သီလ၀ါ အထူးစီးပွားရေးဇုန်အတွင်း အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးစီမံကိန်းအပါအ၀င် စီမံကိန်းသုံးခုအတွက် ဂျပန်နိုင်ငံမှ ချေးငွေ ယန်း ၂၅ ဘီလျံကျော်ကို တစ်နှစ် ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင - Property News in Myanmar from iMyanmarHouse.com
683 Views

သီလ၀ါ အထူးစီးပွားရေးဇုန်အတွင်း အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးစီမံကိန်းအပါအ၀င် စီမံကိန်းသုံးခုအတွက် ဂျပန်နိုင်ငံမှ ချေးငွေ ယန်း ၂၅ ဘီလျံကျော်ကို တစ်နှစ် ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင

သီလ၀ါအထူးစီးပွားရေးဇုန်အတွင်း အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးစီမံကိန်း အပါအ၀င် စီမံကိန်းသုံးခုအတွက် ဂျပန်နိုင်ငံမှ ချေးငွေ ဂျပန်ယန်း ၂၅ ဘီလျံကျော် ကို တစ်နှစ်အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ထုတ်ချေးထားကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းသို့ ထုတ်ချေးရာတွင် သီလ၀ါအထူးစီးပွားရေးဇုန်အတွင်း အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အဆင့် (၁) အပိုင်း (၂) နှင့်အသေးစားနှင့် အလတ်စားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများနှင့် ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု တိုးတက်ရေးစီမံကိန်းအဆင့် (၁) စသည့် စီမံကိန်းများအတွက် ထုတ်ချေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဂျပန်နိုင်ငံမှပေးအပ်သည့် တရားဝင်ဖွံ့ဖြိုးမှု အကူအညီချေးငွေ (Official Development Assistant Loan) စုစုပေါင်း ဂျပန်ယန်း ၂၅ ဒသမ ၈၈၈ ဘီလျံရယူရန် နှစ်နိုင်ငံအစိုးရကြား လဲလှယ်မှုစာချွန်လွှာ (Exchange of Notes) နှင့် ချေးငွေစာချုပ် (Loans agreements) များကို နှစ်နိုင်ငံ အစိုးရ အချင်းချင်း နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါချေးငွေများအတွက် စည်းကမ်းချက်များမှာ တစ်နှစ်နှုန်လျှင် အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်း၊ ဆိုင်းငံ့ကာလ ၁၀ နှစ်နှင့် ပြန်ဆပ်ကာလ နှစ် ၃၀၊ စုစုပေါင်းချေးငွေသက်တမ်း နှစ် ၄၀ ဖြစ်ကြောင်း သိရသည်။

ယင်းချေးငွေများရယူရန် လဲလှယ်မှု စာချွန်လွှာကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr.Tateshi Higuchi နှင့် မြန်မာနိုင်ငံအစိုးရကိုယ်စား ဘဏ္ဍာရေးဝန်ကြီးဌာန ဒေါက်တာလင်းအောင်တို့က ရေးထိုးခဲ့ပြီး ချေးငွေစာချုပ်များကို ဂျပန် နိုင်ငံအစိုးရကိုယ်စား ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ မြန်မာနိုင်ငံရုံးခွဲအကြီးအကဲ Mr.Keiichiro NAKA ZAWA နှင့် မြန်မာနိုင်ငံအစိုးရကိုယ်စား ဘဏ္ဍာရေးဝန်ကြီးဌာန ငွေတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ဝင်းတို့က လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်အတွင်းရှိ သီလ၀ါဒေသတွင် အကောင်အထည်ဖော်နေသည့် သီလ၀ါအထူးစီးပွားရေးဇုန်စီမံကိန်းတွင်First Myanmar Investment Company, Golden Land East Asia Development, Myanmar Agribusiness Public Corporation, Myanmar Agricultural &General Development Public, Myanmar Edible Oil Industrial Public Corporation, Myanmar Sugar Development Public Company, Myanmar Technologies and Investment Corporation,National Development Company Group နှင့် New City Development Public Company စသည့် ကုမ္ပဏီကိုးခုတို့မှ ကနဦးရင်းနှီးတည်ထောင်သူများ အဖြစ် ရှယ်ယာ ၄၅ ရာခိုင်နှုန်းကို ခွဲဝေယူထားသည်။

သီလ၀ါအထူးစီးပွားရေးဇုန်သည် မြန်မာအစိုးရနှင့် ဂျပန်အစိုးရတို့ ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းဖြစ်ပြီး မြန်မာပူးပေါင်း ကော်ပိုရေးရှင်းအဖွဲ့(Myanmar Consortium) မှ ၅၁ ရာခိုင်နှုန်း၊ ဂျပန်ပူးပေါင်းကော်ပိုရေးရှင်းအဖွဲ့ (Japanese Consortium) မှ ၄၉ ရာခိုင်နှုန်း ထည့်ဝင်ထားပြီး လာမည့် စက်တင်ဘာတွင် လုပ်ငန်းလည်ပတ်နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

Credit: eleven media group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service