ခွင့်ပြုမဲ့ဆောက်လုပ်မှု နှစ်ထောင်ကျော်အား တရားစွဲထားရာ အမှုရှစ်ရာကျော်မှာ သင်္ဃန်းကျွန်းမြို့နယ်မှ ဖြစ် - Property News in Myanmar from iMyanmarHouse.com
1252 Views

ခွင့်ပြုမဲ့ဆောက်လုပ်မှု နှစ်ထောင်ကျော်အား တရားစွဲထားရာ အမှုရှစ်ရာကျော်မှာ သင်္ဃန်းကျွန်းမြို့နယ်မှ ဖြစ်

ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ၊ အင်ဂျင်နီယာ (အဆောက်အအုံ)ဌာနသို့ အဆောက် အအုံ ဆောက်လုပ်ခွင့် ပါမစ်မကျမီ ခွင်ပြုချက်မဲ့ ဆောက်လုပ်သော အဆောက်အအုံအလုံးရေ ၂,ဝဝဝ ကျော်မှ တရားစွဲဆိုထားသည့်အမှု ပေါင်း ၈ဝဝ ကျော်မှာ သင်္ဃန်းကျွန်း မြို့နယ်တွင် အများဆုံးဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော်မတီမှ ခွင့်ပြုချက်မဲ့ အဆောက်အအုံများအား ၂ဝ၁၂ ခု နှစ်မှ စတင်၍ စီမံချက်ရေးဆွဲကာ သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ သတိ ပေးတားမြစ်စာများ ပေးပို့ထားသလို ရှင်းလင်းပွဲများ ပြုလုပ်ခြင်း၊ အ ဆောက်အအုံဆိုင်ရာ သတ်မှတ်ချက် အချို့အား ဖြေလျှော့ပေးခဲ့ပြီး ကြို တင် ဆောက်လုပ်သည့် ဒဏ်ကြေး တစ်စတုရန်းပေလျှင် ကျပ် ၇၅ဝ၊ ပိုမို ဆောက်လုပ်ဒဏ်ကြေး တစ်စတုရန်း ပေ ကျပ်၂,၂၅ဝ နှုန်းဖြင့် ဒဏ်ကြေး ပေးဆောင်စေပြီး စိစစ်ခွင့်ပြုပေးခဲ့ ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ အင်ဂျင်နီ ယာ (အဆောက်အအုံ) ဌာနမှ သိရ သည်။

”အခက်အခဲရှိလို့ လာပြောရင် အချိန်ယူပြီး နားထောင်ပေးတယ်။ ကိုယ်လုပ်ပေးနိုင်တဲ့အရာဆို တစ်ခါ တည်းနဲ့ လုပ်ပေးလိုက်တယ်။ ဒီကို လာတဲ့သူ အများကတော့ ကန်ထ ရိုက်က ထွက်ပြေးလို့လာကြတာများ တယ်။ တချို့က လောဘနဲ့လုပ်တဲ့ မြေရှင်ရှိသလို တချို့ကျတော့လည်း မသိနားမလည်လို့ ကန်ထရိုက်နဲ့ ပွဲစား ရဲ့စကားကို ယုံပြီး အပ်လိုက် တာတွေလည်း ရှိတယ်။ ကိုယ့်မြေကို ကန်ထရိုက်ပေးမယ်ဆိုရင် သေချာတဲ့ ကန်ထရိုက်နဲ့ပေးဖို့ လိုတယ်။ နား မလည်ရင်လာမေးပါ။ ဆွေးနွေးပေး မယ်” ဟု ဌာနမှူးက ပြောသည်။

လိုင်စင်မဲ့ ကန်ထရိုက်တာများက မသိနားမလည်သော ပြည်သူများ ကို အကြိုက်ပေးစည်းရုံးကာ အခန်း ပေး အခန်းယူ စနစ်ဖြင့် ခွင့်ပြုချက်မဲ့ အဆောက်အအုံများ ဆောက်လုပ်၍ လည်းကောင်း၊ မြေရှင်ကိုယ်တိုင် ကန်ထရိုက်တာနှင့် ပူးပေါင်းကာခွင့် ပြုပေးသည့် အထပ်မြင့်ထက် ပိုမို ဆောက်လုပ်မှုများကြောင့် ခွင့်ပြု ချက်မဲ့ အဆောက်အအုံများ လျော့ နည်းသွားခြင်း မရှိဘဲ ၂ဝ၁၅ ခုနှစ်၊ မေလအထိ တရားစွဲဆိုမှုပေါင်း ၂,၂ဝ၆ လုံး အထိရှိခဲ့ကြောင်း သိရ သည်။

”ကိုယ့်အိမ်ကိုယ့်မြေကို ဘယ်က မနှ်းမသိတဲ့ ကန်ထရိုက်နဲ့ ပေးတယ်။ ပြဿနာဖြစ်တော့ ကန်ထရိုက်က ပြေးပြီ။ ဘယ်လိုက်ရှာရမှန်း မသိဘူး။ တကယ်တမ်းကျတော့ စည်းကမ်း မလိုက်နာကြဘူး။ အရင်အစဉ် အဆက် အရပ်စာချုပ်ဆိုခွင့် မပြုပေး ခဲ့ဘူး။ အခုပေးပြန်တော့လည်းအဆင့် တိုးပြီးလုပ်လာကြတယ်။ သုံးထပ် တင်ပြီးတော့ လေးထပ်၊ ငါးထပ် ဆောက်လာကြတယ်” ဟု အင်ဂျင် နီယာ(အဆောက်အအုံ)ဌာနမှ တာဝန် ရှိသူတစ်ဦးကပြောသည်။

ခွင့်ပြုချက်မဲ့ ဆောက်လုပ်သော အဆောက်အအုံများနှင့် ပတ်သက်၍ စံချိန်စံညွှန်း အရည်အသွေး ညံ့ဖျင်း သည့် အဆောက်အအုံအချို့အား ရန် ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ စိစစ်၍ ပြန်လည်ဖျက် သိမ်းခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်တွင် အဆောက်အအုံ ငါးလုံးကို ဖျက် သိမ်းခဲ့ပြီးဖြစ်ကြောင်းသိရသည်။

အဆောက်အအုံခိုင်ခံ့မှုနှင့်ပတ် သက်၍ စစ်ဆေးရာတွင် ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ ၏ လိုင်စင်ရ အဆောက်အအုံအင် ဂျင်နီယာ Structure Engineering Certificated (SEC) ရရှိသူ တစ်ဦးမှ စိစစ်၍ ထောက်ခံချက်ပေးသည့်အပေါ် မူတည်၍ ခွင့်ပြုပေးလျက်ရှိသည်။

Credit: thetradetimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service