ဘိုးဘွားပိုင်မြေများကို အရောင်းအ၀ယ်ပြုလုပ်ရာတွင် ခိုင်မာမှုရှိမရှိ စိစစ်ရန် လိုအပ် - Property News in Myanmar from iMyanmarHouse.com
1094 Views

ဘိုးဘွားပိုင်မြေများကို အရောင်းအ၀ယ်ပြုလုပ်ရာတွင် ခိုင်မာမှုရှိမရှိ စိစစ်ရန် လိုအပ်

ရန်ကုန်မြို့တော်အတွင်းရှိအချို့သော မြေကွက်များကို ဘိုးဘွားပိုင်မြေများဟုဆိုကာ အရောင်းအ၀ယ်ပြုလုပ်နေကြသော်လည်း အမှန်တကယ် ငွေပေးချေမှုပြုလုပ်ရန်အတွက် ပိုင်ဆိုင်မှုဆိုင်ရာအထောက်အထားများကို ပြန်လည်စိစစ်ရာ၌ သက်တမ်းပြတ်တောက်မှုပြဿနာများ အများအပြားကြုံတွေ့နေရကြောင်း ဥပဒေပညာရှင်များနှင့် အိမ်၊ခြံ၊မြေ အကျိုးဆောင်များထံမှ သတင်းရရှိသည်။

"ဘိုးဘွားပိုင်မြေလို့ ခေါ်တဲ့မြေကို ပိုင်ဆိုင်ထားသူတွေ တော်တော်များများက ဥပဒေနဲ့အညီသူတို့ မြေတွေက Active ဖြစ်နေလား၊ မဖြစ်တော့ဘူးလားဆိုတာမသိကြဘူး၊ ဘိုးဘွားပိုင်မြေ တကယ်ဆက်ပိုင် မပိုင်ဆိုတာကို ရန်ကုန် မြို့တော်စည်ပင်မှာ သွားစစ်ဆေးသင့်တယ်။ မြေခွန် မသွင်းဘာမသွင်းနဲ့စာရင်းက ပြတ်တောက်နေတဲ့ မြေတွေလည်း အများကြီးရှိတာတွေ့ရလို့ အရောင်းအ၀ယ်လုပ်တဲ့အခါ ဘိုးဘွားပိုင်မြေလို့ခေါ်တဲ့ မြေကို သေသေချာချာ စိစစ်ပြီးမှ ၀ယ်တာအကောင်းဆုံးပဲ" ဟုဝါရင့် တရားလွှတ်တော်ရှေ့နေ ဆရာဦးဌေးဝင်းကပြောသည်။

အထက်မြန်မာပြည်အတွက် မြေအသုံးချမှုများကို အင်္ဂလိပ်အစိုးရလက်ထက်ဖြစ်သည့် (၁၈၈၉)ခုနစ်၊ ဇူလိုင်လ (၁၃) ရက်တွင်သတ်မှတ် ပြဌာန်းခဲ့ပြီး အရာတော်မြေအဖြစ် (ယခုဘိုးဘွားပိုင်မြေ) သတ်မှတ်ရာ-- ယင်းဥပဒေ ပြဌာန်းခြင်း မပြုမီ (၁၂)နှစ် ဆက်တိုက်ယင်းမြေ နေရာတစ်ခုပေါ်တွင် နေထိုင်သောသူများအနေဖြင့်အထောက်အထားတစ်စုံတစ်ရာပြသနိုင်ခဲ့သည့် မြေကိုသတ်မှတ်ပေးခြင်းဖြစ်သည်။

အောက်မြန်မာနိုင်ငံအတွက် (၁၈၈၉)ခုနစ်၊ စက်တင်ဘာလ(၉)ရက် တွင်အင်္ဂလိပ်အစိုးရက ပြဌာန်းခဲ့သည့် မြေခွန်တော် လက်စွဲဥပဒေပါသတ်မှတ်ချက်အရ ယင်းဥပဒေပြဌာန်းသည့်ရက်ဧ။် (၁၂) နှစ်ထက် မနည်းသော ကာလတွင် လက်ဝယ်ရရှိထားသည့် မြေကို Free Land Holder နှင့် Land Holder Right အဖြစ်သတ်မှတ်ပေးခဲ့ပြီး ယင်းမြေများကို စဉ်ဆက်မပြတ် ပိုင်ဆိုင်ခဲ့သည့် ပုဂ္ဂိုလ်များအနေဖြင့် မြေပိုင်ဆိုင်မှု ခိုင်မာစေရန်အတွက် အစိုးရအဆက်ဆက်၌ မြေခွန်တော်များကိုပုံမှန်ထမ်းဆောင်စေခြင်း၊ လွှဲပြောင်းရောင်းချရာတွင်လည်း ဥပဒေကြောင်းအရ ယင်းမြေများဧ။်ပိုင်ဆိုင်မှုကိုတရားဝင်ဖြစ်အောင် ပြုလုပ်ပေးထားရန် လိုအပ်သည်။

"အခု ပြဿနာဖြစ်နေတာက ၀ယ်တဲ့လူတွေက အဆောက်အအုံဆောက်ချင်လို့ ၀ယ်ပြီး မြေပုံ မြေရာဇ၀င်ထုတ်ကြတယ်။ စထုတ်ပေးတဲ့နာမည်နဲ့ အခုသူတို့ ရောင်းလိုက်တဲ့နာမည်က မတူတော့ မူလပိုင်ရှင်နာမည်ပြန်ပြောင်းခိုင်းတယ်။ နာမည်ပြောင်းဖို့ ကြိုးစားတော့လည်း သူ့မြေက သက်တမ်းပြတ်နေတာသွားတွေ့ရတယ်။ အဲဒီမှာ ပြဿနာတွေတက်တော့တာပဲ။ အခွန်မဆောင်တော့လို့ မြေစာရင်းမှာ ပြတ်တောက်ပြီးတော့မှကိုယ်ကပိုင်တယ်ဆိုပြီးအော်တာတွေအများကြီး တွေ့နေရတယ်" ဟု ၄င်းကပြောသည်။

ဘိုးဘွားပိုင်မြေများကို သက်တမ်းဆက်လက်တိုးနိုင်ရန်အတွက် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတွင် သွားရောက်သက်တမ်းဆက်ကာ အခွန်ပေးသွင်းနိုင်ပြီးဥပဒေပါပြဌာန်းချက်များအရ နှစ်နှစ်တိတိ ယင်းမြေများကို လက်လွတ်ဆုံးရှုံးပြီးဖြစ်ပါက ငါးနှစ်တာကာလအတွင်း ပိုင်ဆိုင်မှုနှင့် ပက်သက်ပြီး ပြန်လည်လျှောက်ထားရန် လိုအပ်သည့်အပြင် ငါးနှစ်ကျော်ကာလအထိ သက်တမ်း မတိုးမိပါက ယင်းမြေကို ပြန်လည်အရေးဆိုခွင့် ရရှိတော့မည် မဟုတ်ကြောင်း ပြဌာန်းထားရှိသည်။

"ကျွန်တော်တို့ ဘောက်ထော်ထဲမှာ ဘိုးဘွားပိုင်မြေတွေအများကြီးရှိပြီး ဘယ်သူမှလည်းအခွန်မဆောင်ကြပါဘူး။ ပျက်ပြယ်နေတဲ့ မြေတွေကို တွေ့နေရလို့ အရောင်းအ၀ယ်လုပ်တဲ့အခါ တော်တော်စကားပြောရတယ်" ဟုမိုးတိမ် အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းမှ ကိုကျော်ဝင်းကပြောသည်။

သို့သော်ယင်းဥပဒေ နှစ်ခုတွင် သီးခြားသက်သာခွင့်များ ပါရှိသဖြင့်ဘိုးဘွားပိုင်မြေဟုဆိုသည့် မြေများပေါ်တွင်
နေထိုင်သူများအနေဖြင့်ပိုင်ဆိုင်မှုဆိုင်ရာအထောက်အထားများကို ပြန်လည်လျှောက်ထားရယူထားရန်လိုအပ်သည်။

Credit: The Trade Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service