လူနေမှုဘ၀နှင့် သဘာဝပတ်ဝန်းကျင် - Property Knowledge in Myanmar from iMyanmarHouse.com
1242 Views

လူနေမှုဘ၀နှင့် သဘာဝပတ်ဝန်းကျင်

Knowledge | Posted by Zarni Kyaw

အိမ်ခြံမြေ စိမ်းလန်းစိုပြေမှုနှင့် လူမှုပတ်ဝန်းကျင် အိမ်တစ်အိမ်၊ ခြံတစ်ခြံနှင့် မြို့ရွာတစ်ခု သာယာလှပရေးနှင့်
စိမ်းလန်းစိုပြေမှုသည် လူတိုင်းအနည်းနှင့်အများ နှစ်သက်ခုံမင်ကြသောလူနေထိုင်မှု ပတ်ဝန်းကျင် ပုံစံတစ်ခုဖြစ်သည်။
ဂျပန်နှင့်ကိုရီးယားနိုင်ငံတို့တွင် 1990 ခုနှစ်နောက်ပိုင်း ကာလများ၌ တိုက်တာအဆောက်အဦးများပေါ်၌ သစ်ပင်ပန်းမန်များ စိုက်ပျိုးခြင်း၊ ပန်းခြံအသေးစားလေးများ တိုက်ခေါင်မိုးအပြည့် ဆောက်လုပ်ထားခြင်းများကို လုပ်ဆောင်လာခဲ့ကြသည်မှာ မျက်စိပဒာသဖြစ်ဖွယ်
တွေ့ရှိရပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် အတူ သစ်ပင်ပန်းမန် နှစ်သက်ချစ်ခင်ကြသည့် အိမ်ထောင်စုများအနေဖြင့်လည်း
စိတ်ကြည်နူးဖွယ် အင်္ဂါရပ် တစ်ခုဖြစ်လျက်ရှိသည်။ အရှေ့ဖျားနိုင်ငံတို့၏ မြို့ပြဒေသများအနေဖြင့် မြေလွတ်မြေရိုင်းနည်းပါးပြီး
ကျောက်သားဆန်သော အောက်ခံမြေ အနေအထားတို့ကြောင့် စိုက်ပျိုး မြေဧရိယာ ရှားပါး၍လည်း ဖြစ်သည်။


သစ်ပင်ပန်းမန်စိုက်ပျိုးခြင်းနှင့် သဘာဝပတ်ဝန်းကျင်သာယာရေးအတွက် ကမ္ဘာ့မြို့ကြီးများတွင်လည်း ထိန်းသိမ်းလုပ်ဆောင်လျက်
ရှိကြသည်။ ဒိန်းမတ်နိုင်ငံရှိ Copenhagen မြို့မှာလည်း သစ်ပင်ပန်းမန်နှင့် သဘာဝ ပတ်ဝန်းကျင် ကောင်းမွန်မှုတို့တွင်
ထိပ်တန်းစာရင်းဝင် မြို့တစ်မြို့ ဖြစ်သည်။ နော်ဝေးနိုင်ငံ အော်စလို၊ အင်္ဂလန်နိုင်ငံ လန်ဒန်၊ ဂျာမဏီနိုင်ငံ ဘာလင်မြို့နှင့်
အာရှမှ စင်္ကာပူနိုင်ငံတို့သည်လည်း သစ်ပင်ပန်းမာန် စိုက်ပျိုးခြင်း၊ ထိန်းသိမ်းခြင်း ဆောင်ရွက်ချက်များကို အထူးအလေးထား
လုပ်ဆောင်သော မြို့တော်များ ဖြစ်ကြသည် ။မြန်မာနိုင်ငံအနေဖြင့် သစ်တင်ပို့မှု ပမာဏ အထိန်းအကွပ်မဲ့ခြင်း၊ မှောင်ခိုထုတ်ယူခြင်းများကြောင့်
သစ်တော ဧရိယာ ရှားပါးလျော့နည်းလာမှုတို့၏ ဆိုးကျိုးများကို ကြုံတွေ့ခံစားလျက် ရှိနေပြီး သဘာဝမိုးရေကို စုတ်ယူနိုင်သည့်
သစ်ပင်သစ်တောများ မရှိတော့သည့်အတွက် မိုးရေမထိန်းနိုင်ခြင်း၊ မြစ်ချောင်းများအတွင်း ဒလဟော စီးဝင်ခြင်းတို့ကြောင့်
ရေဝေရေလဲ တောင်ကြောများ ပျက်စီးရပြီး မြို့ရွာများအနေဖြင့်လည်း ရေကြီးရေလျှံခြင်း ဆိုးကြိုးများကြောင့် နောက်ဆက်တွဲ
ထိခိုက်ပျက်စီးမှု ဒုက္ခများကို ပြည်သူများ နှစ်စဉ်ကြုံတွေ့လျက် ရှိနေကြသည်။

မြိုရွာလမ်းတံတားများ ရေကြီးရေလျှံခြင်းကြောင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုများ၌လည်း ဆုံးရှုံးနစ်နာစေပြီး နိုင်ငံ၏ အကျိုးစီးပွား၊ ဒေသအကျိုးစီးပွားတို့အပေါ်တွင်လည်း
ထိခိုက်မှုများစွာ ဖြစ်ပေါ်စေနိုင်သည်။ တာဝန်ရှိသူ အစိုးရပိုင်းနှင့် သစ်တောဌာနများမှ ထိုအကျိုးဆက်များကို ပြန်လည်ထိန်းညှိုရန်
ကြိုးစားလျက် ရှိသည်။ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုသည် လူနေဒေသ ရပ်ရွာအိုးအိမ်များကိုလည်း တစ်နည်းနည်းဖြင့်
ဆိုးကျိုး သက်ရောက်စေလျက်ရှိပြီး ထိုအကျိုးဆက်များကို ပြန်လည်ထိန်းသိမ်းရန် ပညာရှင်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့များ၊ သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့် နိုင်ငံတော်အစိုးရမှ စုပေါင်းကာကွယ်ထိန်းသိမ်းရန် လိုအပ်လှပါသည်။
အိမ်တစ်အိမ်ဖြစ်စေ၊ ရပ်ကွက်မြို့နယ်၊ ခရိုင်တစ်ခုဖြစ်စေ သစ်ပင်သစ်တော၊ ဥယျာဉ်ပန်းမန် အရိပ်အာဝါသတို့ဖြင့်
စိမ်းလန်းသော သဘာဝပတ်ဝန်းကျင် ပိုင်ဆိုင်ထားမှုသည် ရာသီဥတုဒဏ်၊ ပူပြင်းခြောက်သွေ့မှုဒဏ်တို့မှာ
လျော့ပါးသက်သာစေပြီး ဒေသခံ ပြည်သူတို့အနေအားဖြင့်လည်း လူမှုဘ၀ ပတ်ဝန်းကျင် သာယာပျော်ရွှင်မှုအတွက်
အထောက်အကူ ဖြစ်စေနိုင်ပါသည် ။မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအဓိက ဖြစ်ထွန်းသည့် နိုင်ငံဖြစ်သည့် အားလျော်စွာ
ခြံဝန်းကျယ်သော မြေဧရိယာ ပိုင်ဆိုင်သူများအနေဖြင့် သစ်ပင်ပန်းမန်တို့ကို တပိုင်တနိုင် စိုက်ပျိုးသည့် အလေ့အထရှိတတ်ကြသည်။

နယ်ဘက်ဒေသများတွင် ခြံကျယ်ဝင်းကျယ်နှင့် နေထိုင်သူများက နှစ်ရှည်အပင်ကြီးမျိုးကဲ့သို့သော သရက်ပိန္နဲ၊ အုန်း စသည့် သစ်ပင်စားပင်ကြီးများကိုစိုက်ပျိုးလေ့ ရှိကြသည်။ အချို့နယ်များတွင် အိမ်ခြံမြေတန်ဖိုး တွက်ချက်ရာတွင် အိမ်ခြံမြေရာ
ကာလပေါက်ဈေးနှင့်အတူ ထိုသို့သော အရိပ်အာဝါသနှင့် စိမ်းလန်းသာယာသော အိမ်ခြံဝင်းများကို ထိုက်သင့်သည့်
ဈေးနှုန်းပိုင်းဖြတ်၍ ရောင်းဝယ်မှု ရှိတတ်ကြသည်။ ရန်ကုန်မြို့၌လည်း စည်ပင်သာယာရေးကော်မတီမှနေ၍ မြို့တွင်းမြို့ပြင်များတွင် အရိပ်ရသစ်ပင်များ နှစ်စဉ်တိုးချဲ့ စိုက်ပျိုးနေပြီး ယခုနှစ် မိုးရာသီအတွင်းတွင် ပန်းအလှပင်များအပါအ၀င် ထန်းပင်၊
ကျွန်းပင်ပေါက်များ ပင်ရေ ၂ သိန်းကျော် စိုက်ပျိုးသွားမည်ဟု သိရှိရပါသည် ။မြန်မာပြည်သူတို့ အနေဖြင့်လည်း
သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း နားနိုင်သည် ဟူသည့် ဆိုရိုးကဲ့သို့စိမ်းလန်းသော သဘာဝ ပတ်ဝန်းကျင်ဖော်ဆောင်ရေးအတွက်
နေရာဒေသအလိုက် ကိုယ်စီကိုယ်င စုပေါင်းပါဝင်ကြလျှင် လူမှုပတ်ဝန်းကျင် အေးချမ်းသာယာမှုကို အထောက်အကူများစွာ
ပေးနိုင်ပါလိမ့်မည်။ ခေတ်မီမြို့ပြတိုက်တာများ နေ့စဉ် ပေါ်ပေါက်လာနေသော်လည်း ရရှိသည့်နေရာ ရရှိသည့် အခွင့်အလမ်းများအလိုက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် သစ်ပင်ပန်းမန် ချစ်ခင်မြတ်နိုးသူတို့ အနေဖြင့်လည်း ၀ါသနာဓလေ့စရိုက်ကြောင့်ဖြစ်စေ၊
အိမ်ခြံမြေ အလှအတွက်ဖြစ်စေ၊ အိမ်၊ ရပ်ရွာ၊ မြို့နယ်ခရိုင်အလိုက် ဒေသ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေမှုကို ထိန်းသိမ်းလုပ်ဆောင်လျက် ရှိနေကြသည်မှာ ကောင်းမွန်သော လူနေမှုစနစ်ပုံစံတစ်ခုပင် ဖြစ်ပါသည်။

Credit : Myanmar Property News

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service