အချက်(၇)ချက်ကြောင့် SP, GP တွေ ပျက်ပြယ်နိုင် - Property Knowledge in Myanmar from iMyanmarHouse.com
4479 Views

အချက်(၇)ချက်ကြောင့် SP, GP တွေ ပျက်ပြယ်နိုင်

Knowledge | Posted by Si Thu Aung

ကျွန်တော်တို့ဟာ ကိုယ့်လက်ထဲမှာရထားတဲ့ Special Power ၊ General Power တွေကို အလွန်ခိုင်မာတယ်ဆိုပြီး ဝမ်းသာတတ်ကြပါတယ်။ အိမ်ခြံမြေ ဝယ်သူတိုင်း Special Power ၊ General Power တွေကို ကိုင်ပြီးကျေနပ် ကြပါတယ်။ Special Power ၊ General Power တွေဟာ အခြေနေ (၇)မျိုးမှာ ပြန်လည်ပျက်ပြယ်သွားနိုင်ပါတယ်။

အဲဒီအခြေအနေတွေကတော့...

SP, GP အားပြန်လည်ရုပ်သိမ်းသောအခါ

SP, GP ကိုလွှဲပေးသူကအကြောင်းခိုင်လုံမှုရှိရင် မိမိသဘောအရ ပြန်လည်ရုပ်သိမ်းနိုင်ပါသည်။ ထိုသို.ရုပ်သိမ်းသောအခါ SP, GP တွေဟာ ပျက်ပြယ်သွားတတ်တယ်။

လက်ခံသူမှငြင်းပယ်၍ ပျက်ပြယ်ခြင်း

SP, GP တို.ကို တစ်စုံတစ်ယောက်သောသူက ကိုယ်စားလှယ်လွှဲအပ်ပေးပေမယ့် လက်ခံရမယ့်သူက အကြောင်းတစ်စုံတစ်ရာပြပြီး လက်ခံခြင်းမရှိခဲ့လျှင် ထို SP, GP တို့ဟာ ပျက်ပြယ်ပါတယ်။

ကိစ္စပြီးဆုံးလျှင်လည်း ပျက်ပြယ်ပါသည်

SP တစ်စောင်ကို အကြောင်းအရာတစ်ခုဖြင့် လွှဲအပ်ပေးပါတယ်။ ဥပမာ- မြေပုံမြေရာဇဝင်ထုတ်ယူဖို.နဲ. ခြံစည်းရိုးခတ်ရန်။ အဲဒီလိုအကြောင်းအရာနှစ်ခုနဲ့ လွှဲအပ်ပေးထားတဲ့ SP တစ်စောင်ဟာ မြေပုံမြေရာဇဝင် ထုတ်ယူဖို.နဲ.ခြံစည်းရိုးနဲ.ပတ်သက်တဲ့ ကိစ္စအဝဝပြီးဆုံးသွားပြီဆိုတဲ့အချိန်မှာ ထို SP သည် ပြီးဆုံးခြင်း၊ ပျက်ပြယ်ခြင်းသို.ရောက်ပါတယ်။

လွှဲအပ်/ လက်ခံသူတစ်ဦးဦးသေဆုံးခြင်း

SP, GP တို.ကို လွှဲအပ်သူ(သို.)လွှဲအပ်ခြင်းလက်ခံသူတစ်ဦးဦးသေဆုံးသွားခဲ့လျှင် ထို SP, GP တွေဟာ ပျက်ပြယ်ခြင်း၊ ပြီးဆုံးခြင်းသို. ရောက်ပါတယ်။

ရူးသွပ်ကြခြင်း

အလားတူပင် SP, GP တို.ကို လွှဲအပ်/ လက်ခံသူတစ်ဦးဦး ရူးသွပ်သွားခဲ့လျှင်လည်း ထို SP, GP တို.သည် ပျက်ပြယ်သည်(သို.) ပြီးဆုံးခြင်းသို.ရောက်ပါတယ်။

နှစ်ရှည်ထောင်ကျခြင်း

SP/GP တို.ကို လွှဲအပ်သူ(သို.)လက်ခံသူတစ်ဦးဦးသည် နှစ်ရှည်အကျဉ်းထောင်ကျခြင်းခံခဲ့ရပါမူ ထို SP, GP တို.သည် ပျက်ပြယ်ခြင်း(သို.) ပြီးဆုံးခြင်းသို. ရောက်ပါတယ်။

လူမွဲအဖြစ်ခံယူကြခြင်း

SP/GP တို.ကို လွှဲအပ်သူ(သို.) လက်ခံသူတစ်ဦးဦးက လူမွဲအဖြစ်ခံယူလိုက်လျှင် အဲဒီ SP, GP တို. ပျက်ပြယ်ခြင်း(သို.) ပြီးဆုံးသွားပြီးလို. မှတ်ယူရပါမယ်။

အဲဒီတော့ SP, GP တွေကို တရားလွန်ကြီးယုံစာ၍မရနိုင်ပါ။ ဘာကြောင့်လဲဆိုတော့ အကျိုးဆောင်ကြီးများက ကိုယ်တိုင်ဝယ်တာဖြစ်ဖြစ်၊ တစ်ဦးတစ်ယောက်ကဝယ်တာပဲဖြစ်ဖြစ် SP, GP ကို ထည့်သွင်းဆောင်ရွက်ပေးကြရပါတယ်။ သို.မဟုတ် စစ်ဆေးပေးကြရပါတယ်။ အဲဒီလိုဆောင်ရွက်/ စစ်ဆေးပေးကြရာတွင် အကြောင်းတစ်ခုခု တိုက်ဆိုင်နေလျှင် တဖက်ကတင်ပြတောင်းဆိုလာတဲ့ SP, GP ဟာခိုင်လုံခြင်းရှိ/မရှိဆိုတာ တိတိကျကျဆုံဖြတ်ကြရပါမယ်။ အခု ကျွန်တော်ပြောနေတာတွေသည် ကျွန်တော်ရဲ.လက်တွေ.တွေပါသလို၊ ပဋိညာဉ်အက်ဥပဒေပုဒ်မ (၂၀၁) မှာလည်း အတိအလင်းဖော်ပြထားပါတယ်။

Credit: ဦးကြည်စိုး

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service