လယ်ယာမြေဥပဒေအရ ဘဏ်များတွင် လယ်ယာမြေ ပေါင်နှံနိုင်သော်လည်း လက်ရှိတွင် ဘဏ်များကလယ်ယာမြေအပေါင်ခံမှု လုပ်ဆောင်လိုခြင်းမရှိဟုဆို - Property News in Myanmar from iMyanmarHouse.com
921 Views

လယ်ယာမြေဥပဒေအရ ဘဏ်များတွင် လယ်ယာမြေ ပေါင်နှံနိုင်သော်လည်း လက်ရှိတွင် ဘဏ်များကလယ်ယာမြေအပေါင်ခံမှု လုပ်ဆောင်လိုခြင်းမရှိဟုဆို

လယ်ယာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရာတွင် ဆန်စပါးအထူးပြု ကုမ္ပဏီကြီးများ အနေနှင့် ငွေကြေးဆုံးရှုံးမှု မရှိအောင်မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပြည်တွင်းရှိဘဏ်များ ငွေကြေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးနိုင်ပြီး လက်ရှိအခြေအနေတွင်
ဘဏ်များက လယ်ပေါင်ခံလိုမှု မရှိသည့် အခြေအနေ ဖြစ်ပေါ်နေသည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။

“ဘဏ်ကလည်း ချေးတယ်ဆိုတာက သူ့ကိုလာအပ်တဲ့ ချေးငွေအပေါ် ပြန်စီမံခန့်ခွဲရပြီး
သူ့ကိုလာအပ်တဲ့ အပ်ငွေကို လယ်ယာလုပ်ငန်းထဲမှာ မထည့်ချင်တဲ့ သဘောကို တွေ့နေရတယ်။ အခု ဆန်စပါးအထူးပြုကုမ္ပဏီ ၄၀၊ ၅၀ လောက်မှာ တကယ်လုပ်နေတာ ၁၀ ခုလောက်ပဲ ရှိတယ်။ ကျွန်တော်တို့အနေနဲ့ သူတို့ကို Message ပေးချင်တာက
သူတို့အနေနဲ့ဘဏ်တွေအဖွဲ့အစည်းတွေနဲ့ ပေါင်းပါ။
မြန်မာ့ရှေ့ဆောင်ဘဏ်လို တခြားဘဏ်တွေနဲ့ ကျွန်တော်တို့က ချိတ်ဆက်ပေးမယ်။
အထူးပြု ကုမ္ပဏီတွေက သူကျွမ်းကျင်တာ သူလုပ်၊ ငွေကြေးအဖွဲ့အစည်းက သူဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းအတိုင်း လုပ်သွားရင် အရင်တုန်းကလို ငွေကြေးဆုံးရှုံးတာမျိုး မဖြစ်တော့ဘဲ မြန်မာနိုင်ငံအတွက် အောင်မြင်တဲ့လမ်း
ကြောင်း ဖြစ်လာလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

ဘဏ်များက လယ်ယာကဏ္ဍအတွက် ငွေထုတ်ချေးလိုမှု မရှိသည့် အခြေအနေ ဖြစ်နေသော်လည်း ပြည်တွင်းရှိ ဘဏ်များအနက်မြန်မာ့ရှေ့ဆောင်ဘဏ်က လယ်ယာမြေလုပ်ကိုင်ခွင့် မှတ်ပုံတင်ပုံစံ- ၇ ရယူထားသူ လယ်သမား ၂၇၅ ဦး၏ လယ်ဧက ၂၀၀၀ ကျော်ကို
အာမခံထား၍ သုံးနှစ်အထိ နှစ်လတ်ချေးငွေများ ယခုနှစ်မှ စတင်ထုတ်ချေးပေးခဲ့ကြောင်း မြန်မာ့ရှေ့ဆောင်ဘဏ်၏ ဥက္ကဋ္ဌ ဦးချစ်ခိုင်ကပြောကြားသည်။

၂၀၁၂ လယ်ယာမြေဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ပုံစံ ၇ ဖြင့် ဘဏ်များတွင် လယ်အပေါင်ထား၍
ချေးငွေများ ရယူနိုင်သည် ဆိုသော်လည်း မြန်မာနိုင်ငံရှိ အစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင်ဘဏ်များမှာ လယ်ယာမြေအပေါင်ခံ၍ ချေးငွေများ
ထုတ်ချေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ နိုင်ငံပိုင် စိုက်ပျိုးရေးဘဏ်တွင်လည်း လယ်ယာမြေ အပေါင်ခံမှု မပြုနိုင်သေးဘဲ မိုးစပါး၊ နွေစပါး ချေးငွေများနှင့် သီးနှံချေးငွေများကိုသာ ထုတ်ချေးပေးနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဆန်တင်ပို့မှု လုပ်ငန်းများ၊ လယ်ယာသုံး စက်ကိရိယာနှင့် သွင်းအားစုများ ဖြန့်ဖြူးမှု အပါအ၀င် လယ်ယာလုပ်ငန်းနှင့်ဆက်နွှယ်၍ ကြီးပွားချမ်းသာနေသည့် ဆန်စပါးအထူးပြု ကုမ္ပဏီ ၅၀ ခန့် ရှိနေပြီး အဆိုပါ ကုမ္ပဏီကြီးများကို ထိပ်တန်းလုပ်ငန်းရှင်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ၀န်ကြီးများက ပိုင်ဆိုင်ထားသည်။

လတ်တလောတွင် OECD မှ ထုတ်ပြန်သည့် “မြန်မာနိုင်ငံအပေါ် ဘက်ပေါင်းစုံမှ လေ့လာသုံးသပ်ချက် အသေးစိတ် စိစစ်လေ့လာမှုနှင့် မူဝါဒ အကြံပြုချက်များ” အစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ ကျေးလက်ကဏ္ဍ ၀င်ငွေသည် နိုင်ငံဂျီဒီပီ၏ ရာခိုင်နှုန်း ၃၀ ပါဝင်နေပြီး အလုပ်အကိုင်၏သုံးပုံနှစ်ပုံကို ဖြည့်ဆည်းပေးနေသော်လည်း ချေးငွေ စုစုပေါင်း၏ ၂ ဒသမ ၅ ရာခိုင်နှုန်းသာ ကျေးလက်ဒေသအတွက် ရရှိပြီး အစိုးရထောက်ပံ့ကူညီမှု အနည်းဆုံးကဏ္ဍ ဖြစ်နေကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဆန်တင်ပို့မှု လုပ်ငန်းများ၊ လယ်ယာသုံး စက်ကိရိယာနှင့် သွင်းအားစုများ ဖြန့်ဖြူးမှု အပါအ၀င် လယ်ယာလုပ်ငန်းနှင့် ဆက်နွှယ်၍ ကြီးပွားချမ်းသာနေသည့် ဆန်စပါးအထူးပြု ကုမ္ပဏီ ၅၀ ခန့် ရှိနေပြီး အဆိုပါ ကုမ္ပဏီကြီးများကို ထိပ်တန်းလုပ်ငန်းရှင်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ၀န်ကြီးများက ပိုင်ဆိုင်ထားပြီး ထိုသို့ လယ်ယာလုပ်ငန်းနှင့် ဆက်နွှယ်၍ ကြီးပွားနေသည့် ဆန်စပါးအထူးပြု ကုမ္ပဏီကြီးများနှင့် အဖွဲ့အစည်းများ အနေဖြင့် လယ်ယာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတစေ့တစောင်း ပြန်လှည့်ကြည့်ရန်
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌဦးချစ်ခိုင်က တိုက်တွန်းသည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service