တစ်ခန်းလျှင် ကျပ်သိန်း ၂၀၀ ကျော်၊ ၃၀၀ ကျော်ဖြင့်ရောင်းချခဲ့သော ဒဂုံမြောက်ပိုင်း ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာတွင် လူနေထိုင်ခွင့်စတင်ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
1514 Views

တစ်ခန်းလျှင် ကျပ်သိန်း ၂၀၀ ကျော်၊ ၃၀၀ ကျော်ဖြင့်ရောင်းချခဲ့သော ဒဂုံမြောက်ပိုင်း ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာတွင် လူနေထိုင်ခွင့်စတင်ခွင့်ပြု

တစ်ခန်းလျှင် ကျပ်သိန်း ၂၀၀ ကျော်၊ ၃၀၀ ကျော် စသည်ဖြင့်ရောင်းချခဲ့သော ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာတွင် လူနေထိုင်ခွင့် စတင်ခွင့်ပြုလိုက်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနမှ သိရသည်။

အဆိုပါအိမ်ရာများကို ရောင်းချခဲ့စဉ်က သတ်မှတ်ကာလအတွင်း ငွေအကျေပေးချေခဲ့သူများကိုသာ လူနေထိုင်ခွင့်ပေးခဲ့ခြင်းဖြစ်ပြီး လျှပ်စစ်မီးလည်း လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

"ငွေအကျေချေပြီးတဲ့သူတွေအတွက် လူနေထိုင်ခွင့်စပေးလိုက်ပြီး အခန်းသော့တွေလည်းအပ်လိုက်ပါပြီ။ လျှပ်စစ်မီးလည်း လွှတ်ပေးလိုက်ပြီ။ ငွေအကျေမပေးချေရသေးတဲ့သူတွေတော့ နေထိုင်ခွင့်မရသေးဘူး။ ဘဏ်တွေနဲ့ချိတ်ပြီး အရစ်ကျစနစ်နဲ့ ၀ယ်ထားတဲ့သူတွေလည်း ဘဏ်တွေရဲ့ထောက်ခံခွင့်ပြု ချက်ရရင် အခန်းသော့ပေးသွားမှာပါ" ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာစီမံကိန်းသည် ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် ၄၈ ရပ်ကွက် ဗိုလ်ဗထူးလမ်းပေါ်တွင်တည်ရှိပြီး ၂၀၁၃ ခုနှစ် မေလတွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကာ ယင်းအိမ်ရာကို အသင့်ပြုလုပ်ပြီးသောကြမ်းခင်းများ၊ နံရံများကိုအသုံးပြုကာ ဆောက်လုပ်ခဲ့ခြင်းကြောင့် တည်ဆောက်ချိန် တစ်နှစ်ခွဲခန့်သာကြာမြင့်ခဲ့ကြောင်း သိရသည်။

အခန်းပေါင်း ၄၀၀ ကျော်ပါဝင်ခဲ့ပြီး ရောင်းခဲ့စဉ်က အခန်းတစ်ခန်းလျှင် အနည်းဆုံးကျပ်၂၃၇ သိန်းမှ အများဆုံး ကျပ်သိန်း ၃၀၀ ကျော်အထိရှိခဲ့ပြီး သတ်မှတ်ကာလအတွင်း ငွေပေးချေခဲ့ရသည့်စနစ်နှင့် ဘဏ်ချေးငွေစနစ်(လေးနှစ်ကို အရစ်ကျပြန်ဆပ်သည့်စနစ်) များဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအိမ်ရာအခန်းများကို ပျမ်းမျှလစဉ်ကျပ်သုံးသိန်းဝင်ငွေရှိသည့်သူများသာ ၀ယ်ယူခွင့်ရရှိခဲ့ပြီး အခြေခံပြည်သူများနှင့် အောက်ခြေ၀န်ထမ်းများဝယ်ယူရန် မလွယ်ကူသည့်အနေအထားဖြစ်ခဲ့သည်။

သို့သော် ယင်းအိမ်ရာကိုဝယ်ယူရန် လျှောက်ထားသည့် လျှောက်လွှာ ၁၃၀၀၀ ကျော်ရှိခဲ့ပြီး ၀ယ်ယူခွင့်ရရှိသူများကို မဲနှိုက်သည့်စနစ်ဖြင့် ရွေးချယ်ခဲ့သည်ဟုဆိုသည်။

Credit: eleven media group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service