ဟိုတယ်နှင့် အိမ်ရာ တည်ဆောက်မှုအတွက် အကောင်းဆုံးဆု ၁၅ ဆု ယခုနှစ် စတင်ချီးမြှင့် - Property News in Myanmar from iMyanmarHouse.com
1113 Views

ဟိုတယ်နှင့် အိမ်ရာ တည်ဆောက်မှုအတွက် အကောင်းဆုံးဆု ၁၅ ဆု ယခုနှစ် စတင်ချီးမြှင့်

နိုင်ငံတကာ အိမ်ခြံမြေအကဲဖြတ်ကျွမ်းကျင်သူများက ရန်ကုန်နှင့် နေပြည်တော်မှ ဟိုတယ်နှင့် အဆင့်မြင့် အိမ်ရာစီမံကိန်းများကို၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံးဆုတံဆိပ်များ ချီးမြှင့်လိုက်ပြီး ဟိုတယ်နှင့် အိမ်ရာတည်ဆောက်မှုလုပ်ငန်းများအတွက် သည်နှစ်၌
ဆုအမျိုးအစားပေါင်း၁၅ဆုကိုအကဲဖြတ်အဖွဲ့က ရွေးချယ်ပေးခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သည့် Myint and Associate ကုမ္ပဏီဆိုလျှင်လည်း ရုံးခန်း ဗိသုကာလက်ရာ အကောင်းဆုံး ဆု၊ရုံးခန်းဖွံ့ဖြိုးတိုးတက်မှုဆုနှင့် အကောင်းဆုံး စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဆုတွေကို ပြည်တွင်း နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများကိုကျော်ဖြတ်ပြီး ရရှိခဲ့ခြင်း ဖြစ်သည်။

“ဒီဆုတွေက ကျွန်တော်တို့ brand တည်ဆောက်ဖို့အတွက် ဖြစ်ပါတယ်၊ ဒီအတွက်လည်း အရမ်းဂုဏ်ယူ ပါတယ်၊ ရှေ့သွားဖို့ကလည်း
ဒီလို ဆုတွေရှိမှလည်း ကျွန်တော်တို့ ပန်းတိုင်တစ်ခုကို သွားလို့ရမှာပေါ့။ ကျွန်တော်တို့ တိုင်းပြည်အတွက် ဒီလိုမျိုးတွေရှိတာအရမ်းအကျိုးပြုတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်”ဟု Myint and Associate Co., Ltd ဒါရိုက်တာ ဦးစည်သူမိုးမြင့်က ပြောသည်။

၂၀၁၅ခုနှစ်အတွက် မြန်မာနိုင်ငံအိမ်ရာနှင့် ဆောက်လုပ်ရေးလုပ်ငန်းဖွံ့ဖြိုးမှု အပေါ်မှာ ပထမဆုံးအကြိမ် ပြုလုပ်သည့် ယင်းဆုချီးမြှင့်ပွဲက အရည်အသွေးပိုင်းဆိုင်ရာနှင့် ရည်ရွယ်ချက်များအပေါ်တွင် ဆုံးဖြတ် အကဲဖြတ်ခြင်း ဖြစ်သည်။

Yoma Strategic Holdings Ltd ၏ အမှုဆောင် ဒါရိုက်တာ Mr. Searge Pan လည်း “အဆောက်အအုံ အဆင့် မြှင့်တင်မှုတွေကိုကျွန်တော်တို့် အချိန်တိုင်း လုပ်ဆောင်နေပါတယ်။ နှစ်အနည်းငယ်ထဲမှာပဲ ဒီဈေးကွက်က တိုးတက်လာတာတွေရှိလာတော့ ကျွန်တော်တို့ကပိုပြီးဖွံ့ဖြိုးအောင်၊ ဒီဇိုင်းပိုင်းတွေ ပိုကောင်းအောင် လုပ်ဆောင်ရပါတယ်။ ရှေ့ဆက်လုပ်ဖို့က ဒီထက်ပိုပြီး လိုအပ်နေတာကိုလည်း တွေ့ရပါတယ်။
ဥပမာ မြို့တစ်ခုလုံးမှာရှိတဲ့ အဆောက်အအုံ တစ်ခုလုံးကို ခြုံငုံပြီး အသေးစိတ် လုပ်ကိုင်ရတာမျိုးတွေ၊ ပတ်ဝန်းကျင်နဲ့ပိုပြီးလိုက်လျောညီထွေမှုရှိအောင် ပြုပြင်ရတာမျိုးတွေပေါ့။ ကျွန်တော်တို့က အဆောက်အအုံရဲ့ အရည်အသွေးကိုအမြဲတမ်းစောင့်ကြည့်နေပါတယ်”ဟု ပြောသည်။

နှစ်အနည်းငယ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများအတွက် အဆောက်အအုံ တည်ဆောက်မှု အပိုင်းတွေမှာ ပြည်တွင်းနှင့်
နိုင်ငံခြားတည်ဆောက်သူများက အကောင်အထည် ဖော်နေသော အပိုင်းများ ရှိနေသော်လည်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေပြဋ္ဌာန်းသည့်
အပိုင်းများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ ဥပဒေပြုရေးများသည်လည်း ယှဉ်တွဲစဉ်းစားရမည့် အခြေအနေများ ဖြစ်နေသည်။

“သေချာတာပေါ့၊ မှန်မှန်ကန်ကန်လုပ်ကိုင်ဖို့အတွက် ဥပဒေကို လိုက်နာရမှာ ဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်က အစိုးရကလည်းတည်ဆောက်မှုတွေကို အားပေးကူညီနေသလို ကျွန်တော်တို့ကလည်း စည်းမျဉ်းဥပဒေအတိုင်း အလုပ်လုပ်မှာဖြစ်ပါတယ်၊ ချိုးဖောက်ဖို့မရှိပါဘူး” ဟု
Real Estate-YSH ၏ Head of Asset Management ပီတာ ခရိုဟာ့(စ)က ပြောသည်။

မြန်မာနိုင်ငံအတွက် ပထမဆုံးအတွေ့အကြုံဖြစ်လာသော ၎င်းအိမ်ရာဆောက်လုပ်ရေးဆိုင်ရာ ဆုပေးအပ်ပွဲမှာ ပြည်တွင်းကုမ္ပဏီများနှင့်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတို့က အကောင်းဆုံးဗိသုကာလက်ရာဆုများ၊ အကောင်းဆုံး စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှုဆုများကို အသီးသီးဆွတ်ခူးခဲ့ကြသည်။

ထို့အပြင် ဒဂုံစီးတီး (၁) အဆင့်မြင့်အိမ်ရာစီမံကိန်းတည်ဆောက်မည့် မာဂါလန်းမာ့ကုမ္ပဏီ တည်ထောင်သူ ဒေါက်တာ စတီဖင် ရွှန်း(န)ကလည်း အကောင်းဆုံးအိမ်ခြံမြေတည်ဆောက်သူ လူပုဂ္ဂိုလ်ဆုကိုလည်း ရရှိခဲ့သည်။

Credit: Mizzima

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service