ရန်ကုန်မြို့ရဲ့ အကြီးဆုံးဈေးဝယ်စင်တာဖြစ်လာမယ့် စတုရန်းပေ ၆ သိန်းရှိတဲ့ Myanmar Center Plaza ဒုတိယထပ်မှာဈေးနှုန်းသက်သာပြီးအရည်အသွေးစိတ်ချရတဲ့ ပစ္စည်းနဲ့ဝန်ဆောင်မှုတွေရမယ်ဆိုတဲ့ Life Square IT Zone ဖွင့်လှစ်မယ့်မိတ်ဆက်ပွဲကို ဇွန် ၂၁ Novotel Yangon Max မှာ ပြုလုပ်ခဲ့ပါတယ်။
ရန်ကုန်ရဲ့ အကြီးဆုံးနဲ့အဆင့်မြင့်ဆုံးဖြစ်လာမယ်ဆိုတဲ့ ဈေးဝယ်စင်တာမှာဖွင့်မယ့် IT Zone ဘာတွေထူးခြားမှာလဲ။
တစ်နေရာတည်းမှာ နည်းပညာပစ္စည်းအစုံဝယ်ယူနိုင်မှာဖြစ်ပြီး စွန့်ဦးတီထွင်လုပ်ငန်းလည်းဖြစ်တဲ့ Life Square IT Zone ကိုအားပေးချင်စိတ်နဲ့ရောက်လာတဲ့ ပါမောက္ခဒေါက်တာအောင်ထွန်းသက်ကတော့ တစ်ကမ္ဘာလုံးရဲ့ တိုးတက်မှုအဖြေဟာ နည်းပညာဖြစ်တာကြောင့်လူငယ်တွေနည်းပညာယဉ်ပါးလာမှုဟာ တိုးတက်မှုကိုအထောက်အကူဖြစ်စေပြီး နည်းပညာဟာ အသုံးပြုတဲ့သူပေါ်မူတည်ပြီး အကောင်းအဆိုးတွေ ဖန်တီးနိုင်မယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံရဲ့မိုဘိုင်းဖုန်းဈေးကွက်မျာ အကြီးဆုံးဝေစုပိုင်ဆိုင်ထားတဲ့ Huawei ကုမ္ပဏီရဲ့ Country Director က မြန်မာနိုင်ငံရဲ့ စီးပွားရေးအချက်အချာကျတဲ့ နေရာကောင်းတွေမှာ ဖုန်းအရောင်းဆိုင်တွေဖွင့်လှစ်သွားဖို့ စီစဉ်ထားတဲ့ Huawei ဟာ Life Square နဲ့ပေါင်းပြီး IT Zone မှာဖွင့်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
Life Square ရဲ့ IT Zone မှာဖွင့်မယ့် Huawei ဆိုင်မှာ အဆင့်မြင့်တဲ့အသွင်အပြင်ကို ခံစားနိုင်မှာဖြစ်ပြီး အရည်အသွေးနဲ့အာမခံမှုတွေကလည်း တခြားဆိုင်တွေလိုပဲလို့ ပြောပါတယ်။