စက်မှုဇုန်လုပ်သား ၁၆,၀၀၀ အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရက အငှားအိမ်ရာများ ဆောက်လုပ်ပေးရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
943 Views

စက်မှုဇုန်လုပ်သား ၁၆,၀၀၀ အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရက အငှားအိမ်ရာများ ဆောက်လုပ်ပေးရန် စီစဉ်

လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်တို့မှ စက်မှုဇုန်လုပ်သား ၁၆,၀၀၀ အတွက် အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာနက ဦးစီးတာဝန်ယူကာ အငှားအိမ်ရာများဆောက်လုပ်ပေးသွားရန် စီစဉ်နေသည်ဟု အဆိုပါဝန်ကြီးဌာန၏ဒုတိယ၀န်ကြီးဒေါ်ဝင်းမော်ထွန်းက ပြောကြားသည်။

ဆောက်လုပ်မည့် အငှားအိမ်ရာစီမံကိန်းသည် ကနဦး စတင်ဆောင်ရွက်သည့်သဘောဖြစ်ပြီးအဆိုပါအိမ်ရာများကို လူပျိုအပျိုအလုပ်သမားများအတွက်သာအငှားချထားပေးဦးမည်ဖြစ်ကာနောင်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြားစက်မှုဇုန်များအပြင် အခြားပြည်နယ်နှင့်
တိုင်းဒေသကြီးများတွင်လည်းဆက်လက်တိုးချဲ့
သွားမည်ဖြစ်သည်။

“ရန်ကုန်မှာက စားဝတ်နေရေး အရေးသုံးပါးထဲမှာ နေရေးက အခက်ခဲဆုံးဖြစ်ပါတယ်။ ကျန်တဲ့စားဖို့နဲ့ ၀တ်ဖို့က လစာထဲက သုံးစွဲနိုင်ပေမယ့် နေရေးအတွက်က အလုပ်သမားတွေ အတော်ကိုအခက်အခဲ ရှိနေကြတာကို သိရပါတယ်။

ဒါကြောင့် ဒီလို ဆောင်ရွက်ရတာဖြစ်ပါတယ်”ဟု
ဒေါ်ဝင်းမော်ထွန်းက ဇွန်လ ၇ ရက်နေ့တွင် ပြောသည်။
အစိုးရက စက်မှုဇုန်အလုပ်သမားများအတွက် အငှားအိမ်ရာဆောက်လုပ်ပေးခြင်းသည်
ယခုအကြိမ်မှာ ပထမဦးဆုံး ဖြစ်သည်။

စီမံကိန်းတည်ဆောက်ရန် မေလ ပထမပတ်တွင် သမ္မတဦးသိန်းစိန်က သဘောတူခွင့်ပြုခဲ့ပြီး
ယခုအခါ မြေနေရာချထားပေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံအလုပ်သမားဝန်ကြီးဌာနကတင်ပြထားသည်။

အဆိုပါ အငှားအိမ်ရာများတွင် နေထိုင်သူများသည် အဆောင်သဘောမျိုးဖြင့် အခြားသူများနှင့်
အခန်းတစ်ခုကို မျှဝေနေထိုင်ရမည်ဖြစ်သည်။

တစ်ခန်းလျှင် ခြောက်ဦးမှ ၁၀ ဦးအထိ စုပေါင်းနေထိုင်ရမည်ဖြစ်ပြီး အိမ်လခအဖြစ် တစ်လလျှင်
ကျပ် ၁၀,၀၀၀ မှ ၁၆,၀၀၀ ခန့်အထိ ပေးရဖွယ်ရှိသည်ဟု လူမှုဖူလုံရေးအဖွဲ့၏ သုတေသနနှင့်စီမံကိန်းဌာန ညွှန်မှူး ဦးနေမျိုးဝင်းက ပြောသည်။

သို့သော် အလုပ်သမားတစ်ဦးချင်းစီကို အစိုးရက လက်လီစိတ် ငှားရမ်းပေးမည် မဟုတ်ဘဲ
အလုပ်ရှင်ကမိမိအလုပ်သမားများအတွက် နေရေးစီစဉ်ပေးသည့်အနေဖြင့် အဆောင်ပြတ်ဖြစ်စေ၊အလုံးလိုက်ဖြစ်စေ ငှားရမ်းခြင်း၊ ၀ယ်ယူခြင်းပြုရမည်ဖြစ်သည်။

“ကျွန်တော်တို့ ၀န်ကြီးဌာနအနေနဲ့ အသေးစိတ် စီမံခန့်ခွဲမှုတွေဖြစ်တဲ့ သန့်ရှင်းရေးကိစ္စ၊
လုံခြုံရေး ကိစ္စစတာတွေကို လုပ်ကိုင်ဖို့အတွက် ၀န်ထမ်းအင်အား မရှိပါဘူး။ ဒါကြောင့်
အဲဒီ အသေးစိတ်ကိစ္စတွေကို အလုပ်ရှင်က တာဝန်ယူပေးဖို့ အခုလို စီစဉ်ရတာဖြစ်ပါတယ်”ဟုဦးနေမျိုးဝင်းက ပြောသည်။
သို့သော်အိမ်ရာများတွင်လူမှုဖူလုံရေးအာမခံကြေးပေးသွင်းသည့် ၀န်ထမ်းများသာ နေထိုင်ခွင့်ရမည်ဟုဆိုသည်။

ယခု ဆောက်လုပ်မည့် အိမ်ရာများတွင် နေထိုင်ခွင့်ရမည့် လူဦးရေ၁၆,၀၀၀မှာလည်းလှိုင်သာယာနှင့် ရွှေပြည်သာ နှစ်မြို့နယ်ပေါင်းမှ လူမှုဖူလုံရေး အာမခံကြေးသွင်းသည့်
အလုပ်သမားဦးရေ၏ ဆယ်ပုံတစ်ပုံသာ ရှိသည်။

အိမ်ရာနမူနာပုံစံနှစ်မျိုးကို အလုပ်သမားဝန်ကြီးဌာနက လျာထားပြီး အဆောင်တစ်လုံးလျှင်
လုပ်သား ၃၀၀ ဦးမှ ၄၀၀ အထိ နေထိုင်နိုင်မည်ဖြစ်သည်။
လုပ်သားတစ်ဦးချင်းစီ အတွက် စတုရန်းပေ ၆၀ မှ ၈၀ အထိ အကျယ်အ၀န်း ရရှိမည်ဖြစ်ကာကုန်ကျစရိတ်မှာ လူဦးရေ ၁၆,၀၀၀ စာအတွက် စုစုပေါင်း ကျပ်သန်း ၂၆,၀၀၀ ခန့်မှ ၂၇,၀၀၀နီးပါးအထိ ကုန်ကျမည်ဖြစ်သည်ဟု ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ ကုန်ကျစရိတ်ကို လူမှုဖူလုံရေး အာမခံရရှိသည့် ရန်ပုံငွေမှ ကျခံသုံးစွဲမည်ဖြစ်သည်။
ယခုကဲ့သို့ အငှားအိမ်ရာများ ဆောက်လုပ်၍ အလုပ်သမားများကို အဆောင်များ ငှားရမ်းပေးမည့်
အစီအစဉ်ကို စက်မှုဇုန်မှ လုပ်ငန်းရှင်များက ကြိုဆိုခဲ့ကြသည်။

“အိမ်ရာဆောက်ပေးတာကို ကျေးဇူး အထူးတင်ပါတယ်။ ဒါပေမဲ့ အလုပ်သမားတွေရဲ့လုပ်ငန်းခွင်နဲ့
အရမ်းဝေးတဲ့ နေရာမှာ အဆောင်တွေရှိမယ်ရင်တော့ အလုပ်ရှင်ရော၊ အလုပ်သမားပါအဆင်မပြေဘူး။ သူတို့အနေနဲ့ အချိန်ပိုဆင်းပြီး ပိုက်ဆံပိုရမယ့်အချိန်မှာ အဆောင်ကိုပြန်နေရသလို ကျွန်တော်တို့အနေနဲ့လည်း သူတို့ အချိန်ပိုဆင်းနိုင်ရင် လုပ်ငန်းတွေ
ချဲ့ထွင်လို့ရတာပေါ့”ဟု လှိုင်သာယာစက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင် က ပြောကြားည်။

စက်မှုဇုန်အလုပ်သမားများကလည်း အစိုးရ အစီအစဉ်ဖြင့် အဆောင်ငှားရမ်းပေးမည်ကိုကျေးဇူးတင်သော်လည်း အခက်အခဲများက ရှိနေဦးမည်ဟုဆိုသည်။
“အလုပ်သမားတွေ သိန်းနဲ့ချီ ရှိတဲ့အထဲကမှ ၁၆,၀၀၀ တည်းကိုပဲ ပေးနိုင်ဦးမယ်ဆိုတော့အလုအယက်တွေ ဖြစ်ကြရဦးမယ်” ဟု ဖိနပ်စက်ရုံအလုပ်သမားတစ်ဦးဖြစ်သူ ကိုသန့်ဇင်ဦးကဆိုသည်။

ရွှေပြည်သာစက်မှုဇုန်မှ အထည်ချုပ်အလုပ်သမ မအေးအေးဖြိုးကလည်း “အခုဟာက အစိုးရက
လုပ်ပေးမယ်ဆိုပေမယ့် ကိုယ့်အလုပ်ရှင်ဆီကတစ်ဆင့် အလုပ်သမားတွေက ပြန်ငှားနေရမယ့်သဘောဖြစ်နေတယ်။ အဲဒါဆို အခန့်မသင့်လို့ အလုပ်ပြုတ်သွားရင် ချက်ချင်း နေစရာပါပျောက်သွားမှာပေါ့”ဟု ပြောသည်။

ယခုအိမ်ရာများတွင် အောက်ခြေ၀န်ထမ်း လူပျို၊ အပျိုများသာ ထားမည်ဖြစ်သော်လည်း နောင်တွင်
အရာထမ်းများနှင့်မိသားစုရှိသောဝန်ထမ်းများပါ နေထိုင်နိုင်ရေးစီစဉ်ရန်ထည့်သွင်းစဉ်းစားထားသည်ဟုလည်း ဒေါ်ဝင်းမော်ထွန်းက ပြောသည်။

Credit : The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 02 Aug To 03 Aug

Inno City Special Sales Event

ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service