မြို့သစ်စီမံကိန်းများ ပြည်သူကို အကျိုးမဖြစ်စေဘဲ စီးပွားရှာသူများ အတွက်သာ အလုပ်ဖြစ်နေဟုဆို - Property News in Myanmar from iMyanmarHouse.com
602 Views

မြို့သစ်စီမံကိန်းများ ပြည်သူကို အကျိုးမဖြစ်စေဘဲ စီးပွားရှာသူများ အတွက်သာ အလုပ်ဖြစ်နေဟုဆို

ရန်ကုန်မြို့အား တိုးချဲ့ရန် အတွက် မြို့သစ်စီမံကိန်းများ ချမှတ်ရာတွင် ပြည်သူလူထုမှာ ထင်သလောက် အကျိုးစီးပွား မဖြစ်ဘဲ စီမံကိန်းကို ချပေးသော သူများနှင့် ၄င်းစီမံကိန်းအပေါ် စီးပွားရှာ သွားသူများသာ အလုပ်ဖြစ်သွားကြောင်း စီးပွားရေးနှင့် ဥပဒေ အကြံပေး ဦးတင်သန်းဦးက သုံးသပ်ပြောကြားသည်။

ရန်ကုန်မြို့ရှိ နေရာ ခုနစ်နေရာတွင် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာစီမံကိန်း ၂၀၄၀ စီမံကိန်း စတင်မည်ဟု ရန်ကုန်တိုင်း အစိုးရက ကြေညာခဲ့သည့်အပေါ် ဦးတင်သန်းဦးက ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“စီမံကိန်းတစ်ခုလုပ်ရင် နိုင်ငံနဲ့ပြည်သူက ဘယ်လောက် အကျိုးစီးပွား ရမလဲဆိုတာထက် စီမံကိန်း တစ်ခု လုပ်တိုင်းမှာ စီမံကိန်းကို ချပေးတဲ့သူနဲ့ အဲဒီ့စီမံကိန်းကို အကြောင်းပြပြီးတော့ စီးပွားလုပ်တဲ့သူတွေက အလုပ်ဖြစ်သွားတာကတော့ သေချာတာပေါ့”ဟု ၄င်းက ပြောခဲ့ခြင်းဖြစ်သည်။

ယခင် အကောင်အထည် ဖော်ခဲ့သော မြို့ပြစီမံကိန်းများသည် ထင်သလောက် အောင်မြင်မှု မရရှိဘဲ ရန်ကုန်မြို့လယ်သည်ပင် မီးရေစသော ကိစ္စများ မပြည့်စုံသေးကြောင်း၊ ၄င်းမြို့သစ်များသည်ပင် အဆောက်အအုံများ ဆောက်လုပ်ရန် မြေနေရာများစွာ ကျန်ရှိနေပြီး နောက်ထပ်မြို့သစ် စီမံကိန်း စတင်ခြင်းမှာ အစိုးရအဖွဲ့အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု ဆက်လက်ပြောကြားသည်။

“ရန်ကုန်မြို့ လူဦးရေ တိုးနှုန်းအရ နောင်အနှစ်၃၀မှာ လူဦးရေ ၁၀သန်းကျော် တိုးလာမှာ ဖြစ်ပါတယ်။ အဲဒီ့အတွက် မြေဧရိယာ စုစုပေါင်း ၁၁၈၇၃၂ ဧကပေါ်မှာ တိုးလာမယ့် လူဦးရေအတွက် အိမ်ရာတွေ တည်ဆောက်မှာပါ”ဟု ရန်ကုန်မြို့ မြို့တော်ဝန် ဦးလှမြင့်က ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်၌ ဇွန် ၁၀ရက်က ပြုလုပ်သည့် ဒသမအကြိမ် တိုင်းဒေသကြီး လွှတ်တော်ပုံမှန် အစည်းအဝေးတွင် မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း ၂၀၄၀နှင့် ပတ်သက်သည့် အဆိုတစ်ခု တင်သွင်းခဲ့သည်။

“နိုင်ငံရဲ့ လွှတ်တော်ပဲ ဖြစ်ဖြစ်၊ အစိုးရပဲဖြစ်ဖြစ် ဒေသန္တရ အစိုးရပဲဖြစ်ဖြစ် နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ ပြည်သူ့အကျိုးကို ထိခိုက်စေတဲ့ စီးပွားရေးတွေကိုတော့ ခွင့်မပြုသင့်ပါဘူး။ ရင်းနှီးမြှုပ်နှံမှုကို ဘယ်အချက်တွေ အပေါ်မှာ မူတည်ပြီး စဉ်းစားနေလဲတော့ မသိပါဘူး။ သေချာတာကတော့ ရင်းနှီးမြှုပ်နှံလိုသူတွေနဲ့လုပ်ပိုင်ခွင့်ရအောင်
ဆောင်ရွက်ပေးနေသူတွေရဲ့ အကျိုးစီးပွား အတွက် စီမံကိန်းတွေဆက်တိုက် ပေါ်ပေါက်နေတာ မြန်မာ့စီးပွားရေး အတွက်ရော မြန်မာနိုင်ငံ အတွက်ရော ကောင်းတဲ့ အလားအလာတော့ မဟုတ်ပါဘူး”ဟု ဦးတင်သန်းဦးက ဆက်၍ပြောသည်။

ရန်ကုန်မြို့ကို တိုးချဲ့မည့် စီမံကိန်း အကောင်အထည် ဖော်ရာတွင် ယခင်က ရန်ကုန်အရှေ့ပိုင်း မြို့သစ်၊ ရန်ကုန် အနောက်ပိုင်း မြို့သစ်၊ သန်လျင်မြို့သစ်၊ ဒလမြို့သစ်၊ ထန်းတပင်မြို့သစ်၊ မှော်ဘီ မြို့သစ်၊ လှည်းကူးမြို့သစ်တို့ကိုအကောင်အထည် ဖော်သွားမည်
ဖြစ်ပြီး စီမံကိန်းအလိုက် အထပ်မြင့်၊ အထပ်လတ်၊ အထပ်နိမ့်အိမ်ရာများ ပါဝင်မည်ဖြစ်ပြီး ယခင်က ကန့်ကွက်မှုများကြောင့် ရပ်ဆိုင်းထားသော ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ မြန်မာ့စေတနာမြို့သစ် ကုမ္ပဏီမှ ၀ယ်ယူထားသော မြေဧကများ ပါဝင်သည်ဟု သိရသည်။

Credit: Tomorrow

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Emerald Bay Condo
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service