ဗီယက်နမ်စီမံကိန်း၏ လူနေအဆောက်အအုံ ယခုနှစ်ကုန်တွင် စတင်နေထိုင်နိုင်မည် - Property News in Myanmar from iMyanmarHouse.com
1557 Views

ဗီယက်နမ်စီမံကိန်း၏ လူနေအဆောက်အအုံ ယခုနှစ်ကုန်တွင် စတင်နေထိုင်နိုင်မည်

ဗဟန်းမြို့နယ်တွင်း ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ စက်မှု(၁)၀န်ကြီးရုံးနေရာတွင် ၂၀၁၃ခုနှစ်ခန့်က
ဆောက်လုပ်ရေးလုပ်ငန်းများစတင်ခဲ့ဗီယက်နမ်ဆောက်လုပ်ရေးကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံထားသည့်HAGL Myanmar Centerစီမံကိန်းသည်လက်ရှိတွင်စီမံကိန်းအစိတ်အပိုင်းအချို့ ပြီးစီးနေပြီဖြစ်ပြီးလူနေအိမ်ခန်းများတွင် မကြာမီ စတင်နေထိုင်သွားနိုင်တော့မည်ဖြစ်ကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူက ပြောသည်။

မျက်ဝါးထင်ထင် ပေါ်ထွက်လာသည့်လူနေအိမ်ခန်းများဖြစ်သည့် အထပ်မြင့် အဆောက်အအုံ Lake Suite ၏
အခန်းများကို ယခုလတွင်စတင်၍ ဈေးကွက်တွင် တရားဝင် ရောင်းချနေပြီး ၀ယ်ယူသူများမှာ ယခုနှစ်ကုန်တွင်
ယင်းအိမ်ခန်းများတွင် စတင် နေထိုင်တော့မည်ဖြစ်ကြောင်း ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူမစ္စတာအန်တိုနီက ပြောသည်။

“ဒီlakeSuiteကိုဇူလိုင်၁ရက်နေ့မှာအရောင်းစတင်ဖွင့်လိုက်ပါပြီ။ အဲဒါကြောင့်ဝယ်ယူတဲ့သူတွေက
ဒီနှစ်ကုန်လောက်မှာလာရောက်ပြောင်းရွှေ့ နေနိုင်တော့မှာပါ။ ဒီစီမံကိန်းကြီးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့
LakeSuiteအဆောက်အအုံပြီးရင်ကျွန်တော်တို့ နောက်ထပ်အဆောက်အအုံတွေကို အမြန်ဆုံး
ဈေးကွက်ထဲမှာ မိတ်ဆက်ဖို့ စီစဉ်နေပါတယ်” ဟု ၎င်းကပြောသည်။

ဗီယက်နမ်နိုင်ငံ ဟောင်အန်းဂရီလာ ကုမ္ပဏီမှ ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံသည့်အိမ်ရာစီမံကိန်း၏ပထမဆုံးခြေလှမ်းဖြစ်သည့်Lake Suite အဆောက်အအုံအပြီးတွင် ဒုတိယအဆင့်အဖြစ်မြန်မာစင်တာပလာဇာကို မကြာခင်အချိန်တွင်မိတ်ဆက်သွားမည်ဖြစ်ပြီး ယင်းမြန်မာစင်တာပလာဇာ၏ ဆောက်လုပ်ရေးလုပ်ငန်းများလည်း စတင်ပြီး ဖြစ်သည်။

“ကျွန်တော်တို့ နောက်တစ်ဆင့်အနေနဲ့ မြန်မာစင်တာပလာဇာကို ဈေးကွက်မှာ မိတ်ဆက်ဖို့ စီစဉ်သွားမှာပါ။
အမြန်ဆုံးမိတ်ဆက်နိုင်အောင် စီစဉ်နေပါတယ် ပြီးတော့ မြန်မာစင်တာ ပလာဇာမှာပါတဲ့ လက်လီဆိုင်ခန်းတွေကိုလည်းမိတ်ဆက်ရောင်းချသွားမှာပါ” ဟု ၎င်းက ပြောသည်။ံHAGL Myanmar Center တွင် အဆောက်အအုံလေးခုပါရှိပြီးယခု Lake Suite လူနေအဆောက်အအုံ၊လက်လီဈေးဝယ်ဆိုင်ခန်းများပါဝင်သည့် မြန်မာစင်တာပလာဇာ၊အဆင့်မြင့်ရုံးခန်းများပါဝင်သည့် မြန်မာစင်တာတာဝါနှင့် နိုင်ငံတကာကြယ်ငါးပွင့်အဆင့်ရှိ Melia ဟိုတယ်တို့ဖြစ်သည်။

“ဒီတိုက်ခန်းတွေကရန်ကုန်မှာရှိတဲ့အိမ်ခြံမြေဈေးတွေတက်သွားမှာကိုစိုးရိမ်နေကြတဲ့ဝယ်သူတွအတွက်တော့အကောင်းဆုံးရင်းနှီးမြှုပ်နှံဖို့နေရာကောင်းတစ်ခုဖြစ်လာ စေမယ်လို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ Lake Suiteအိမ်ခန်းတွေဟာတစ်နိုင်လုံးမှာ ဈေးအသင့်တော်ဆုံးနဲ့ အရည်အသွေးအကောင်းမွန်ဆုံးအိမ်ခန်းတွေဖြစ်လို့ပါပဲ” ဟု မှ HAGL Myanmar Center မစ္စတာ Cao Duy Thinh က ပြောသည်။

ထို့ပြင်အိမ်ခန်းများကိုစနစ်ဖြင့် နှစ်၇၀စာချုပ်ချုပ်ဆိုကာ ရောင်းချပေးမည်ဖြစ်ပြီး နှစ် ၇၀ ပြည့်ပါကနေထိုင်သူများက
လိုအပ်သည့်အချိန်ပေါ်မူတည်ကာသက်တမ်းတိုး နိုင်မည်ဖြစ်ကြောင်းပြောသည်။

ငွေပေးချေမှုစနစ်မှာအမျိုးအစားသုံးမျိုးရှိပြီးအပြီးသတ် ငွေပေးချေမှု၊တစ်နှစ်စာ ငွေပေးချေမှုနှင့်နှစ်နှစ်စာ ငွေပေးချေမှုတို့ ဖြစ်သည်။

Credit : The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service