ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်အတွင်း ရုံးခန်းအချို့သာ ငှားရမ်းမှုရှိပြီး ဇွန်လဆန်းမှစ၍ အိမ်အငှားဈေးကွက် အေးနေ - Property News in Myanmar from iMyanmarHouse.com
877 Views

ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်အတွင်း ရုံးခန်းအချို့သာ ငှားရမ်းမှုရှိပြီး ဇွန်လဆန်းမှစ၍ အိမ်အငှားဈေးကွက် အေးနေ

ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအ၀ယ် ကျဆင်းလျက်ရှိပြီး အငှားဈေးကွက် အနေဖြင့်မူ ရုံးခန်းအချို့သာ ငှားရမ်းမှုရှိပြီး ဇွန်လပိုင်းမှစ၍ အိမ်ငှားရမ်းမှု မရှိသလောက် နည်းပါးနေကြောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းများထံမှ သိရသည်။

“လက်ရှိအိမ်ခြံမြေဈေးကွက်ကို ပြောရရင် ကောင်းကိုမကောင်းဘူးလို့ပဲ ဖြေရမှာပဲ။ အရောင်းသိပ်မဖြစ်ဘူး။ အငှားလည်း မရှိဘူး။ မဖြစ်မနေ ငှားတာတောင် ရုံးခန်းတွေလောက်ပဲ အငှားဈေးကွက် ရှိတယ်။ အငှားကတော့ အေးတယ်။ အပြောင်းအရွှေ့လည်း သိပ်မရှိဘူး။ အငှားဈေးကတော့ မြို့နယ်အလိုက် သူ့ဈေးနဲ့သူပေါ့။ ရုံးခန်းတွေဆိုရင် တချို့ရုံးခန်းတွေက ၁၅ သိန်း၊ သိန်း ၂၀ ပေါ့။ ကားပါကင်တွေဘာတွေပါပြီး နေရာအကွက်အကင်း ကောင်းရင်တော့ သိန်း ၃၀ လောက် ရှိတယ်” ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်အတွင်း ၂၀၁၄ စက်တင်ဘာလ နောက်ပိုင်းမှစ၍ အိမ်ခြံမြေဈေးကွက်သည် အရောင်းအ၀ယ် သိသိသာသာ ကျဆင်းလာခဲ့ပြီး ရန်ကုန်မြို့တွင်း ဧရိယာများသာမက မြို့စွန်ဒေသများတွင်ပါ အရောင်းအ၀ယ် ကျဲပါးလာခဲ့ကြောင်း သိရသည်။

ယခုနှစ်ဆန်းပိုင်း၌လည်း အိမ်ခြံမြေ အရောင်းအ၀ယ် ဆက်လက်အေးစက်နေခဲ့ကာ အရောင်းဈေးကွက်ရော အငှားဈေးကွက်ပါ ကျဆင်းနေပြီး အထူးသဖြင့် အရောင်းအ၀ယ် မရှိသလောက် နည်းပါးနေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောကြားသည်။

“အိမ်ငှားကတော့ ရပ်ကွက်တွေထဲ နည်းနည်းပါးပါးပဲ အငှားဖြစ်ပါတယ်။ တောင်ဥက္ကလာဘက်တောင် သိပ်ဈေးမရှိတော့ဘူး။ ငှားဖို့အပ်ထားတဲ့ဟာတွေလည်း အငှားသိပ်မလိုက်တော့ဘူး။ အငှားနည်းသွားတာက ငှားတဲ့လူပဲ နည်းသွားတာလား၊ ရှိတဲ့လူတွေကပဲ အဆင်ပြေသလို နေနေကြသလား မေးစရာ ရှိလာတယ်။ တချို့လည်း တစ်အိမ်တည်း လေးငါးယောက်စုနေကြတာတွေ ရှိတယ်။ ပြီးခဲ့တဲ့ ဧပြီ၊ မေလပိုင်းလောက်က အငှားဖြစ်ပါသေးတယ်။ ခြောက်လပိုင်းစကတည်းက အငှားမဖြစ်တော့တာပါ” ဟု အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ဆိုသည်။

ထို့ပြင် အိမ်ငှားရမ်းမှုများမှာ သင်္ကြန်ကာလ နောက်ပိုင်းမှ စတင်ကာ အငှားဈေးကွက်အေးလာခဲ့ပြီး လက်ရှိအချိန်၌မူ ဈေးချငှားရမ်းမှုများပင် ရှိလာကြောင်း၊ ယခင် ကျပ် ၁၅၀၀၀၀ ခွဲတန် တိုက်ခန်းများမှာ ယခု ကျပ် ၁၄၀၀၀၀၊ ကျပ် ၁၃၀၀၀၀ ဖြင့် ဈေးချငှားရမ်းလာကြကြောင်း သိရသည်။

“အငှားဈေးကွက်က သင်္ကြန်ကျော်ကတည်းက အေးတာ။ အခုဆို ဈေးချငှားနေရတယ်။ တချို့နေရာတွေဆို ၂၀ ရာခိုင်နှုန်းလောက် ဈေးချငှားကြတယ်။ ဒါပေမဲ့ လိုအပ်ချက်သိပ်များတဲ့ နေရာတွေကျတော့လည်း ဈေးတင်ခံထားကြတာလည်း ရှိတယ်။ ခြုံပြီးကြည့်ရင်တော့ အငှားဈေးကွက်အေးတော့ ဈေးကျလာတယ်” ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောကြားသည်။

၂၀၁၃-၂၀၁၄ ခုနှစ်သည် အိမ်ခြံမြေဈေး အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည့် ကာလဖြစ်သည်။ သို့သော် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် အိမ်ခြံမြေဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာခဲ့သည့်အတွက် BOT စနစ်ဖြင့် ရောင်းချသည့် ကွန်ဒို၊ တိုက်ခန်းများကိုပါ ကြိုပွိုင့်ဖြင့်ဝယ်ယူမှုများ မြင့်တက်ခဲ့ကြောင်း၊ လက်ရှိ အခြေအနေတွင် ထို BOT တိုက်ခန်းများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ အာမခံချက် မပေးနိုင်သေးသည့်အတွက် ၀ယ်ယူမှု နည်းသွားကြောင်း သိရသည်။

Credit : eleven media group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service