ဒေါ်လာဈေး ၊ ရွှေဈေး အတက်ကြမ်းခြင်း နှင့် မြို့သစ်စီမံကိန်း များကြောင့် ပြန်လည်နိုးထရန်တာစူလာသည့် မြန်မာအိမ်ခြံမြေ ဈေးကွက် ၏ပါရာဒိုင်း အရွေ့သစ် - Property News in Myanmar from iMyanmarHouse.com
10527 Views

ဒေါ်လာဈေး ၊ ရွှေဈေး အတက်ကြမ်းခြင်း နှင့် မြို့သစ်စီမံကိန်း များကြောင့် ပြန်လည်နိုးထရန်တာစူလာသည့် မြန်မာအိမ်ခြံမြေ ဈေးကွက် ၏ပါရာဒိုင်း အရွေ့သစ်

၂၀၁၅ခုနှစ်ဇွန်လဆန်းကနေစပြီး မြန်မာအိမ်ခြံမြေ ဈေးကွက်က အပြောင်းအလဲသစ် တစ်ချို့ဆီဦးတည်လှုပ်ရှားလာတာကို တွေ့ မြင်လာနေရပါတယ်၊ ဒေါ်လာနဲ့ မြန်မာကျပ်ငွေလဲလှယ်ရာမှာ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းလာတဲ့ အခြေအနေနဲ့ တစ်ဆပ်တည်း ပြည်တွင်းဘတ်ဂျတ်လိုငွေ ပြနေပြီး ငွေဖောင်းပွမှုနှုန်း မြင့်းမာလာတဲ့ အတွက် ဒေါ်လာဈေးနဲ့ အတူ ရွေဈေးကပါ အလျင်မြန်ဆုံး မြင့်တက်လာခဲ့ပြီး ရင်းနှီးမြုပ်နှံသူ အချို့ကတော့ ခိုင်မာတဲ့ မြေကွက်တွေ အဖြစ် အသွင်းပြောင်းမှု အချို့ လုပ်လာတဲ့ အတွက်အိမ်ခြံမြေဈေးကွက်က ပါရာဒိုင်းအသစ် တစ်ခုဆီ ဦးတည်ရွေ့လျားလို့ လာပါတယ်။

ကမ္ဘာဘဏ်၏ခန့်မှန်းချက် အရ ၈ ဒသမ ၃ ရာခိုင်နှုန်းခန့်အထိ ရောက်ရှိလာနေသည့် အပြင် ပို့ကုန်သွင်းကုန် ကွာဟ ချက်ကြီးမားပြီး ဈေးကွက်အတွင်းမှာ ဒေါ်လာလိုအပ်ချက်တွေမြင့်တက်လာခဲ့ပြီး ဒေါ်လာ နှင့် မြန်မာကျပ်ငွေလဲလှယ်ရာမှာ မြန်မာငွေ တန်ဖိုးကျလာသလို ၊ ကမ္ဘာရွှေဈေးကွက်မှာ ရွှေတစ်အောင်စ ကိုအမေရိကန်ဒေါ်လာ ၁၂၀၀ ၀န်းကျင် လောက်နဲ့ ငြိမ်နေတဲ့ အချိန်မှာဘဲ မြန်မာရွှေဈေးက အတက်ကြမ်းပြီးနာရီပိုင်းအနည်းငယ် တစ်ကျပ်သားကို ကျပ် ရှစ်သိန်းနီးပါး အထိ ရောက်ရှိခဲ့တာဟာ ဖြင့် ၂၀၁၅ ဇွန်လရဲ့ထူးခြားတဲ့ အပြောင်းအလဲ တွေဖြစ်လာပါတယ်။

အိမ်ခြံမြေ ပါရာဒိုင်းသစ် ဘယ်ကိုဦးတည်ဖို့ကြိုးစားနေသလဲ
တိတိကျကျပြောရရင် တိုက်ခန်း၊ ကွန်ဒိုတွေထက် ခိုင်မာတဲ့ မြေတွေကို ဦတည်တာကို တွေ့လာရပါတယ်၊ ဒါကလည်းမြင့်မားလာတဲ့ ငွေဖောင်းပွမှု ကြောင့် စိတ်ချရတဲ့ မြေဘက်ကို ပြန်လှည့်လာတာ ဖြစ်ပေမယ့် စီမံကိန်းမြေတွေကိုဘဲပိုစိတ်ဝင်စားတာ ကိုအထင်အရှားတွေ့လာရပါတယ်၊ လတ်တလောဒလနဲ့ ရန်ကုန်မြို့သစ်စီမံကိန်းဧရိယာ ထဲက မြေတွေ အရောင်းအ၀ယ်ဖြစ်နေတာ က ထင်ရှားတဲ့ သက်သေ တစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် အရင်က ၂၀၁၅ ရွေးကောက်ပွဲ အပြီး ဖြစ်ပေါ်လာမယ့် အိမ်ခြံမြေ ဈေးကွက်ကိုစောင့်ကြည့်နေပါတယ်ဆိုတဲ့ ရင်းနှီးမြုပ်နှံသူအချို့ကလည်း ရွေးကောက်ပွဲ မတိုင်မီ ဈေးကွက်ကို လက်ဦးမှုယူထားမယ်ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ပါမစ်မြေ တွေကို လိုက်ဝယ်ကြတဲ့ အတွက်ကြောင့်လည်း အိပ်ပျော်နေတဲ့ မြန်မာအိမ်ခြံမြေ ဈေးကွက်ကိုမသိမသာ ပြန်လည်လှုပ်နိုးလိုက်သလို ဖြစ်ခဲ့ပါတယ်။

ဒေါ်လာဈေး ရွှေဈေးနဲ့ဆပ်စပ်နေတဲ့ မြန်မာအိမ်ခြံမြေဈေးကွက်
မြန်မာစီးပွားရေးမှာ အခိုင်မာဆုံး ရင်းနှီးမြုပ်နှံတဲ့ နယ်ပယ်တွေ အဖြစ် စီးပွားရေး သမားတွေ လုပ်ကိုင်နေတဲ့
နယ်ပယ်တွေက ကားလာက၊ ဒေါ်လာအရောင်းအ၀ယ်၊ ရွှေ နဲ့ အိမ်ခြံမြေ ဖြစ်ပေမယ့် လတ်တလောအနေအထားအရ ကားဝယ်ပြီး ရင်းနှီးမြုပ်နှံရင် ကျိန်းသေပေါက် ရှုံးဖို့သေချာတာကြောင့်အစိုးရသစ်လက်ထက်နောက်ပိုင်းမှာ ရွှေ၊ ဒေါ်လာ နဲ့အိမ်ခြံမြေ ဘက်ကို စီးပွားရေးသမားတွေ ကစားခဲ့တာ တွေ့မြင်ရမှာဖြစ်သလို၊ ကဏ္ဍ တစ်ခုနဲ့ တစ်ခုကြားမှာလည်း သိသိသာသာချိတ်ဆက်ရိုက်ခတ်မှု တွေကိုမြင်ရနိုင်သလိုမသိမသာတွဲဆက်လှုပ်ရှားမှုလေးတွေလည်း ရှိတာ အထင်အရှားဖြစ်ပါတယ်။

မေလကုန်ဇွန်လဆန်းမှစတင်လှုပ်ရှားလာခဲ့တဲ့ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းလာမှု ၊ မြန်မာရွှေဈေးကျပ် ရှစ်သိန်းဝန်းကျင်ခန့်အထိနာရီပိုင်းမှ မြင့်တက်ခဲ့သည့် ဖြစ်ရပ် ကြောင့် ဇွန်လအစောပိုင်း ရက်များတွင် အေးစက်နေသည့် မြန်မာအိမ်ခြံမြေ ဈေးကွက်မှာ ငြိမ်သက်ခဲ့သော်လည်း ဇွန်လလယ်မှ စတင်ပြီး မြန်မာအိမ်ခြံမြေဈေးကွက်အတွင်းမှာအထိုက်အလျောက်ပြန်လည် လှုပ်ခတ်မှုများကို မြင်တွေ့လာခဲ့ရသလို အချို့သောနေရာများမှာသိန်းထောင်ဂဏန်းရှိ မြေကွက်တွေ အပြင် သိန်းသောင်းနှင့်ချီတန်သည့်မြေကွက် အနည်းငယ်လည်း အရောင်းအ၀ယ်ဖြစ်လာခဲ့ပေမယ့် အထူးသဖြင့် ပါမစ်မြေကွက်တွေ များတဲ့ ဒဂုံအရှေ့နဲ့ ဒဂုံဆိပ်ကမ်းမှာတော့ ပြန်ပြီးတော့ ၀ယ်မယ့်သူတွေက မေးမြန်းလာတာကိုတွေ့လာရပါတယ်။

ငွေကြေးဖောင်းပွမှု၊ ကောလဟလသတင်းများ၊ စီမံကိန်းသတင်းများဟာလည်း ဈေးကွက်စီးပွားရေးမှာအင်မတန် အရေးကြီးတဲ့ အချက်အလက်တွေဖြစ်ပြီး သတင်းကြိုရထားတဲ့ လူတွေ အမြတ်အစွန်းအကြီးအကျယ်ရ ကုန်တာလည်း အားလုံးအသိဘဲဖြစ်ပါတယ်၊ ဒီတစ်ကြိမ် အိမ်ခြံမြေ ဈေးကွက်ပြန်လည်နိုးထဖို့အတွက်အားပြန်ပေးခဲ့တဲ့ လောင်စာကတော့ ငွေကြေးဖောင်းပွမှုဘဲဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ စီမံကိန်းမြေတွေဘက်ကို ပြန်လှည့်လာတာကို တွေ့မြင်လာရသလို ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ လုပ်ကွက်မကျန်တော့မှာစိုးတဲစိုးရိမ်စိတ်ကလေးတွေလည်းပြန်လည်တွေ့မြင်လာတာ ကြောင့် အိမ်ခြံမြေဈေးကွက် အတွက် မျှော်လင့်ချက်ရောင်ခြည်လေးကိုမြင်တွေ့လာရပါတယ်။

ဒုတိယအကြိမ်ပြန်လည်လှုပ်ရှားလာတဲ့ ဒလတံတားစီမံကိန်း နှင့် မြို့သစ် ခုနှစ်ခုရဲ့ စီမံကိန်းဂယက်
ဇွန်လအတွင်းကျင်းပခဲ့တဲ့ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးကနေ၂၀၄၀မဟာရန်ကုန်မြို့ပြမဟာဗျူဟာစီမံကိန်းမှာ ပါဝင်မယ့် မြို့သစ်ခုနှစ်ခုကို ချပြခဲ့တဲ့ အပြင် ပြည်ထောင်စု လွှတ်တော်ကနေ ရန်ကုန်မြစ်ကို ကျော်ဖြတ်မယ့် ဒလ တံတားသစ်ကို ကိုရီးယား ချေးငွေနဲ့ တည်ဆောက်ဖို့ ခွင့်ပြုလိုက်တဲ့ သတင်းဟာလည်း အေးစက်နေတဲ့ ဒလ အိမ်ခြံမြေဈေးကွက်ကို ပြန်ပြီးလှုပ်နိုးလိုက်သလို ဖြစ်သွားခဲ့ပါတယ်။

သိန်းရှစ်ထောင်လောက် ရှိတဲ့ မြေကွက်တွေပါ ဒလမှာ အရောင်းအ၀ယ်ဖြစ်တာ တွေ့ခဲ့ရပါတယ်။ဇွန်လထဲမှာ ဒလ ဘက်ကိုတံတားထိုးမယ်လည်း ဆိုရော ဒလမှာဒုတိယအကြိမ် မြေဈေးတွေပြန်လှုပ်ပြီးသိန်းသုံးလေးငါးရာတန် အကွက်တွေကနေ သိန်းထောင်ဂဏာန်းလောက်ရှိတဲ့ အကွက်တွေ အထိကိုပြန်ပြီးအရောင်းအ၀ယ်ဖြစ်လာကြတယ် “ ”ဆိုပြီး ဇွန်လ ထဲမှာပြန်လည်လှုပ်ခတ်လာခဲ့တဲ့ မြန်မာအိမ်ခြံမြေဈေးကွက်အနေအထားကို မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှု အသင်း၏ ဒုတိယ ဥက္ကဌ တာဝန်ထမ်းဆောင်နေပြီး လက်ရှိမဏ္ဍိုင် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းကို လုပ်ကိုင်နေတဲ့ ဆရာဦးသန်းဦးက ပြောပြပါတယ်။ထူးခြားချက် တစ်ခုကတော့ ဒီစီမံကိန်းနှစ်ခုစလုံးက ဒုတိယအကြိမ် ပြန်လည်နိုးထလာတာ ဖြစ်တဲ့ အချက်ဖြစ်ပြီင်္းဇွန်လတစ်လတည်းမှာကိုဘဲ ထူးထူးခြားခြား ပြန်လည်ပေါ်ထွတ်လာခြင်း ဟာ စဉ်းစားစရာတစ်ခုဖြစ်လာစေပေမယ့်ဒီသတင်းနှစ်ခုကြောင့် မြို့သစ်စိမံကိန်းတွေထက် မဟာရန်ကုန်နဲ့ မြစ်တစ်ခု ဘဲခြားတဲ့ဒလမြို့ထဲမှာတော့ အိမ်တွေ၊ ဥယျဉ်ခြံမြေ တွေတင်မကဘဲ လယ်မြေတွေပါ ဈေးနှုန်းတွေ မြင့်တက်ပြီးအရောင်းအ၀ယ် ပြန်ဖြစ်လာခဲ့တာ အထင်အရှားပါဘဲ။ သူနဲ့ ဆပ်စပ်နေတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းဧရိယာ အထဲပါတဲ့မြေနေရာ အကွက်အကွင်းကောင်းတဲ့ လယ်မြေ၊ ခြံမြေတွေရဲ့ ဈေးတွေပါ ခေါ်ဈေးမြင့်လာပြီး လယ်တစ်ဧက ( နေရာအကွက်ကောင်းရင် ) ကျပ်သန်း ၁၀၀၀ လောက်အထိ ခေါ်လာတာတွေ့ရပါတယ်။ အတွင်းဘက်ကျတဲ့ လယ်ကွက်တွေ လည်း တစ်ဧကကို ကျပ်သိန်း ၂၀၀ ကနေ ၃၀၀ လောက်ထိဈေးပြန်ခေါ်လာပြီး နှစ်ဦးနှစ်ဖက် ညှိနှိုင်းဈေးနဲ့ အရောင်းအ၀ယ်ပြန်ဖြစ်လာတာဟာ ဇွန်လရဲ့ ထူးခြားချက်တွေဘဲ ဖြစ်ပါတယ်။

ရန်ကုန်မြို့တွင်းက မြေကွက်တွေ အရောင်းအ၀ယ်ပြန်ဖြစ်လာပြီလား
ဒေါ်လာဈေး၊ ရွှေဈေး အတက်ကြောင့် မဟာရန်ကုန် မြို့ထဲက တန်ဖိုးမြင့် မြေကွက်ကြီးတွေဖြစ်တဲ့ ဘိုးဘွားပိုင်မြေတွေ၊ ဂရန်မြေ တွေ ကြိုးကြား ပြန်ပြီး အရောင်းအ၀ယ်ဖြစ်လာပါတယ်၊ သိန်းသောင်းဂဏာန်းအထိ တန်ဖိုးရှိတဲ့ မြေကွက်နှစ်ကွက် သုံးကွက်နီးပါးလောက် အရောင်းအ၀ယ်ဖြစ်ခဲ့တယ် သတင်းတွေထွတ်လာခဲ့တဲ့ အပြင်အင်စိန်းမြို့နယ်ထဲ က ဂရန်မြေ၊ဘိုးဘွားပိုင်မြေ တွေအပြင်ရန်ကုန်မြို့စွန်က မြို့သစ်တွေဖြစ်တဲ့ လှိုင်သာယာ၊ရွှေပြည်သာ နဲ့ ဒဂုံမြို့သစ် လေးမြို့နယ်က ပါမစ်မြေကွက်တွေပါ ၀ယ်လိုသူတွေက ပြန်ပြီးဈေးနှုန်းစုံစမ်းတာတွေ ရှိလာတဲ့ အပြင် ဈေးကြိုက်လို့ အိုကေရင် ၀ယ်သွားတာတွေ ပြန်ဖြစ်လာပြီလို့ အိမ်ခြံမြေ အကျိုးဆောင်တွေဆီက သတင်းတွေထွတ်လာခဲ့ပေမယ့် အရင်အုံးအုံးကျွတ်ကျွတ်နဲ့ မြေတွေ လိုက်ဝယ်တဲ့ အဆင့်အထိတော့မရောက်သေးဘူးလို့ ဆိုကြပါတယ်။

‘’ နည်းနည်းပါးပါး လှမ်းမေးတာတော့ ရှိပေမယ့်၊ အရောင်းအ၀ယ်ဖြစ်တာကတော့ နည်းပါးသေးတယ်၊ အရင်
အချိန်တွေလိုတော့ အုံးအုံးကြွတ်ကြွတ် မဖြစ်သေးဘဲ၊ ဘယ်သူဈေးကွက်စဖွင့်မလဲ ဆိုတာ စောင့်နေတဲ့သ
ဘောလည်းဖြစ်နိုင်တယ်“’ ဆိုပြီးဒဂုံမြို့သစ် မြောက်ပိုင်းမှ အေးရိပ်စံ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်
ကိုင်နေသူ ကိုဝင်းထိန် ကပြောသည်။

ပါမစ်မြေ၊ ဂရန်မြေ၊ စလစ်မြေ၊ ဘိုးဘွားပိုင် မြေတွေအပြင် မလုပ်ရင် ပြန်သိမ်းမယ်လို့ အသံထွတ်နေတဲ့ စက်
မှုဇုန်မြေကွက်အချို့ပါ ပြန်ပြီး ကြို့ကြားအရောင်းအ၀ယ်ဖြစ်လာတာကို တွေ့ရပါတယ်။မြို့လယ်ကောင် တိုက်ခန်းအဌား အရောင်းဈေးတွေ အပြောင်းအလဲရှိလားစီမံကိန်းလုပ်မယ့် နေရာက မြေကွက်တွေ၊ြုမို့တွင်းက မြေကွက်တွေ အရောင်းအ၀ယ် ဖြစ်ပေမယ့် ထူးခြားချက်ကတော့ ရန်ကုန်မြို့လယ်ကောင် တိုက်ခန်းတွေရဲ့ ဈေးကွက်ကတော့ ထူးထူးခြားခြား အပြောင်းအလဲ မရှိဘဲအဌားဈေးကွက်သာ အလုပ်ဖြစ်နေသလိုတိုက်ခန်းအရောင်းအ၀ယ် ဈေးနှုန်းကလည်း ထူးခြားတဲ့ အတက်အကျအပြောင်းအလဲ မရှိတာကို တွေ့ရပါတယ်၊ ဗိုက်နာတဲ့ တိုက်ခန်းပိုင်ရှင်အချို့ကသာ ပုံမှန်ဈေးထက် အမြန်
ရောင်းထွတ်လိုတဲ့ အခြေအနေ၊ အမြန်ဌားလိုတဲ့ အခြေအနေကြောင့် ဈေးလျှော့ရောင်းဌားတာ ရှိပေမယ့်
မြိုလယ်ကောင် တိုက်ခန်းဈေးကွက် တစ်ခုလုံးကို ခြုံငုံကြည့်လိုက်ရင်တည်ငြိမ်နေတာကို တွေ့၇မှာဖြစ်ပါတယ်။
ဈေးလည်း သိပ်အကျကြီး မဟုတ်တာ တွေ့ရပါတယ်။

အထပ်မြင့် ကွန်ဒို ကြီးတွေ အလုပ်ဖြစ်ကြရဲ့လားအဖြေကတော့နိုးလို့ဘဲ ပြောချင်တယ်၊ ကွန်ဒိုဈေးကွက်ကြီးကတော့ အိပ်လို့ကောင်းတုန်းဘဲ ရှိပါသေးတယ်၊ မြေတွေလှုပ်ပေမယ့် သူ့မှာ လှုပ်ရှားခွင့်မရတဲ့အကြောင်းအရာတွေကလည်းများပါတယ်၊ ဇွန်လ မကုန်ခင်ကတည်းရန်ကုန် အရှေ့ပိုင်းနဲ့ မြောက်ပိုင်းက ကန်ထရိုက်တိုက် အလုံးပေါင်း ၁၈၂၅ လုံးကို စည်းကမ်းနဲ့ မညီညွတ်လို့အရေးယူတရားစွဲတာတွေ ရှိခဲ့ လိုကြိုပွိုင့်စနစ်နဲ့ အရောင်းအ၀ယ် လုပ်ထားတဲ့ တိုက်တွပါ လုပ်ငန်းတွေ ဆက်မလုပ်နိုင်တော့တဲ့အတွက်ရပ်ထားရတာတွေဖြစ်လာပါတယ်၊ဇွန်လထဲမှာ ထွတ်နိုင်မယ်လို့ မျှော်လင့်ခဲ့တဲ့စုပေါင်းပိုင်အဆောက်အအုံမူကြမ်းကလည်း ပြသနာပေါင်းစုံနဲ့ ရပ်ဆိုင်းထားတဲ့ အခြေအနေကြောင့် ကွန်ဒို
ဆောက်လုပ်ရင်းနှီးမြုပ်နှံထားတဲ့ Developer တွေကိုလည်း စိတ်ပျက်လက်ပျက်ဖြစ်စေခဲ့ပါတယ်။

‘’ father land လို အဓိက ဆောက်လုပ်ရေး ကုမ္ပဏီကြီးက ပြိုလဲလို့ တရားစွဲဆိုမှုတွေရှိလာတဲ့ အတွက်ဈေးကွက်ထဲမှာ
အကြီးအကျယ်ရိုက်ခတ်မှု တွေရှိခဲ့ပါတယ်၊ ကြိုပွိုင့်နဲ့ ပက်သက်ရင် တိုကခန်းတင်မဟုတ်ဘူး၊ကွန်ဒိုတွေမှာပါ ပြသနာဖြစ်လာလို့ စိုးရိမ်ထိတ်လန့်နေတဲ့ အချိန်မှာ ဗြုန်းဆို ဇွန်လထဲမှထွတ်နိုင်မယ့်ကွန်ဒိုဥပဒေကထွတ် မလာနိုင်ဘူးဖြစ်လာတယ်၊ နောက်အကြီးဆုံးပြသနာဖြစ်တဲ့ ကြိုပွီုင့်တွေနဲ့ ၀ယ်ထားတဲ့ ဒဂုံစီးတီးကိစ္စကလည်း ဇွန်လထဲမှာ ကျယ်ကျယ်လောင်လောင်ပေါ်လာတယ်’’ ဆိုပြီး မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဆရာဦးသန်းဦးက ပြောသည်။

၂၀၁၅ ခုနှစ်ဧပြီလ ၁ ရက်နေ့တွင် စတင်မည့် ပြည်ထောင်စု အခွန်အကောက်ဥပဒေကြောင့်အခွန်နှုန်းထားထက်ဝက်နီးပါးခန့်အထိ ပေးဆောင်ရန် သက်သာလာနိုင်တဲ့ အခြေအနေ၊ ကွန်ဒို ဥပဒေကြောင့် အရောင်းအ၀ယ်ပြန်ကောင်း လာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်တွေဟာ ဒဂုံစီးတီးပြသနာ၊ ကွန်ဒိုဥပဒေ ရပ်တန့်နေတဲ့ပြသနာ၊ အပြင်နာမည်ကြီး ဆောက်လုပ်ရေး လုပ်ငန်းတွေ ရဲ့ခိုင်မာမှု အခြေအနေကြောင့် ကွန်ဒိုဈေးကွက်ကဆက်ပြီး အေးအုံးမယ့် အနေအထား ဖြစ်လာနိုင်ပါတယ်။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service