တန်ဖိုးနည်းအိမ်ရာများကို ပြည်သူများအလွယ်တကူဝယ်ယူနိုင်ရန် အထောက်အကူပြုဘဏ်စနစ်တစ်ခု ထူထောင်မည် - Property News in Myanmar from iMyanmarHouse.com
1073 Views

တန်ဖိုးနည်းအိမ်ရာများကို ပြည်သူများအလွယ်တကူဝယ်ယူနိုင်ရန် အထောက်အကူပြုဘဏ်စနစ်တစ်ခု ထူထောင်မည်

အစိုးရဝန်ထမ်းများ နှင့်ပြည်သူများ ကိုယ်ပိုင်အိမ်ပိုင်ဆိုင် ခွင့်ရရှိစေရန်နှင့် တန်ဖိုးနည်းအိမ် ရာများကို အလွယ်တကူဝယ်ယူနိုင်ရန်အတွက်
အထောက်အကူပြု ဘဏ် စနစ်တစ်ခုကိုထူထောင်သွား မည်ဖြစ် ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က
ပြောကြားလိုက်သည်။

မေ ၂၆ရက် နေပြည်တော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ပြု လုပ်သော သတင်းစာရှင်းလင်းပွဲတွင် တန်ဖိုးနည်းအိမ်ရာများနှင့်ပတ်သက်
ပြီး သတင်းထောက်များ၏မေးမြန်း ချက်ကိုဖြေကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
အစိုးရဝန်ထမ်းများနှင့် ပြည် သူများ၏ ဘဝနောင်ရေးလုံခြုံစိတ် ချစေရန် ကိုယ်ပိုင် ပိုင်ဆိုင်ခွင့်ရရှိရေး အတွက် တန်ဖိုးနည်းအိမ်ရာများကို နိုင်ငံတစ်ဝန်းတည်ဆောက်ပေးပြီး နှစ်ရှည်အရစ်ကျချေးခြင်းနှင့်အ ပေါင်ခံငွေချေစနစ်တစ်ရပ်ကို ထူ ထောင်ခြင်း၊ ဆောင်ရွက်နိုင်ရေး
အထောက်အကူပြု ဘဏ်စနစ်ထူထောင် ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ
ညွှန် ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။

”တိုင်းဒေသကြီးအစိုးရအစီအ မံနဲ့ဒေသခံပြည်သူတွေကို ဆောင် ရွက်ပေးသွားမှာပါ။ နိုင်ငံတစ်ဝန်း လုံးမှာ နိုင်ငံတော်အစိုးရနဲ့ပတ်သက် ပြီး
တန်ဖိုးနည်းအိမ်ရာတွေ အကောင် အထည်ဖော်ဆောင်ရွက်နေပြီး ရန် ကုန်၊ မန္တလေး၊ မကွေးတိုင်း၊ စစ်ကိုင်း တိုင်း၊ ဧရာဝတီတိုင်းဒေသကြီးတွေမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေနဲ့ပူး ပေါင်းဆောင်ရွက်နေပါတယ်”ဟု ဦးမင်း ထိန်က ရှင်းလင်းပြောကြားသည်။
ယခုအချိန်တွင် တန်ဖိုးနည်း အိမ်ရာများကို ဆောက်လုပ်နေသော်လည်း ပြည် သူများလိုအပ်သည့် အရေအတွက်ပြည့်မီအောင် ဆောက်လုပ်နိုင်မှု
နည်းပါးနေသေးခြင်းနှင့် အိမ်ရာဝယ်ယူရန် ဘဏ်ချေးငွေစနစ်ရယူရန် အခက်အခဲအချို့ရှိနေခြင်း တို့ကြောင့် ပြည်သူအများမှာ ကိုယ် ပိုင်အိမ်ဖြင့် နေနိုင်ရန်
အခွင့်အရေး အလှမ်းဝေးနေဆဲဖြစ်သည်ဟု အိမ် ရာမပိုင်ဆိုင်သေးသည့် ပြည်သူအ များစုက ဝေဖန်ပြောကြားလျက်ရှိနေသည်။

”တန်ဖိုးနည်းလို့သာ ဆိုတာ သိန်းတစ်ရာအထက်မှာ ရှိနေသေး တယ်။ ဘဏ်ချေးငွေစနစ်ဆိုတာကလဲ ထောက်ခံပေးသူနဲ့ ဘဏ်မှာပိုက်ဆံ
ဘယ်လောက်အပ်ဆိုတာတွေပါနေ သေးတော့ ဝယ်နိုင်ဖို့ခက်နေ တုန်းပဲ။ ဖြစ်စေချင်တာကတော့ တိုက်ခန်းပိုင်ဆိုင်မှုကို ဘဏ်ကယူထား နှစ်ရှည်
ဆပ်လို့ အခန်းခကျေရင်ပြန်ပေး။ဒါမျိုးတွေဖြစ်စေချင် ပါတယ်”ဟု လှိုင် မြို့နယ်တွင် အိမ်ငှားနေသည့် ဦးဝင်းထွန်းအောင် က ပြောသည်။
ယခုအခါ တိုက်ပွဲတွင် ကျဆုံး သွားသည့်စစ်သည်များ၏ မိသားစု ဝင်များ၊ ပင်စင်စားများနှင့် အောက် ခြေဝန်ထမ်းများအပါအဝင်နှင့် ဆင်းရဲနွမ်းပါးသည့်
သာမန်ပြည်သူများ နှင့် မသန်စွမ်းသူများကို သက်သာသောနှုန်း ထားဖြင့် ရောင်းချမည့် အ ထပ်မြင့်အိမ်ရာစီမံကိန်းများကို နိုင် ငံတော်အစိုးရက
စတင်တည်ဆောက် ရန်စီစဉ်နေပြီဖြစ်ကြာင်း ဆောက်လုပ် ရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းသို့ ဝယ်ယူနိုင်ရေးအတွက် အိမ်ရာလိုအပ်ချက်အနေဖြင့် နှစ် တို၊ နှစ်ရှည်စီမံကိန်း၊ ဝင်ငွေအနည်း/ အလတ်ရှိသော ပြည်သူများအတွက် အငှားချ
အိမ်ရာစနစ်၊ ငွေ အ ခက်အခဲရှိပါက ဘဏ်နှင့်ညှိနှိုင်းပြီး ဝယ်ယူသောစနစ်စသည့် အိမ်ရာမူဝါဒ သုံးချက်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး
အဆိုပါ အစီအစဉ်ကို မြန်မာနိုင်ငံ အနှံ့တွင် ဖော်ဆောင်သွားမည်ဖြစ်သည်။

ပြည်သူအများ အိမ်ရာပိုင်ဆိုင်နိုင် ရေးအတွက် တန်ဖိုးသင့်အထပ်မြင့် အိမ်ရာစီမံကိန်း အကောင်အထည် ဖော်မှုစိစစ်ရေးအဖွဲ့ကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၏
စာအမှတ် ၁၂၆၈/ ၂၅၃-အိမ်ရာ/အဖရ (၂၀၁၄)ဖြင့် ဖွဲ့ စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဝန်ကြီးဌာန အချို့၌ ဝန်ထမ်းများအိမ်ရာလိုအပ်ချက် စာရင်းများကို ကောက်ခံနေ ကြောင်းနှင့် မိမိတို့နေထိုင်လိုသည့် မြို့များကိုပါ
ဖြည့်သွင်းရကြောင်း နေပြည်တော်မှ ဝန်ထမ်းတစ်ဦး ၏ ပြောကြားချက်အရ သိရသည်။

အငြိမ်းစားဝန်ထမ်းတစ်ဦးက ”ပင်စင်စားတွေပါ အိမ်ဝယ်ခွင့်ရမယ် ဆိုတော့ ကောင်းတာပေါ့။ အဘွားရဲ့ သမီးကလဲ လက်ရှိ အစိုးရဝန်ထမ်းပါပဲ။
သူတို့တွေဌာနမှာ စာရင်းတွေ ကောက်နေတယ်ပြောတယ်။ ဒါပေမဲ့ အရင်တုန်းကလိုပဲ နီးစပ်ရာလူရတာ မျိုးမဟုတ်ဘဲ သေချာ စိစစ်ပေးစေ ချင်ပါတယ်။
ပြီးတော့ အရစ်ကျစနစ် ဆိုတာ ဘယ်လိုပုံစံလဲ၊ နှစ်ရှည်ဆိုတာ ဘယ်လိုလဲဆိုတာ တိတိကျကျပြောပြ ရင် ပိုကောင်းပါမယ်”ဟု ပြောသည်။
လက်ရှိအချိန်တွင် တိုင်းနှင့် ပြည် နယ်အသီးသီး၌ နိုင်ငံ့ဝန်ထမ်းပေါင်း ကိုးသိန်းကျော်ရှိပြီး ဝန်ထမ်းအိမ်ရာ မှာ ၅၉၄ရ ခုသာရှိကြောင်း မြို့ရွာနှင့်
အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၏ စာရင်း များအရ သိရသည်။

နိုင်ငံတစ်ဝန်း တန်ဖိုးနည်းအိမ် ရာများအား ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ် အတွင်း အရေအတွက်အားဖြင့် သုံးသောင်းတည်ဆောက်သွားရန်
ရည်မှန်းထားကြောင်း ဆောက်လုပ်ရေး ဒုတိယဝန်ကြီး ဦးစိုးတင့်က ဒီမိုကရေ စီတူဒေးသို့ ပြောကြားခဲ့သည်။

Credit : Democracytoday‬

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 08 Jul To 08 Aug

Central Shophouse

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service