အမျိုးသားအထိမ်းအမှတ်မြင်ကွင်းကို ဖျက်ဆီးပစ်တယ်လို့ဆိုကာ အထပ်မြင့်အဆောက်အဦး စီမံကိန်းကို ရပ်တန့်ပစ်ရန် ဖိလစ်ပိုင်တရားရုံးအမိန့်ချမှတ် - Property News in Myanmar from iMyanmarHouse.com
772 Views

အမျိုးသားအထိမ်းအမှတ်မြင်ကွင်းကို ဖျက်ဆီးပစ်တယ်လို့ဆိုကာ အထပ်မြင့်အဆောက်အဦး စီမံကိန်းကို ရပ်တန့်ပစ်ရန် ဖိလစ်ပိုင်တရားရုံးအမိန့်ချမှတ်

ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာတွင် နိုင်ငံ၏သမိုင်းမှတ်ကျောက် ပြယုဂ်တစ်ခုအဖြစ် တည်ဆောက်ထားသော အမျိုးသားသူရဲကောင်း ဂျို့ရီဇယ်လ်ရုပ်တုနှင့်ကျောက်တိုင်ကို မြင်ကွင်းအလှကို ဖျက်ဆီးတယ်လို့ စွပ်စွဲခံထားရတဲ့ ဆောက်လက်စမိုးမျှော်တိုက်ကွန် ဒိုမီနီယမ်စီမံကိန်းကို ရပ်တန့်ပစ်ရန် ဖိလစ်ပိုင်ဗဟိုတရားရုံးချုပ်က ဇွန်လ ၁၆ ရက်နေ့ တွင် အမိန့်ချမှတ်လိုက်တယ်လို့သိရပါတယ်။

မြို့တော်ရဲ့ အလှပဆုံးရှုခင်းရိုက်ကွင်းနေရာ ဖိလစ်ပိုင်တစ်မျိုးသားလုံးရဲ့ အမျိုးသားရေး အထိမ်းအမှတ်ပွတ်သည်းနေရာဖြစ်တဲ့ ယင်းကျောက်တိုင်နောက် တစ်ကီလိုမီတာအ ကွာမှာ Torre de Manila လို့အမည်ပေးထားတဲ့ အထပ်ပေါင်း ၄၉ ထပ်အဆောက် အဦးစီမံကိန်းကို ဆောက်လုပ်နေတာဖြစ်ပြီး ရီဇယ်လ်ရုပ်ထု နောက်ကျောမှာ ထိုးထိုး ထောင်ထောင်ဖြစ်နေတာကြောင့် အလှမြင်ကွင်းကို ဖျက်ဆီးပစ်တယ်လို့အများပြည် သူလူအများကြားနဲ့ လူမှုကွန်ရက်သတင်းစာမျက်နှာတွေမှာ အပြင်းအထန်ရှုံ့ချဝေဖန် မှုတွေရှိခဲ့ပါတယ်။

ထို့အတွက်ကြောင့် စီမံကိန်းကန့်ကွက်သူများအဖွဲ့က မြို့တော်တရားရုံးတော်သို့ ကန့်ကွက်စာတင် တရားစွဲဆိုခဲ့ပြီးနောက်မှာ ရုံးတော်ကယခုလိုဆုံးဖြတ်ချက်ချခဲ့တာ ပဲဖြစ်ပါတယ်။ ဆောက်လုပ်ရေးစီမံကိန်းရေးဆွဲသူနဲ့ ကန့်ကွက်သူများအပြန်အလှန် တရားစွဲဆိုချိန်မှာ ထိုစီမံကိန်းကိုရပ်နားထားခဲ့ပြီး အခုလိုလုံးဝရပ်တန့်ပစ်ရန်အမိန့်ချ မှတ်ချိန်မှာ အထပ်ပေါင်း ၃၀ ဆောက်လုပ်ပြီးစီးသွားခဲ့တယ်လို့သိရပါတယ်။

ကန့်ကွက်သူတစ်ဦးဖြစ်တဲ့ အမျိုးသားယဉ်ကျေးမှုနှင့်ကော်မရှင်ဥက္ကဌတစ်ဦးဖြစ်တဲ့ ထရီစီအိန်ဂျလိစ်က “ဒါက ကျွန်မတို့နိုင်ငံနဲ့လူမျိုးတွေအတွက် အမျိုးသားရေး မှတ်ကျောက်တစ်ခုပါ။ ရီဇယ်လ်က ဖိလစ်ပိုင်ရဲ့အထင်ရှား၊ အလေးစားရဆုံးသူရဲ ကောင်းတစ်ဦးပါ။ သူ့မှာ သူ့ကိုယ်ပိုင်ရှုခင်းရှိရပါမယ်”လို့ အေဖက်ပီသတင်းမှာ ဆိုထားပြီး ရီဇယ်လ်သူရဲ ကောင်းအဖွဲ့ဖွဲ့ဝင်ထားတဲ့ သူတွေကလည်း သူတိုရဲ့လူမှု ကွန်ရက် စာမျက်နှာတွေမှာ “ရီဆေးအမျိုးသားသူရဲကောင်း ကျောက်တိုင်ကိုကျော်ပြီး ဆောက်မယ့်ဆောက်လုပ်ရေးတွေက လောဘဇောကပ်နေတဲ့ လောဘသားကောင် မကောင်းဆိုးဝါးတွေပဲ” လို့ ဆဲဆိုရေးသားထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့ သမိုင်းကြောင်းထဲမှာ အထင်ရှားဆုံး အမျိုးသားသူရဲကောင်းဖြစ်တဲ့ ဂျို့ ရီဇယ်လ်က စပိန်ကိုလိုနီအုပ်ချုပ်မှုလက်အောက်တွင် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းတာဝန် များကို အရဲစွန့်ကြိုးစားဆောင်ရွက်ခဲ့ရသူဖြစ်ခဲ့ပြီး ၁၈၉၆ ခုနှစ်အချိန်မှာတော့ ယင်း ဥယျာဉ်ကျောက်တိုင်နေရာမှာပဲ လက်ဖြောင့်တပ်ဖွဲ့ သေနတ်ပစ်သတ်ကွပ်မျက်ခြင်းကို ခံခဲ့ရတာဖြစ်တယ်လို့ သမိုင်းကြောင်းထဲမှာဖော်ပြထားပါတယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team ဘာသာပြန်သည်။)
အမျိုးသားအထိမ်းအမှတ်မြင်ကွင်းကို ဖျက်ဆီးပစ်တယ်လို့ဆိုကာ အထပ်မြင့်အဆောက်အဦး စီမံကိန်းကို ရပ်တန့်ပစ်ရန် ဖိလစ်ပိုင်တရားရုံးအမိန့်ချမှတ် - Property News in Myanmar from iMyanmarHouse.com
အမျိုးသားအထိမ်းအမှတ်မြင်ကွင်းကို ဖျက်ဆီးပစ်တယ်လို့ဆိုကာ အထပ်မြင့်အဆောက်အဦး စီမံကိန်းကို ရပ်တန့်ပစ်ရန် ဖိလစ်ပိုင်တရားရုံးအမိန့်ချမှတ် - Property News in Myanmar from iMyanmarHouse.com
အမျိုးသားအထိမ်းအမှတ်မြင်ကွင်းကို ဖျက်ဆီးပစ်တယ်လို့ဆိုကာ အထပ်မြင့်အဆောက်အဦး စီမံကိန်းကို ရပ်တန့်ပစ်ရန် ဖိလစ်ပိုင်တရားရုံးအမိန့်ချမှတ် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service