မကွေးမြို့နယ် ဒဟတ်ကန်ကျေးရွာတွင် ကျေးရွာအတွင်းမြေများအား သုံးလအတွင်း မြေငှားဂရန်ထုတ်ပေးမည် - Property News in Myanmar from iMyanmarHouse.com
813 Views

မကွေးမြို့နယ် ဒဟတ်ကန်ကျေးရွာတွင် ကျေးရွာအတွင်းမြေများအား သုံးလအတွင်း မြေငှားဂရန်ထုတ်ပေးမည်

မကွေးမြို့နယ် ဒဟတ်ကန်ကျေးရွာအုပ်စု ဒဟတ်ကန်ကျေးရွာရှိ ကျေးရွာနေအိမ်များအား မြေငှားဂရန်ထုတ်ပေးရေးအတွက်ညှိနှိုင်းအစည်းအဝေးကို ဒဟတ်ကန်ကျေးရွာရှိ ရွာဦးဘုန်းတော်ကြီးကျောင်း၌ ဇူလိုင် ၁၂ ရက် နံနက် ၁၀ နာရီကကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျေးရွာမြေငှားဂရန် ထုတ်ပေးရေး ကော်မတီ ဥက္ကဌ မကွေးမြို့နယ်
အုပ်ချုပ်ရေးမှူးး ဦးစောထွန်းဦးက ကျေးရွာအတွင်း ဝိုင်းမြေများအား မြေငှားဂရန်များ သုံးလအတွင်း အပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး
သက်ဆိုင်ရာမြေစာရင်းအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များကဦးဆောင်၍ ပြုလုပ်ဆောင်ရွက်ပေး
သွားမည်ဖြစ်ကြောင်း၊ကျေးရွာအတွင်း မြေကွက်စိပ်တိုင်းတာရာတွင် ပေ ၂၀ အထက် ဝိုင်းကွက်များကို ဂရန်ချထားပေးသွားမည်ဖြစ်ပြီးပေ၂၀ အောက်မြေကွက်များကိုဂရန်ထုတ်ပေးမည်မဟုတ်ပါကြောင်း၊ဂရန်လျှောက်ထားရာတွင် ကန့်ကွက်လွှာကို၁၅ရက်အတွင်း ခေါ်ယူသွားမည်
ဖြစ်ကြောင်း၊ မြေကွက်များကို တိုင်းတာရာတွင် လိုအပ်သောငွေကြေး ကုန်ကျစရိတ်အား
ရွာသူရွာသားများက တစ်ပြားမှပေးစရာမလိုဘဲ တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောာင်ရွက်ပေးသွားမည်ဖြစ်ကြောင်းစသည်ဖြင့် ရှင်းလင်းပြောကြားသည်။

မြို့နယ်မြေစာရင်းဦးစီးအရာရှိ ဦးပိုင်ပေါ်ထွန်းက ရွာမြေသည် အဝန်းအဝိုင်းပဲရှိသည့်အတွက်
ကွက်စိပ်ဟူ၍ မရှိသဖြင့် တိုင်းတာရာတွင် ကွက်စိပ်တိုင်းတာပြီးမှ ဂရန်ထုတ်ပေးမည်ဖြစ်ပြီး ကွက်စိပ်တိုင်းတာပြီးပါက မြေပြင်မှရှိသည့်
အတိုင်းအတာသာဖြစ်ကြောင်း၊ ကျေးရွာမြေအား ကွက်စိပ်တိုင်းတာပါက ၁၈ ရက်ခန့် ကြာမြင့်မည်ဖြစ်ပြီး မြေပုံရေးဆွဲပြီးပါက ကျေးရွာမြေ
ပေ ၂၀ ကျော်ပါက တစ်ခါတည်း တိုင်းတာ၍ ဂရန်အား လျှောက်ထားနိုင်မည်ဖြစ်ကြောင်း၊ ဂရန်လျှောက်ထားသူသည် အသက် ၁၈ နှစ်ပြည့်ပြီးသူ
ဖြစ်ရမည်ဖြစ်ပြီး မှတ်ပုံတင်ပါရှိရမည်ဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားသည်။

ယင်းနောက်တက်ရောက်လာကြသော ရွာသူရွာသားများ၏ မေးမြန်းချက်များအား တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
မကွေးမြို့နယ်အတွင်း ကျေးရွာပေါင်း ၂၁၆ ရွာရှိသည့်အနက် ဒဟတ်ကန်ကျေးရွာကို ပထမဦးဆုံးအကြိမ် စတင်စမ်းသပ်ချထားပေးမည်ဖြစ်ပြီး
ယခု စီမံချက်အောင်မြင်ပါ ကျန်ရှိနေသော မကွေးမြို့နယ်ရှိ ကျေးရွာ ၂၁၅ ရွာကို ဆက်လက်ချထားပေးရန် အစီအစဉ်ရှိကြောင်း
မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ဒဟတ်ကန်ကျေးရွာတွင် အိမ်ခြေ ၁၄၄ အိမ်၊ အိမ်ထောင်စု ၁၅၀၊လူဦးရေ ၅၁၄ ဦး နေထိုင်ကြောင်း ကျေးရွာနေ ပြည်သူတစ်ဦးထံမှ သိရသည်။

Credit: မြန်မာ့အလင်း

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service