ပုသိမ်ကွန်ဒို ကြိုပွိုင့်ဈေး ရန်ကုန်ဈေးထက် ထက်ဝက်ခန့် လျှော့ရောင်း - Property News in Myanmar from iMyanmarHouse.com
919 Views

ပုသိမ်ကွန်ဒို ကြိုပွိုင့်ဈေး ရန်ကုန်ဈေးထက် ထက်ဝက်ခန့် လျှော့ရောင်း

ကွန်ဒိုတိုက်ခန်းအရောင်းအဝယ်များမြို့တော်ရန်ကုန်၌အေးစက်နေချိန်ပုသိမ်မြို့တွင် ဟောင်ကောင်ကုမ္ပဏီတစ်ခုက ဆောက်လုပ်ရန်စီစဉ်နေသည့် ကွန်ဒိုခန်းများကို ကြိုပွိုင့်ဖြင့် ရောင်းချနေပြီ ဖြစ်ကြောင်းသတင်းရရှိသည်။ရန်ကုန်မြို့ရှိ ကွန်ဒိုတိုက်ခန်း များဈေးထက် ထက်ဝက်နီးပါးဈေးဖြင့် ကြိုပွိုင့်ရောင်းချနေခြင်းဖြစ်ပါတယ်။

ပုသိမ်မြို့တွင် တည်ဆောက်မည့်ကန်ဒေါ်လာသန်း ၂၀၀ တန် ကွန်ဒိုတိုက်ခန်း အိမ်ရာစီမံကိန်း သည် မြေ ၁၈ ဧကပေါ်တွင်တည် ဆောက်မည်ဖြစ်ပြီးဧရာဝတီတိုင်းဒေသကြီး၏ ပထမဦးဆုံး အထပ်မြင့်အိမ်ရာစီမံကိန်းဖြစ် သည်။

‘‘ဒီဒေသကဖွံ့ဖြိုးမှုလိုအပ်တဲ့ ဒေသဖြစ်တယ်။ နောက်ပြီး ဒေသကြီးတစ်ခုရဲ့အုပ်ချုပ်ရေးမြို့တော်ဖြစ်တယ်။ နောက်ပြီး ချောင်းသာ၊ငွေဆောင်လိုနေရာ မျိုးကိုသွားရင် ဒီနေရာက ဖြတ် သွားရမယ်။ ဒါကြောင့်အရေးပါတဲ့စီးပွားရေးအချက်အချာဖြစ် မယ်ထင်လို့လာရောက်ရင်းနှီး မြှုပ်နှံတာပါ’’ဟုဟောင်ကောင် H &Coအိမ်ရာကုမ္ပဏီအမှုဆောင်အရာရှိချုပ်ကပြောပါတယ်။

ပုသိမ်မြို့သည် ရေလမ်းဖြင့် သယ်ယူပို့ဆောင်ရေးအဆင်ပြေခြင်းနှင့် ဂျပန်နိုင်ငံနှင့် မြို့ပြချင်း ချိတ်ဆက်ထား၍ အခွင့်အလမ်းပိုများခြင်း
စသည်တို့ကြောင့် လာရောက်ခြင်းဖြစ်သည်ဟုဆိုပြီးမိုးရာသီအကုန်တွင် တည်ဆောက်ရေးလုပ်ငန်းများ စတင် မည်ဖြစ်ကြောင်း ယင်း
စီမံကိန်းကိုအကောင်အထည်ဖော်နေသည့်ကုမ္ပဏီအမှုဆောင်အရာရှိချုပ်ကပြောပါတယ်။

စီမံကိန်းတွင် လုံးချင်းအိမ် ရာ ၂၆ လုံး၊ စုစုပေါင်းအခန်း ၄၁၀ ပါ အဆောက်အအုံပါသည့် ကွန်ဒိုသုံးလုံးနှင့်အတူ ဟိုတယ်၊ ဈေးဝယ်စင်တာ၊ရုပ်ရှင်ရုံများပါဝင်မည်ဖြစ်သည်။ မြေ၁၈ဧကကိုလယ်သမားများထံမှတိုက်ရိုက်ဝယ်ခဲ့ပြီးအရှုပ်အရှင်းကင်းကြောင်း၊ ဒေသခံ ကျောင်းသားများအတွက်အချိန်ပိုင်းအလုပ်အကိုင်ဖန်တီးပေးမည်ဖြစ်ကြောင်းကုမ္ပဏီအမှုဆောင်အရာရှိချုပ်ကဆိုပါတယ်။

ယင်းကွန်ဒိုခန်းကို တစ်စတု ရန်းပေလျှင် ကျပ် ၁၂၀,၀၀၀ နှုန်း ဖြင့် ရောင်းချပေးခြင်းဖြစ်သည်။ ယင်းစီမံကိန်းအတွက် ဧရာဝတီတိုင်းဒေသကြီး
အစိုးရအဖွဲ့က ခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံသို့ ခွင့်ပြုမိန့် တင်ထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

စီမံကိန်းသည် ဇူလိုင်တွင် မြေသားပြုပြင်ခြင်း လုပ်ငန်းအတွက်အခြေခံလိုအပ်ချက်များ စတင်လုပ်ဆောင်တော့မည် ဖြစ်ကြောင်း၎င်းက ပြောပါတယ်
‘ဒီစီမံကိန်းက လယ်ယာမြေ မှာဝင်းကြီးခတ်ပြီးလုပ်နေတယ်။ ပြဿနာကြီးကြီးကျယ်ကျယ် ဖြစ်ပြီးကန့်ကွက်တာတော့မကြားမိသေးဘူး’ဟုတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီဧရာဝတီတိုင်းအတွင်းရေးမှူးက ပြောသည်။

ပုသိမ်တွင်ယခုကဲ့သို့အဆင့်မြင့်အဆောက်အအုံများ ဆောက်လုပ်ခြင်းကို ကြိုဆိုကြောင်း နှင့် ကုမ္ပဏီအနေဖြင့်ပေးထား သည့် ကတိအတိုင်းလုပ်ဆောင် နိုင်မှသာ ပုသိမ်မြို့နှင့် ကုမ္ပဏီ အတွက် နှစ်ဦးနှစ်ဖက် အဆင်ပြေ မည်ဖြစ်ကြောင်း ပုသိမ်တက္ကသိုလ်မှ နောက်ဆုံးနှစ်ကျောင်းသားတစ်ဦးက ပြောပါတယ်။

ယင်းစီမံကိန်းသည်အထက်ပါဟောင်ကောင်ကုမ္ပဏီအတွက်မြန်မာနိုင်ငံတွင်ပထမဦးဆုံးရင်းနှီးမြှုပ်နှံခြင်းဖြစ်ပြီး ငွေဆောင်တွင်လည်းကန်ဒေါ်လာ1ဘီလီယံတန်ဖိုးရှိစီးပွားရေးမြို့တော်တစ်ခုကို ၂၀၁၇ တွင် တည်ဆောက်ရန် စီစဉ်နေကြောင်း သိရပါတယ်။

Credit: 7 Day News

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service