သီလ၀ါဆိပ်ကမ်းနယ်မြေရှိ မြေ ၆၁ ဧကကျော်ပေါ်တွင် BOT စနစ်ဖြင့် အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတားနှင့် ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်ရန် Diamond Star ကုမ္ပဏီအား ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
872 Views

သီလ၀ါဆိပ်ကမ်းနယ်မြေရှိ မြေ ၆၁ ဧကကျော်ပေါ်တွင် BOT စနစ်ဖြင့် အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတားနှင့် ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်ရန် Diamond Star ကုမ္ပဏီအား ခွင့်ပြု

သီလ၀ါဆိပ်ကမ်းနယ်မြေရှိ မြေ ၆၁ ဧကကျော်ပေါ်တွင် BOT စနစ်ဖြင့် ဘက်စုံသုံး အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားနှင့် ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်ရန် Diamond Star ကုမ္ပဏီအား ခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

အဆိုပါ လုပ်ငန်းကို လုပ်ကိုင်ရန် မေ ၁၈ ရက်တွင်ပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၉/၂၀၁၅ ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားနှင့် မြေဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ စီးပွားရေးလုပ်ငန်းဆောင်တာများဖြစ်သည့် ဓာတ်မြေသြဇာစက်ရုံ၊ ဂျုံစက်၊ ဆီကြိတ်ခွဲခြင်း၊ ဆန်အပါအ၀င် ကောက်ပဲသီးနှံများ ကြိတ်ခွဲခြင်း၊ စားသုံးဆီအမျိုးမျိုး ဆီအမျိုးမျိုး၊ သကြားစသည့် ကုန်ပစ္စည်းများ ပြုပြင်ထုတ်လုပ်ခြင်း လုပ်ငန်းနှင့် ထုပ်ပိုးခြင်းလုပ်ငန်း လုပ်ကိုင်နိုင်ရန် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လုပ်ငန်းအား ရန်ကုန်တိုင်းဒေသကြီး သန်လျင်ကျောက်တန်းနယ်မြေရှိ မြေကွက် အမှတ် ၃၀ ရှိ မြေ ၃၇ ဒသမ ၀၆ ဧကနှင့် ၎င်းမြေကွက်နှင့် ကပ်လျက်ရှိသော မြစ်ကြောဘက်မြေကွက်ရှိ မြေ ၂၄ ဒသမ ၇၁ ဧက စုစု ပေါင်းမြေ ၆၁ ဒသမ ၇၇ ဧက သီလ၀ါဆိပ်ကမ်းတွင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဖြစ် အကောင်အထည်ဖော် လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

သီလ၀ါအထူးစီးပွားရေးဇုန်တွင် ဂျပန်၊ ထိုင်း၊ စင်ကာပူနှင့် ထိုင်ဝမ် စသည့်နိုင်ငံများမှ ကုမ္ပဏီများက ၀င်ရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မည်ဖြစ်ပြီး သီလ၀ါအထူးစီးပွားရေးဇုန် အပိုင်း ၁ ရှိ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု စက်ရုံရှစ်ရုံကို မကြာမီကာလအတွင်း ဖွင့်လှစ်နိုင်ရန် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ပြည်ပအခြေစိုက် စီးပွားရေးလုပ်ငန်းများနည်းတူ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ အနေဖြင့်လည်း သီလ၀ါအထူးစီးပွားရေးဇုန်တွင် ၀င်ရောက်မြှုပ်နှံလုပ်ကိုင်ရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။

သီလ၀ါအထူးစီးပွားရေးဇုန်သည် မြန်မာအစိုးရနှင့် ဂျပန်အစိုးရတို့ ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းတစ်ခုဖြစ်ပြီး မြန်မာဘက်မှ ၅၁ ရာခိုင်နှုန်းနှင့် ဂျပန်ဘက်မှ ၄၉ ရာခိုင်နှုန်း ရှယ်ယာပိုင်ဆိုင်ကြောင်း သိရသည်။

Credit: eleven media group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service