ကျူးကျော်အိမ် လေးထောင်ကျော်ကို ရပ်ကွက်သစ်အဖြစ် ဖော်ဆောင်ရန် ကူညီနေသူကို တိုင်းဒေသကြီးအစိုးရ တွေ့ဆုံမည်။ - Property News in Myanmar from iMyanmarHouse.com
1282 Views

ကျူးကျော်အိမ် လေးထောင်ကျော်ကို ရပ်ကွက်သစ်အဖြစ် ဖော်ဆောင်ရန် ကူညီနေသူကို တိုင်းဒေသကြီးအစိုးရ တွေ့ဆုံမည်။

လှိုင်သာယာမြို့နယ် ညောင်ကျေးရွာအုပ်စု ပန်းလှိုင်မြစ်ကမ်းဘေးရှိကျူးကျော်နေအိမ် လေးထောင်ကျော်ကိုအင်အားသုံးမဖယ်ရှားရန်နှင့်ရပ်ကွက်သစ်အဖြစ် ဖော်ဆောင်ရန် ဆောင်ရွက်နေသည့်PeopleVolunteers’Association (ပြည်သူ့စေတနာ့ ဝန်ထမ်းအသင်း)ဥက္ကဋ္ဌကို ဥပဒေအတိုင်းလုပ်ဆောင်ရန် ခေါ်ယူတွေ့ဆုံမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး
ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။

“အစိုးရပိုင် မြေနေရာမှာကျူးကျော်နေထိုင်သူတွေကို နို့တစ်စာထုတ်ပြီး ဖယ်ခိုင်းထားတယ်။ အခု PVA အဖွဲ့ ရောက်လာပြီး ကျူးကျော်နေသူတွေရဲ့လုံခြုံရေးကို ဆောင်ရွက်ပေးတယ်။ ရပ်ကွက်အသစ်တစ်ခုအဖြစ်သတ်မှတ်ပေးဖို့သက်ဆိုင်ရာဌာနတွေကိုတင်ပြထားတယ်ဆိုတာသိရပေမယ့်ဥပဒေလမ်းကြောင်းအတိုင်းသူတို့ရဲ့လှုပ်ရှားမှုကိုဆက်လက်ဆောင်ရွက်ဖို့ အုပ်ချုပ်ရေးအဖွဲ့ကို ခေါ်ယူသတိပေးခိုင်းတာ” ဟု ၎င်းကဆိုသည်။

အဆိုပါ ပန်းလှိုင်မြစ်ကမ်းဘေး ဧက ၆၀ ကျော်ရှိသော မြေနုကျွန်းပေါ်တွင် ၂၀၁၃ ခုနှစ်မှ စတင်ကာ ရွှေ့ပြောင်းနေထိုင်သူများ အလုံးအရင်းဖြင့်
ဝင်ရောက်နေထိုင်လာခဲ့ရာ ၁၈၉၈ ခုနှစ်အောက် မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာမြေများအက် ဥပဒေ ပုဒ်မ ၂၁ အရ အစိုးရမြေပေါ်ရှိ နေထိုင်သူများကို၂၀၁၅ ခုနှစ် ဧပြီလက အပြီးဖယ်ရှားပေးရန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက နို့တစ်စာ ထုတ်ပြန်ခဲ့သောကြောင့် မွန်ပြည်နယ် သထုံမြို့ရှိ
PVAအဖွဲ့ကအင်အား၆၀ခန့်ဖြင့်လာရောက်ကာကျူးကျော်နေသူများ၏ အခက်အခဲကို ကူညီပေခြင်းခြင်း ဖြစ်ကြောင်း PVA အဖွဲ့ထံမှ သိရသည်။

“သမီးကလေးရွာလို ဒီမှာနေထိုင်သူတွေကို အင်အားသုံး မဖယ်ရှားခံရအောင် ကျွန်တော်တို့အဖွဲ့က တတ်နိုင်တဲ့ဘက်က လာရောက်ကူညီတာ။
ဒီမှာ နေထိုင်သူတွေက ကျူးတွေဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က အသိအမှတ်မပြုတာကြောင့် သူတို့မှာ သန်းခေါင်စာရင်း၊ မှတ်ပုံတင် ဘာတစ်ခုမှ မရှိကြဘူး၊ကလေးတွေလည်း ကျောင်းအပ်ခွင့် မရကြဘူး။ ဒါကြောင့် ဒီနေရာကို ရပ်ကွက်အသစ် တည်ဆောက်ခွင့်ပြုပြီး မြို့ရွာအုပ်ချုပ်မှုအောက်မှာ ထားရှိပေးပါလို့နိုင်ငံတော်အဆင့်အထိ တင်ပြထားပါတယ်” ဟု PVA အဖွဲ့ ဥက္ကဋ္ဌ ဦးသိမ်းဆန်းက ပြောကြားသည်။
ကျူးကျော်အိမ် လေးထောင်ကျော်ရှိအဆိုပါ မြေနုကျွန်းနေရာကို PVA အဖွဲ့က မေလ ၂၇ ရက်နေ့မှ စတင်ကာ အင်အားတစ်ရာကျော်ဖြင့် လုံခြုံရေးယူခဲ့ကြောင်း
၊ မြို့နယ်သက်ဆိုင်ရာ အာဏာပိုင်များက ယင်းနေရာကို ရပ်ကွက်အသစ် ဖွဲ့စည်းခွင့်ရရှိမှသာ လုံခြုံရေးတာဝန်ကို ပြန်လည်ရုပ်သိမ်းမည် ဖြစ်ကြောင်း
PVA အဖွဲ့ထံမှ သိရသည်။
“ဒီနေရာမှာက မင်းမဲ့စရိုက် နယ်မြေလို ဖြစ်နေတာ။ သက်ဆိုင်ရာအာဏာပိုင်တွေကလည်းကျူးကျော်တွေ နေထိုင်တဲ့ နေရာဆိုပြီး မျက်ကွယ်ပြုထားတာကြောင့်
မကြာခဏ လူမိုက်အဖွဲ့တွေ အုပ်စုလိုက် ရောက်လာပြီး ရိုက်နှက်အနိုင်ကျင့် လုယက်မှုတွေ ရှိတယ်။ ဒါကြောင့်ဒီနေရာကို ကျွန်တော်တို့အဖွဲ့က
လုံခြုံရေးတာဝန် ယူလိုက်တယ်။ ရာဇဝတ်မှု ကျူးလွန်သူကို တွေ့ရင် ဖမ်းဆီးပြီး ရဲစခန်း ပို့ပေးမယ်” ဟု နံပါတ်တုတ် ကိုင်ဆောင်ကာ အပေါ်စစ်စိမ်းရောင်
အင်္ကျီနှင့် ပြောက်ကျားဘောင်းဘီများ ဝတ်ဆင်ထားသည့် PVA အဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
အဆိုပါမြေနေရာ၌ ပေ ၂၀၊ ပေ ၆၀ မြေတစ်ကွက်လျှင် ကျပ်သုံးသိန်းထိကာလပေါက်ဈေးရှိကြောင်း၊ ရွှေ့ပြောင်းနေထိုင်သူများက မြေနေရာများဦးကာ
မြေအရောင်းအဝယ်လုပ်ကိုင်ရာမှ ငွေကြေးအရှုပ်အရှင်းဖြစ်ကာ ခိုက်ရန်ဖြစ်ပွားမှုများ ရှိခဲ့သော်လည်း တရားဝင် ရောင်းဝယ်မှုများ မဟုတ်သောကြောင့်
ရဲစခန်းတွင် အမှုဖွင့်ခြင်း မရှိကြောင်း လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးသန်းမြင့်ဦးက ပြောကြားသည်။
“PVA အဖွဲ့က လုံခြုံရေး ယူထားတယ်လို့ သိရတယ်။ ရဲတပ်ဖွဲ့ရဲ့ တာဝန်က ကျူးကျော်တွေကို လုံခြုံရေး မပေးနိုင်ဘူးဆိုတာ မဟုတ်ပါဘူး။ ပြည်သူတွေရဲ့
လုံခြုံရေးအတွက် ရဲတပ်ဖွဲ့မှာ တာဝန်ရှိပါတယ်။ လက်ရှိ သူတို့အဖွဲ့ ဆောင်ရွက်နေမှုကိုလည်း ကျွန်တော်တို့တပ်ဖွဲ့က အမြဲစောင့်ကြည့်နေပါတယ်။

ဥပဒေမဲ့ လုပ်ဆောင်ချက်မျိုးဆို ချက်ချင်းတားဆီး အရေးယူသွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ကျူးကျော်နေအိမ်များ တည်ရှိသည့် မြေနုကျွန်း မြေနေရာမှာ စက်မှုဇုန်(၂)၊၅၅၅သဲကွင်းအနီးရှိအစိုးရပိုင် မြေနေရာ ဖြစ်ပြီး နေထိုင်သူများကိုအပြီးဖယ်ရှားပေးရန် အမိန့်စာ ထုတ်ပြန်ထားကြောင်း၊ ရပ်ကွက်အသစ်အဖြစ် အကောင်အထည်ဖော်ခွင့်ပြုရန်ကျူးကျော်နေထိုင်သူများ၏ တောင်းဆိုချက်နှင့်ပတ်သက်၍ ခွင့်ပြုပေးမည် မဟုတ်ကြောင်း လှိုင်သာယာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးထံမှ သိရသည်။

အဆိုပါ ကျူးကျော်နေထိုင်သူများ၏ အခက်အခဲကို ကူညီဆောင်ရွက်ပေးနေသည့် PVA အဖွဲ့၏ ဥက္ကဋ္ဌ ဦးသိမ်းဆန်းမှာ ABSDF အဖွဲ့ဝင်ဟောင်း ဖြစ်ပြီး
ရုံးချုပ်ကို သထုံမြို့တွင် ဖွင့်လှစ်ထားကြောင်း၊ ၂၀၀၄ ခုနှစ်မှ စတင်ကာ ထိုင်းနိုင်ငံ မဲဆောက်တွင် အသင်းကို စတင်တည်ထောင်ခဲ့ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းနှင့် ဘာသာ၊သာသနာ၊ယဉ်ကျေးမှုဆိုင်ရာအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရန် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

Credit: The Voice Weekly

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service