ကွန်ဒိုမီနီယံဥပဒေသစ် ဈေးကွက်အတွက်၊အားထားစရာဖြစ်လာနိုင်
ကွန်ဒိုမီနီယံဥပဒေ ပေါ်ထွက်လာပါက နိုင်ငံခြားသားများ အခန်းဝယ်ယူခွင့်ရရှိမည်ဖြစ်သောကြောင့်
ကွန်ဒိုဈေးကွက်အတွက် အားထားစရာဖြစ်လာနိုင်ကြောင်း အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး
အသိုင်းအ၀ိုင်း ကျွမ်းကျင် သူများက ပြောသည်။
လက်ရှိ အနေအထားအရ အိမ်ခြံမြေဈေးကွက်မှာ အရောင်းအ၀ယ်အေးစက် လျက်ရှိပြီး
စောင့်ကြည့်နေရသည့် အနေ အထားတွင်သာရှိကြောင်း၊ ကွန်ဒိုမီနီယံဥပဒေသာ
ပေါ်ထွက်လာပါက ကွန်ဒိုအခန်းများအတွက် အလားအလာကောင်းလာမည်ဖြစ်ကြောင်း
Royal Smart ဆောက်လုပ်ရေး၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးတင်ထွန်းက မြန်မာ တိုင်း(မ်)ကို
ပြောသည်။ "အခုက အိမ်ခြံမြေတင်မကဘူး ဆောက်လုပ်ရေးဘက်မှာလည်း ဈေးကွက်က
သိပ်မကောင်းဘူး။ ဟိုတစ်လောကထိ ကြိုပွိုင့်တွေ ခေတ်စားခဲ့ပေမယ့် အခုနောက်ပိုင်း
လူတွေက မယုံတော့တာရော၊ အခြေအနေစောင့်ကြည့် ချင်တာရောကြောင့် ကြိုပွိုင့်တွေလည်း
အရင် လောက်အလုပ်မဖြစ်တော့ဘူး။ အားလုံး စောင့်ကြည့်နေကြတဲ့ အချိန်ဖြစ်တဲ့အတွက်
ကွန်ဒိုဥပဒေသစ် ပေါ်ထွက်လာရင် ကပ်စတမ်မာတွေအနေနဲ့ အားထားနိုင်မယ်။ ကွန်ဒိုဈေးကွက်
ပြန်ကောင်းလာမယ်လို့ ယူဆ တယ်" ဟု ၎င်းကပြောသည်။ ကွန်ဒိုဈေးကွက် အားကောင်းလာမည်ဟု
ခန့်မှန်းသည့်နည်းတူ အရည်အသွေးပြည့်မီ ပြီး ကွန်ဒိုလက္ခဏာနှင့်ကိုက်ညီသည့်
ကွန်ဒို တိုက်ခန်းများ ပေါ်ထွက်လာရန်လည်း လိုအပ်ကြောင်း ၎င်းကပြောသည်။
"ကွန်ဒိုဈေးကွက် ကောင်းလာဖို့ဆိုတာ လည်း ကွန်ဒိုလို့ ပြောရလောက်တဲ့
လက္ခဏာနဲ့ညီတဲ့ အရည်အသွေးလည်းပြည့်ဝတဲ့ ကွန်ဒို တိုက်ခန်းတွေလည်း
ပေါ်ထွက်လာဖို့လိုပါ တယ်။ လက်ရှိ ဈေးကွက်မှာရှိနေတဲ့ ကွန်ဒိုတိုက်ခန်းတွေ
ထဲကတော်တော်များများက အရည်အသွေးပြည့်မီမှုမရှိတာ၊ ရှိသင့်ရှိထိုက် တဲ့
ဝန်ဆောင်မှုမရှိတာ၊ ကွန်ဒိုလို့ ပြောပေ မယ့် တိုက်ခန်း သာသာပဲရှိတာ စသည်ဖြင့်ပါပဲ။
အဲဒါဆိုရင်တော့ ပိုကောင်းလာမယ်ထင်ပါတယ်" ဟု ၎င်းကပြောသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက် သည့် အိမ်ရာစီမံကိန်းများသာမက
ပြည်တွင်း ဆောက်လုပ်ရေးကုမ္ပဏီများ ဆောက်လုပ် သော ကွန်ဒိုစီမံကိန်းများပါ
အရည်အသွေး ပြည့်ဝစွာ ပေါ်ထွက်လာလျှင် ဈေးကွက်အလားအလာ ပိုမိုကောင်းမွန်နိုင်ကြောင်း
၎င်းက ပြောသည်။ ၂၀၁၂ ခုနှစ်ကတည်းက စတင်ရေးဆွဲ ခဲ့သော ကွန်ဒိုမီနီယံဥပဒေကိုယခုနှစ်အတွင်း
ပြဋ္ဌာန်းနိုင်တော့မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဧပြီလနောက်ဆုံးပတ်က ပြုလုပ်ခဲ့ သော
မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှု အသင်း နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးတွင်
ပြောကြားခဲ့ကြသည်။
အဆိုပါဥပဒေတွင် အချက်ပေါင်း ၆၀ ကျော် ရှိပြီး ဥပဒေပြဋ္ဌာန်းပြီးလျှင် နိုင်ငံသားမဟုတ်
သူများပါ ကွန်ဒိုတိုက်ခန်းများ ၀ယ်ယူနိုင်တော့မည် ဖြစ်သည်။ "ကွန်ဒိုမီနီယံဥပဒေကို
ပြီးခဲ့တဲ့မတ်လ တုန်းက လွှတ်တော်မှာ ဆွေးနွေးသွားခဲ့ ပါတယ်။ လက်ရှိလည်း
ဆွေးနွေးဆဲပါပဲ။ ကျွန်တော်တို့ ဒီနှစ်ထဲမှာပဲ ကွန်ဒိုမီနီယံ ဥပဒေထွက်လာဖို့ရှိပါ တယ်။
ဒီဥပဒေ ထွက်လာနိုင်ရင်တော့ နိုင်ငံခြားသားတွေဟာ ကွန်ဒို ခန်းတွေ
ပိုင်ဆိုင်ခွင့်ရရှိလာမှာပါ။ ဒီလိုဆိုရင် လည်း ကွန်ဒိုဈေးကွက် အားကောင်းလာမှာ
ဖြစ်ပါတယ်" ဟု အသင်းဥက္ကဋ္ဌက ပြောသည်။ မြို့ပြစီမံကိန်းပညာရှင်
ဒေါက်တာကျော်လတ်ကလည်း ထွက်ပေါ်လာမည့် ကွန်ဒိုဥပဒေသစ်တွင်
ကွန်ဒိုတိုက်ခန်းပေါင်း၏ ၄၀ ရာခိုင်နှုန်းကို နိုင်ငံခြားသားများ ပိုင်ဆိုင်ခွင့်ရှိကြောင်း ပြောသည်။
"အရင်တုန်းကတော့ နိုင်ငံခြားသားတွေ ဒီမှာ အိမ်ရာဝယ်ယူခွင့်ရှိပါတယ်။
နောက်ကျ ၀ယ်ယူခွင့်မရှိတော့ဘူး။ အမွေဆက်ခံခွင့် တော့ ရှိသေးတယ်။
၁၉၉၅ နောက်ပိုင်း မှာတော့ ပြောင်းလဲသွားပါသေးတယ်။ အခု ၂၀၁၅ မှာ
ထွက်ပေါ်လာမယ့် ကွန်ဒိုမီနီယံ ဥပဒေသစ်မှာတော့ ကွန်ဒိုတိုက်ခန်းတွေရဲ့ ၄၀ ရာခိုင်နှုန်းကို
နိုင်ငံခြားသားကို ရောင်းချခွင့် ရှိတယ်လို့ ပါပါတယ်" ဟု ဒေါက်တာကျော်လတ်က ပြောသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ တိုက်ခန်းဝယ်ယူရန် စိတ်ဝင်စားသူ နိုင်ငံခြားသားများမှာ
ထွက်ပေါ်လာမည့် ကွန်ဒိုဥပဒေသစ် ကို စောင့်ကြည့်နေကြသည့် အနေအထားတွင် ရှိသည်ဟု
The G.E.M.S Garden ကွန်ဒိုမီနီယံ တည်ဆောက်သူ Capital Development Limited ၏ ဒု အထွေထွေမန်နေဂျာ ဒေါ်ခိုင်မီမီကြည်က မြန်မာတိုင်း(မ်)ကို ပြော သည်။
"မြန်မာနိုင်ငံမှာ တိုက်ခန်းပိုင်ဆိုင်ဖို့ စိတ်ဝင်စားတဲ့ နိုင်ငံခြားသားတွေကတော့
အသစ်ထွက်ပေါ်လာမယ့် ကွန်ဒိုမီနီယံ ဥပဒေ သစ်ကို မျှော်လင့်စောင့်ကြည့်နေကြတဲ့
အနေ အထားပါ။ နိုင်ငံခြားသား အနည်းစုကတော့ တွဲဖက်လုပ်ကိုင်နေတဲ့ ပြည်တွင်းကုမ္ပဏီ
တွေရဲ့နာမည်၊ ဒါမှမဟုတ် နိုင်ငံသားအိမ် ထောင်ဖက်ရဲ့ နာမည်နဲ့ဝယ်ယူပြီး
ရင်းနှီးမြှုပ်နှံကြတာတွေရှိတယ်" ဟု ၎င်းက ပြောသည်။ ဖြစ်ပေါ်နေသည့်
နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု အခြေအနေများစသည့် အထွေထွေ
အကြောင်းအရာများကို အသာ ဖယ်ထားလျှင် အရည်အသွေးပြည့်ဝရေးနှင့် ၀ယ်ယူ
သူများလက်သို့ အချိန်မီ ပေးအပ်နိုင် ရေး အချက်နှစ်ချက်မှာ နိုင်ငံခြားသားများ အတွက်သာမက
ဒေသခံဝယ်ယူသူများ အတွက်ပါ စိန်ခေါ်မှု အများဆုံးဖြစ်နေကြောင်း ဒေါ်ခိုင်မီမီကြည်က
ပြောသည်။
လှိုင်မြို့အတွင်း တည်ရှိသည့် G.E.M.S Garden ကွန်ဒိုမီနီယံတွင်ပါဝင်သည့် တာဝါ ၁ နှင့်
၂ မှာ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကာ ကျန်ရှိအခန်းများကိုလည်း ၂၀၁၅ နှစ်ကုန်ပိုင်း
ပြီးစီးအောင် တည်ဆောက်မည်ဖြစ်ကာ ၂၀၁၆၊ မတ်လတွင် ၀ယ်ယူသူထံ လွှဲပြောင်း
ပေးနိုင်မည်ဖြစ်သည်။ စင်ကာပူ၊ ဂျပန်၊ ဟောင်ကောင်နှင့် မလေးရှားနိုင်ငံသားများ သာမက
ဗြိတိသျှ၊ အမေရိကန်နှင့် အီတလီ နိုင်ငံသားများပါ တိုက်ခန်းများအတွက်
မေးမြန်းစုံစမ်းမှုများရှိနေသော်လည်း လက်ရှိ အချိန်ထိ ၀ယ်ယူသူအများစုမှာ
နိုင်ငံသားများ ဖြစ်ကြောင်း ၎င်းကပြောသည်။
Credit: mmtimes