စပယ်အိမ်ရာစီမံကိန်းတွင်ငှားရမ်းနေထိုင်မှုစနစ်ထည့်သွင်းပေးမည် - Property News in Myanmar from iMyanmarHouse.com
1168 Views

စပယ်အိမ်ရာစီမံကိန်းတွင်ငှားရမ်းနေထိုင်မှုစနစ်ထည့်သွင်းပေးမည်

ဆားလင်းကြီးမြို့နယ်ကြေးနီစီမံကိန်း ကြီးများအနီးတွင်တည်ဆောက်ထားသည့်စပယ်အိမ်ရာစီမံကိန်းကြီးရှိတိုက်ခန်းများ ကိုဒေသခံများနေထိုင်နိုင်ရန်အတွက်ငှားရမ်းနေထိုင်ခွင့်စနစ်များဖြင့်သတ်မှတ်ချထားပေးသွားမည်ဖြစ်ကြောင်းသတင်း ရရှိသည်။

စပယ်အိမ်ရာစီမံကိန်းကြီးရှိအိမ်ရာတိုက်ခန်းများကိုတည်ဆောက်ပေးရာတွင်ဒေသခံပြည်သူများ လူမှုဘ၀တိုးတက်မြင့် မားစေရေး ကိုအဓိကထား ဆောင်ရွက်ကြောင်း၊ တိုက်ခန်းဝယ်ယူလိုပြီး မ၀ယ်နိုင် သေးသည့်ဒေသခံပြည်သူများအတွက်ငှားရမ်းနေထိုင်ခွင့်စနစ်များဖြင့်ချထားပေး ရန်အတွက်စီစဉ်ပေးသွားမည်ဖြစ်ကြောင်း စပယ်အိမ်ရာစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီထံမှသိရသည်။
““တိုက်ခန်းတွေရောင်းချမှုကိုတိုင်းဒေ သကြီး အစိုးရနဲ့ချိတ်ဆက်ပြီးဆောင်ရွက်ပေးသွားမယ်။ ပြီးတော့တိုက်ခန်းကို ၀ယ်ယူချင် ပေမယ့်အကြောင်းအမျိုးမျိုး ကြောင့်အခက်အခဲဖြစ်နေရင်လည်း ဒေသခံတွေအတွက်အထူးဦးစားပေးအနေနဲ့ငှားရမ်းနေထိုင်ခွင့်စနစ်တွေကိုသတ်မှတ်ချက်တွေနဲ့အညီချထားပေးသွားမယ်။
နေထိုင်စရာအခက်အခဲဖြစ်နေသူတွေကိုဦးစားပေးသွားမယ်။ အရင်က ဒီအိမ်ရာရဲ့မြေပိုင်ရှင်တွေကိုလည်း ဦး စားပေးသွား မယ်။ ငှားရမ်းခတွေကတော့တိုင်းအစိုးရအဖွဲ့ရဲ့စီစဉ်မှုနဲ့လုပ်ဆောင်သွားမှာပါ”” ဟု စပယ်အိမ်ရာစီမံကိန်း လုပ်ငန်းအကောင်အထည်ဖော်ရေးဦးဆောင်ကော်မတီဥက်္ကဋ္ဌ ဦးထက်နိုင်ဝင်းက ပြောသည်။
စပယ်အိမ်ရာစီမံကိန်းကြီးအတွင်းရှိတိုက်ခန်းများတွင်အမှန်တကယ်နေထိုင်လိုပါကပိုင်ဆိုင်ခွင့်ရရှိနိုင်ရန်အတွက်အရစ် ကျ စနစ်ပုံစံများဖြင့် လျှောက်ထားဝယ် ယူနိုင်ကြောင်းသိရသည်။

““တိုက်ခန်းနဲ့နေချင်ပါတယ်။ ရေမီး လည်းစုံတယ်။ ဒါပေမဲ့တိုက်ခန်းကိုအရစ် ကျ စနစ်နဲ့ပေးတာကအချိန်သတ်မှတ်ချက်နည်းတယ်။ တစ်နှစ်ခွဲအတွင်းအတွင်းဆိုတော့စီမံကိန်းကြီးကရတဲ့လစာနဲ့ဘယ်လို လုပ်ပြီးဝယ်ယူနိုင်မလဲ။ ဈေးတွေကများ လွန်တယ်လို့ ယူဆတယ်၊။ ဒေသခံတွေကကတော့ ၀ယ်ယူနိုင်မယ်မထင်ဘူး။ အိမ်ငှားချပေးမယ်ဆိုရင်တော့နေထိုင်နိုင်ပါမယ်။ ဒါတောင်တိုက်ခန်းငှားခဈေးများရင် တော့ဘယ်သူမှနေနိုင်မှာ မဟုတ်ပါဘူး”” ဟု ကြေးစင်တောင်စီမံကိန်းကြီးတွင်လုပ်ကိုင်နေသည့် မြန်မာဝန်ထမ်းတစ်ဦး ကပြောသည်။
အဆိုပါစပယ်အိမ်ယာစီမံကိန်းကြီး တွင်ပထမအဆင့်အနေဖြင့် ၁၂ ခန်းတွဲငါးထပ် ၂၀လုံးနှင့် ရှစ်ခန်းတွဲငါးထပ်လေးလုံးတို့ကိုဆောက်လုပ်သွားမည်ဖြစ်ပြီး အခန်းပေါင်း ၁,၃၆၀ ခန်းပါဝင်မည်ဖြစ်ရာ အခန်းတစ်ခန်းလျှင် အကျယ်အ၀န်း (၂၂ ပေ x ၂၄ပေ) ရှိအခန်းများကိုတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

““အငှားချစနစ်ကိုအခန်းပေါင်း (၆၀) ထိခွင့်ပြုပေးသွားမယ်။ ငှားရမ်းနေထိုင်သူကနေတိုက်ခန်းပိုင်ဆိုင်သူဖြစ်တဲ့အထိအရစ်ကျစနစ်ကိုဆောင်ရွက်ပေးသွား မယ်”” ဟု တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးကပြောသည်။
စပယ်အိမ်ရာစီမံကိန်းကြီးတွင်ရောင်းချမည့်တိုက်ခန်းများကိုအရစ်ကျစနစ်ဖြင့်လည်း ကောင်း လက်ငင်းငွေချေစနစ်ဖြင့်လည်းကောင်း ၀ယ်ယူနိုင်ပြီး ကာလတန်ဖိုးအနည်းဆုံး ကျပ် ၁၁၅ သိန်းမှကျပ်သိန်း ၂၀၀ အထိတိုက်ခန်း ပေါ်မူတည်ကာရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

မာန်ဇာမြေမွန် မှ iMyanmarHouse.com အိမ်ခြံမြေ မဂ္ဂင်ဇင်း အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service