ခြံမြေနေရာအား ကန်ထရိုက်တိုက် ဆောက်လုပ်မည့် အိမ်ရှင်များ သတိပြုစေဖို - Property Knowledge in Myanmar from iMyanmarHouse.com
3129 Views

ခြံမြေနေရာအား ကန်ထရိုက်တိုက် ဆောက်လုပ်မည့် အိမ်ရှင်များ သတိပြုစေဖို

Knowledge | Posted by Shwe Zin Win

အိမ်ခြံမြေ ပိုင်ရှင်များအနေဖြင့် ခြံမြေနေရာ အရင်းအနှီးပြုကာ ခိုင်မာသောစီးပွားရေးဈေးကွက် အရင်းအနှီးတစ်ခုဖြစ်တည်ရယူလိုခြင်း၊အိမ်နေရာ၊ အခန်းသစ်တစ်ခု ( ထို့ထက်ပို၍လည်း ပိုင်ဆိုင်နိုင် ) ရရှိနေထိုင်ရခြင်း၊ပိုင်ဆိုင်ရရှိသောအိမ်ခန်းများအား
ပြန်လည်ရောင်းချ၍ ငွေကြေးအရင်းအနှီး ပိုမိုရရှိနိုင်ခြင်း တို့ကြောင့်ကန်ထရိုက်များနှင့် အကျိုးတူ ပူးပေါက်ကာ ဆောက်လုပ်မှုများ များပြားလာလျက်ရှိသည်။

ကန်ထရိုက်များအနေဖြင့်လည်း ဆောက်လုပ်မှုကုန်ကျစရိတ်၊ လုပ်သားစရိတ်၊ ကျွမ်းကျင်ပညာရှင်များ ငှားရမ်းမှုနှင့်
အထွေထွေစရိတ်စကများကို စိုက်ထုတ်၍ တည်ဆောက်ပြီးသည့်အခါ အိမ်ခန်းပိုင်ဆိုင်မှုအလိုက် အကျိုးမြတ်ကိုခွဲဝေရယူခြင်းမျိုးဖြင့် လုပ်ငန်းလည်ပတ်ကြသည်ရှိသလိုအချို့ကန်ထရိုက်များက
လည်း ဆောက်လုပ်မှုကုန်ကျစားရိတ်ကို
မြေရှင်ဘက်ကသာ ရာခိုင်နှုန်းအတော်များများ ပါဝင်စေပြီး အကျိုးအမြတ်ရပိုင်ခွင့်ညှိုနှိုင်းကာဆောက်လုပ်ခြင်းများလည်း ရှိသည်။

အိမ်ရှင် မြေရှင်နှင့် ညှိုနှိုင်းအဆင်ပြေလျှင် လုပ်ငန်းစတင်ကြပြီး အဆောက်အအုံ တည်ရာနှင့် လမ်းပန်း ဆက်သွယ်မှု အခြေအနေ၊
ဆောက်လုပ်ထားမှု ဒီဇိုင်းအသွင်အပြင်ကောင်းမှု၊ အခန်းဖွဲ့စည်းပုံ ကောင်းမွန်မှုတို့အပေါ်မူတည်ပြီး ဈေးခေါ်
ကြိုပွိုင့်သဘောရောင်းချခြင်းဖြင့် ငွေကြေးလည်ပတ်မှု ရယူကာ လုပ်ငန်း မတည်သည့် ကန်ထရိုက် နှင့် အိမ်ရှင်တို့အကြားစီးပွားရေးအခွင့်အလမ်း
ပေါင်းကူးဆက်နွယ်မှု အပြန်အလှန် ရှိနေခြင်းကြောင့် ရှေ့ဆက်ပြီး အခွင့်အလမ်းများနေဦးမည့်
ဆောက်လုပ်ရေးလုပ်ငန်း တစ်ခုဖြစ်သည်။

ပညာရှင်၊ လုပ်သားနှင့် ရင်းနှီးမြှုပ်နှံမှု ခိုင်မာယုံကြည်စိတ်ချရ၍ နောက်ခံအခြေအနေ
တောင့်တင်းသည့် ဆောက်လုပ်ရေးကုမ္ပဏီများရှိသလို၊ မခိုင်မာသည့် ကုမ္ပဏီများလည်းရှိနေကြကြောင်း သိရှိရပြီး
ဆောက်လုပ်လက်စ တန်းလန်း ရပ်ထားရသည့် အခြေအနေဖြစ်နေသော ကန်ထရိုက်တိုက်များသည်လည်း ရှိနေကြသည်။

မလိုလားအပ်သည့် အခြား ပြဿနာများမှာ စာချုပ်စာတမ်းချုပ်ဆိုစဉ်က ရင်းနှီးမြှပ်နှံမှု၊ အခန်းခွဲဝေရယူမှုများနှင့် ပတ်သက်၍
သဘောတူ ချုပ်ဆိုခဲ့သော်လည်း ကန်ထရိုက်ဘက်မှအားနည်း ချို့ယွင်းချက်များကြောင့် အိမ်ရှင်မြေရှင်များဘက်မှဆောက်လုပ်မှုမတည်စရိတ်
ပြန်လည်ထုတ်ပေးရခြင်းမျိုးများလည်း တွေ့ရသည်ဟု ဒေါပုံမြို့နယ်နေ အိမ်ခြံမြေ ပွဲစားတစ်ဦးက ပြောကြားသည်။

အချို့ ကန်ထရိုက်များမှာ အိမ်ခြံမြေ ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ စာချုပ်စာတမ်းကိစ္စများကို
အိမ်ရှင်များထက် ပိုမို အကျွမ်းတ၀င်ရှိကြပြီး အခြေခံခိုင်မာမှု မရှိသောဆောက်လုပ်ရေးလုပ်ငန်းအမည်ခံ
ကန်ထရိုက်များနှင့်အနေဖြင့် မသမာမှုပြုလုပ်ရန် အခွင့်အလမ်းတစ်ခုဖြစ်တတ်သည်ကို သတိပြုရပေမည်။

အိမ်ရှင်များ၏ အိမ်ခြံမြေနှင့် ဆိုင်ရာ လုပ်ထုံး လုပ်နည်း၊ ဆောင်ရန်ရှောင်ရန်များအားလုံးစေ့ပတ်စေ့ နားမလည်မှု၊ယုံကြည်မှု လွန်ကဲမှုတို့ကြောင့် နောက်ဆက်တွဲ မလိုလားအပ်သည့် ပဋိပက္ခများ ဖြစ်ပေါ်ခြင်းများလည်း ရှိကြကြောင်းစုံစမ်းသိရှိရပါသည်။

ကန်ထရိုက်တာများနှင့် ကိုယ်စားလှယ် လွှဲအပ်ထားသူများထံသို့ အိမ်ခြံမြေ ဂရန်မူရင်းအား
အပ်နှံထားရာမှ ကန်ထရိုက်နှင့် ကိုယ်စားလှယ် လုပ်ကိုင်သူအချို့မှ ဂရန်အား ပေါင်နှံချေးငွေရယူခြင်း၊ အလွဲသုံးစားလုပ်ခြင်း ပြဿနာများကြောင့် ဖြေရှင်းနေရသော အိမ်ပိုင်ရှင်များရှိနေသောကြောင့် ထိုကဲ့သို့ အရှုပ်အရှင်းများ
မဖြစ်ပေါ်စေရန် အိမ်ရှင်များအနေဖြင့် အထူးသတိထားရန် လိုအပ်ကြောင်းမြန်မာ့အဖိုးတန်မြေ အိမ်ခြံမြေ
အကျိုးဆောင်လုပ်ငန်းမှ တာဝန်ခံတစ်ဦးက Property.com.mm မီဒီယာအဖွဲ့သို့ ပြောကြားသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှလည်း ဒီပြဿနာများပေါ်ပေါက်လာခြင်းနှင့်စပ်လျင်းပြီး ကန်ထရိုက်တာတွေကို
ဂရန်မူရင်းအပ်နှံထားဖို့ ညွှန်ကြားထားချက်မရှိသလို အိမ်ရာဆောက်လုပ်ခွင့်များကို ခွင့်ပြုပေးနိုင်ဖို့ စိစစ်တဲ့အခါမှာလည်းပိုင်ဆိုင်မှု အထောက်အထားအဖြစ် ဂရန်မိတ္တူနှင့် မူရင်းအား တစ်ကြိမ်သာ တိုက်ဆိုင်စစ်ဆေးပြီး မူရင်းကို မြေရှင်ကပြန်လည်သိမ်းထားရမှာသာ ဖြစ်ကြောင်း ထုတ်ပြန်ပြောကြားခဲ့သည်။

ရွှေငွေ ဒေါ်လာဈေးနှုန်းများသည် ပေါက်ဈေး အတက်အကျအနည်းငယ်သာ ပြောင်းလဲသည့် တသမတ်တည်းရှိသော ဥစ္စာပစ္စည်းသဘော ရှိသော်လည်း အိမ်ခြံမြေ ဂရံမှာမူ ခြံမြေ၏
အကျယ်အ၀န်း၊ နေရာအကွက်အကွင်း ကောင်းမွန်မှုတို့
အပေါ် မူတည်၍ တန်ဖိုးကြီးမြင့်သော ပိုင်ဆိုင်မှုတစ်မျိုး ဖြစ်သည့်အတွက် အိမ်ရှင်၊ မြေရှင်များအနေဖြင့် အလွယ်တကူ လက်လွှဲပြောင်း မထားသင့်ကြောင်း၊ အထူးဂရုပြုရန် လိုအပ်ကြောင်း အသိပေးအပ်ပါသည်။

Credit: myanmarpropertynews

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

Upcoming Property Events

The Rich Villa
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service