အစိုးရထံမှ မြေနှင့်စက်ရုံငှားသူများ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည် - Property News in Myanmar from iMyanmarHouse.com
755 Views

အစိုးရထံမှ မြေနှင့်စက်ရုံငှားသူများ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည်

အစိုးရထံမှ မြေနှင့်စက် ရုံငှားသူများ ကုန်သွယ်လုပ်ငန်း ခွန် စတင်ပေးဆောင်ရမည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနက
ကြေညာချက်ထုတ်ပြန် ကြောင်း သတင်းရရှိသည်။

ယခင်က အစိုးရပိုင်မြေများ နှင့် ဌာနဆိုင်ရာပိုင်မြေများ ငှား ရမ်းရာတွင် ၀င်ငွေခွန်သာကောက် ခံခဲ့ပြီး
ယခု ကုန်သွယ်လုပ်ငန်း ခွန် ၅ ရာခိုင်နှုန်းထပ်တိုးကောက်ခံ မည်ဟု ပြည်တွင်းအခွန်များဦးစီး ဌာနမှ သိရသည်။

‘‘အစိုးရဆီက မြေတို့၊ စက် ရုံတို့ငှားမယ်ဆိုရင် ကုန်သွယ်လုပ်ငန်းခွန်အတွက်ပါ ထည့်ပြီး ကောက်ပေးရမယ်။ ကုန်သွယ် လုပ်ငန်းခွန်
မကောက်ရင် မ ကောက်ခဲ့တဲ့ဌာနရဲ့ တာဝန်ပဲ။ ငှားတဲ့ဌာနက ၀င်ငွေခွန်ဆောင်ရ မယ်။ ငှားမယ့်သူက ကုန်သွယ် လုပ်ငန်းခွန် ဆောင်ရမယ်’’ဟု ပြည်တွင်း အခွန်များဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။

နေအိမ်ငှားရမ်းမှုသာ ကုန် သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ရ ပြီး လူနေအိမ်မဟုတ်သည့် မြေ၊ စက်ရုံ၊ဂိုဒေါင်ငှားရမ်းခြင်းများ
အကျုံးဝင်သည်ဟု ၎င်းက ဆို သည်။ မြေငှားရမ်းပြီး ဆောက် လုပ်ရေးလုပ်ကိုင်ပါက ဆောက်လုပ်ရေးကုမ္ပဏီက နောက်ထပ်ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင် နှုန်း ထပ်မံပေးဆောင်ရမည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနက ဆိုသည်။

‘‘အစိုးရဆီက မြေငှားပြီဆို ကတည်းက လုပ်ငန်းရှင်ပဲဖြစ်မှာ ပါ။သူတို့ဆီကအခွန်ကောက်ကို ကောက်သင့်တယ်။ ပြည်သူတွေ၊အစားအသောက်စားရင်တောင် ကုန်သွယ်လုပ်ငန်းခွန်ထည့် ကောက်ထားသေးတယ်။
လုပ်ငန်း ရှင်တွေကို အခွန်သေချာကောက် သင့်တယ်’’ဟု
အငြိမ်းစားအခွန်ဦး စီးမှူးတစ်ဦးက ပြောသည်။

ကုန်သွယ်လုပ်ငန်းခွန် မ ဆောင်ပါက ပထမအဆင့် သတိ ပေးအဆင့်ဖြင့် ဆောင်ရွက်မည် ဖြစ်ပြီး ဒုတိယ အဆင့်တွင် ဒဏ်ငွေအဆင့်ဆင့်ရိုက်နိုင်သည် ဟု ရန်ကုန်တိုင်း အခွန်ဦးစီးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပြောသည်။

မြန်မာနိုင်ငံ၏အခွန်ဥပဒေအရအခွန်ဆောင်ရန်ပျက်ကွက်ပြီး အခွန်မဆောင်သူများ၏ပိုင်ဆိုင်မှုကိုချိတ်ပိတ်၍ လေလံတင်ရောင်းချ နိုင်သည်အထိ အရေးယူနိုင်ကြောင်းပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်သန့်လွင်က ပြောသည်။

သို့သော်လည်း လက်ရှိတွင် ပညာပေးကာလဖြစ်၍ အရေးယူဦးမည်မဟုတ်ကြောင်းဦးကျော်သန့်လွင်က
ပြောသည်။

Credit: 7 Day News

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service