အိမ်ရာအဆောက်အအုံနှင့်ခိုင်ခန့်မှုပြဿနာ - Property News in Myanmar from iMyanmarHouse.com
1177 Views

အိမ်ရာအဆောက်အအုံနှင့်ခိုင်ခန့်မှုပြဿနာ

လူ့လောကကြီးတွင် စားဝတ်နေရေးပြဿနာဟုဆိုကြသည်။ ထိုအထဲတွင်စာရေးထက်နေရေး အခက်အခဲတစ်ခုကပိုမိုခက်ခဲသောပြဿနာတစ်ခုဟုဆိုရပေမည်။

လူတို့သည်ရေကြည်ရာမြက်နုရပြောင်းရွှေ့နေထိုင်ပြီး စားရေးဝမ်းစာရှာဖွေစားသောက် နေကြရသူများဖြစ်သည်။
ထိုအခါစာရေးအတွက်မိမိနှင့်သင့်တော်သောအလုပ်ကိုလုပ်ကြရသည်။ အလုပ်နှင့်နီးနီးတွင်နေထိုင်ရေးက ပိုပြီးသင့်လျော်မည်ဖြစ်ခြင်းကြောင့်နေရေးအတွက်ရှာဖွေရင်းမြေလွတ်မြေရိုင်းများ ကိုခုတ်ထွင်နေထိုင်ရင်း ကျူးကျော်ဟူသောစကားရပ်ကတွင်ကျယ်လာပြီး တစ်ဦးတစ်ယောက်မှတစ်ရာနှုန်းရာဖြစ်ကာကျူး ကျော်ရပ်ကွက်ဟူသော ဝေါဟာရအရအသစ်နှင့်အတူအိမ်ခြေရာခြေများတိုးမြှင့်လာကြသည်။

ယခင်နှစ်ပေါင်းများစွာကလူဦးရေနည်းပါးပြီးယခုနှစ်ပိုင်းတွင်ပြည်တွင်းရွှေ့ပြောင်းလုပ်သား ကြောင့်စက်မှုဇုန်နှင့်နီးသောနေရာများတွင်မိမိအလုပ်နှင့်နီးစပ်သောနေရာများတွင်မှီတွဲကပ်ခိုနေပြီး အနေဆင်းဆင်းရဲရဲဖြင့်နေထိုင်လာကြရာမှကျူးကျော်တဲများဖြစ်ပေါ်လာခဲ့သည်။

ကျူးကျော်တဲအများစုသည်စီးပွားရေး ရှာဖွေစားသောက်ရာတွင်လွယ်ကူသောနေရာများတွင်မှီခိုနေထိုင်ခြင်းမှအစဖြစ်ပေါ်သည်ဟု ဆိုရပေမည်။
ထိုကျူးကျော်တဲအများစုသည်ထိုစက်မှုဇုန်ကိုမှီခိုနေထိုင်ကြရသူအများစုသာဖြစ်သည်။ စီမံကိန်း စီမံချက်များချရာတွင်စက်မှုဇုန်တစ်ခုတည်ဆောက်ပြီး အောက်ခြေလူတန်းစား၊ အလုပ်သမားများနေထိုင်စရာကိုကြိုတင်ပြင်ဆင်သင့်ပေးသည်။ စက်ရုံအလုပ်ရုံများမှလည်း
မိမိတို့အလုပ်သမားများအတွက် စက်ရုံဝင်းအတွင်း သို့တည်းမဟုတ်နီးစပ်ရာနေရာတွင်အလုပ်သမားများနေရေးကိုဖန်တီးပေးထားလျှင်ကျူးကျော်တဲများပပျောက်သွားမည်ဟု ယုံကြည်မိပါသည်။

လူသားအားလုံးသည်မိမိတို့၏ နေရေးကိုလမ်း ဘေးတွင်တဲထိုးပြီး ရေမရှိ၊ အိမ်သာမရှိ၊ ကစားကွင်းမရှိမနေလိုကြပါ။ အခြေခံအလုပ်သမားများအတွက်နေရေး၊ ထိုင်ရေးဦးစားပေးဖြေရှင်းသင့်ပေသည်။
နိုင်ငံတော်အစိုးရဘဏ်မှလည်း စီးမံကိန်းများဖော်ဆောင်ကာဥယျာဉ်မြို့တော်များ၊ အိမ်ရာများ၊ တန်ဖိုးနည်းအိမ်ရာများ၊ တိုး ဖိုးမျှတအိမ်ရာများ၊ အမျိုးမျိုးခေါင်းစဉ်တပ်ကာမြို့သစ်များဖော်ဆောင်ခြင်း၊ လယ်ယာမြေများ ကိုသိမ်းဆည်းပြီး အထပ်မြင့်အဆောက်အအုံများဆောက်လုပ်ဖော်ဆောင်ပေးလျှက်ရှိပေသည်။

ထိုစီမံကိန်း၊ စီးမံချက်များတွင်လည်း သက်ဆိုင်ရာအာဏာပိုင်တို့နှင့်နီးစပ်သူများသာလုပ်ငန်းများကိုရကြသည်။

ထိုသူများ သည်အမည်ခံလုပ်ပိုင်ခွင့်များရယူပြီး ဆပ်ကန်ထရိုက်များဖြင့် တစ်ဆင့်ပြီးတစ်ဆင့်ငှား ရမ်းလုပ်ကိုင်လာကြရာအမှတ်တကယ်ဆောက်လုပ်မည့် ကန်ထရိုက်လက်ထဲသို့ ရောက်သောအခါဈေးကြီး မြင့်လာပြီး ဆောက်လုပ်ခွင့်ရခဲ့ပြန်ရာမိမိတို့အမြတ်ရရှိ ရေးအတွက်အဆောက်အအုံများကိုပစ်္စည်း များခို၍ဆောက်လုပ်လာခဲ့ကြရာကြာရှည်ခိုင်ခံ့မှုမရှိခြင်းများကိုတွေ့ရှိလာရသည်။

အဆောက်အအုံစစ်သည့်ဌာနဆိုင်ရာမှလည်း ကွင်းဆင်းစစ်ဆေးခြင်းမပြုလုပ်ဘဲစားပွဲပေါ်တွင်အပေးအယူလုပ်စစ်ဆေးနေခြင်း များကြောင့်အမှန်တကယ်နေထိုင်ရမည့်ပြည်သူများသာနစ်နာကြောင်းတွေ့ရှိလာရသည်။

““ကျွန်တော်တို့ပြည်တော်သာတိုက်ခန်းတွေကိုဖျက်ပြီး အဲဒီကလူတွေကိုတိုက်ခန်းအသစ်တွေဆောက်ပြီး အခန်းစားပြန်ပေးမယ်။

အဲဒီတိုက်ခန်းတွေကိုလေးထပ်အမြင့်ဆောက်ခွင့်ပြုထားတယ်။ ဖောင်ဒေးရှင်းတွေကူးပြီး တိုင်တွေထောင်၊ ကျောက်ထုပ်လောင်းပြီးမှကျုပ်တို့ဧရာဝတီတိုင်းကလူကြီးမင်း တွေကစေတနာကောင်းပြီး အခုလေးလွှာကိုခြောက်လွှာလုပ်လို့မရဘူးလားဆိုတော့ ကန်ထရိုက်ကလုပ်လို့ရတယ်ပြောပြီး လေးလွှာဖောင်ဒေးရှင်းကိုခြောက်လွှာဆောက်လိုက်တယ်။

ကဲခင်ဗျားပဲစဉ်စားကြည့်တော့။ အဲဒီကတည်း က မှားနေပြီ။ ဘယ်သူကမှမဖြစ်နိုင်ပါဘူးမပြောဘူး။

လက်ညှိုးထိုးထောင်ခေါင်း ညိမ့်ပဲ။ ကန်ထရိုက်ကတော့ အခန်းပိုထွက်လာတော့သူ့အတွက်ကိုက်တာပေါ့”” ဟု ပုသိမ်မြို့ပြည်တော်သာတိုက်ခန်းနေမျက်မြင်တစ်ဦး ကဆိုပါတယ်။

ထိုကဲ့သို့သောစီမံကိန်းနှင့်အဆောက်အအုံများ နိုင်ငံတစ်ခုလုံးမည်မျှရှိနေမည်နည်းဆိုသည်ကိုစိုးရိမ်မိသည်။ ထိုတိုက်ဆောက်လုပ်မှုကိုစောင့်ကြည့်နေသောပြည်သူများ၏ ဓာတ်ပုံများကိုတင်ပြလိုပါသည်။ ပုသိမ်ပြည်တော်သာစီမံကိန်းအား မည်သည့်ဆောက်လုပ်ရေးတည်ဆောက်နေသည်ကိုမတင်ပြလိုတော့ပါ။

အိမ်ရာအဆောက်အအုံနှင့်ခိုင်ခန့်မှုပြဿနာ

ထိုအဆောက်အအုံ၏ ဆောက်လုပ်ထားပုံ၊ ဖောင် ဒေးရှင်းခိုထားမှု၊ အမြတ်ရရေးဦးစားပေး ဆောက်လုပ်မှုများ ကိုပုံနှင့်တကွဖော်ပြလိုပါသည်။

ပုံများတွင် င်္သကညိအေငသည မှာဏငူန မရိုက်ဘဲ သံချောင်းများသာမြေထဲစိုက်ပြီး ကျောက်လုံးကပ်လောင်းခြင်း၊ အုတ်ခဲများ သည် မိုးရေနှင့်ထိရုံဖြင့် အရည်ပျော်သောအုပ်များဖြစ်နေခြင်း၊ အဆောက်အုံအား ယခင်ကန်စွန်းခင်းအတွင်းတွင်မြေပျော့်တွင်ဆောက်လုပ်ထားရှိပြီး တာဝန်ရှိအင်ဂျင်နီယာများလာရောက်စစ်ဆေးခြင်းမရှိသည့်အပြင်မြို့နယ်စည်ပင်သာယာမှလည်း ခွင့်ပြုထား ခြင်းမရှိကြောင်းသိရသည်။ ပထမဆုံး ရရှိသောကန်ထရိုက်သည် လက်ရှိနိုင်ငံတော်တွင် တာဝန်အကြီးဆုံးထမ်းဆောင် နေသူတစ်ဦး၏သားဖြစ်ပြီး တပ်မတော်အရာရှိကြီးများ စုပေါင်းဆောက်လုပ်သောကုမ်္ပဏီဖြစ်ကြောင်းသိရှိရပြီး ယခုဆောက်လုပ်နေသူသည် ဆပ်ကန်ထရိုက်မျှသာဖြစ် ကြောင်း သိရှိရပြန်သည်။

အဆောက်အအုံများ ပြီးဆုံး၍ဆေးများပင်သုတ်ပြီးဖြစ်နေပါပြီ။ သို့သော်ထိုဆေးသုတ်ပြီးတိုက်သည်အသစ်မှပင်အက်ကွဲနေခြင်းကတော့ အလွန်ရုပ်ဆိုးလှ ပေသည်။ မိမိတစ်ဦးတည်း၏ စီးပွားရေး၊ ငွေရရေးအတွက်ဦးတည်ပြီးဆောက်လုပ်နေကြခြင်းကတော့ အလွန်ပင်အရုပ်ဆိုး အကျည်းတန်လှပေသည်။

မည်သို့ပင်ဆိုစေကာမူနိုင်ငံတော်မှ မူဝါဒများချမှတ်ကာ ပြည်သူလူထုအတွက်စား ၀တ်နေရေးကိုစီမံကိန်း၊ စီမံချက်များဖြင့်အမျိုးမျိုးဆောင်ရွက်ပေးနေမှုကိုမသမာ၊ ၀ိသမလောဘသားများကြောင့် တိုင်း ပြည်၏ စေတနာကိုပြည်သူများအထင်အမြင်လွဲမှားစေပြီး အနားဖွာစီးပွားရေး သမား များကြောင့်တိုင်းပြည်နစ်နာမှုများ မရှိစေရန် ၀ိုင်းဝန်းဖော်ထုတ် ကြိုးစားဆောင်ရွက်သင့်ကြောင်း ရေးသားလိုက်ရပါသည်။

လမင်းအောင် မှ iMyanmarHouse.com အိမ်ခြံမြေ မဂ္ဂင်ဇင်း အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service