခန်းငှားရမ်းပါက အခန်းခတစ်လ ကျပ်၁၀သိန်းက သိန်း၃၀ဝန်းကျင်ရှိနေပြီ။
နေထိုင်ဖို.အတွက် အခန်းငှားရမ်းခက တစ်လကို ကျပ် ၂သိန်းက ၅သိန်းဝန်းကျင်ထိရှိနေပါတယ်။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service