အိမ်၊ခြံ၊မြေ အရောင်းအ၀ယ်ပြုလုပ်ပါက တစ်လအတွင်း အခွန်ဆောင်ရမည် - Property News in Myanmar from iMyanmarHouse.com
1592 Views

အိမ်၊ခြံ၊မြေ အရောင်းအ၀ယ်ပြုလုပ်ပါက တစ်လအတွင်း အခွန်ဆောင်ရမည်

အိမ်၊ခြံ၊မြေ ဂဏ္ဍအတွင်းရှိ မြေ၊ အဆောက်အအုံ၊ တိုက်ခန်းစသည့် ပစ္စည်းတစ်ခုခုကို ရောင်းချခြင်း၊ လဲလှယ်ခြင်းနှင့် အခြားတစ်နည်းနည်းနှင့် လွှဲပြောင်းရယူသူများမှာ တစ်လအတွင်း ကာလတန်ဖိုးစိစစ်ခြင်း၊ ၀င်ငွေကြေငြာလွှာတင်ခြင်း၊ ကျသင့်အခွန်ပေးဆောင်ခြင်းတို့ ပြုလုပ်ရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနထံမှ သိရသည်။

ဝယ်သူရော၊ ရောင်းချသူပါ အခွန်ပေးဆောင်ရမည်ဖြစ်ပြီး ၀ယ်ယူသည့်ငွေကြေးအတွက် မိမိမည်ကဲ့သို့ရရှိခဲ့သည်ကို အတိအကျ ရှင်းလင်းတင်ပြရမည်ဖြစ်ကာ တင်ပြနိုင်ခြင်းမရှိပါက စည်းကြပ်မှုမှ ကင်းလွတ်နေသော ၀င်ငွေအပေါ် ကျသင့်ဝင်ငွေခွန်ထပ်မံ ပေးဆောင်ရမည်ဖြစ်ကြောင်း အဆိုပါဌာနထံမှသိရသည်။

“အခွန်နှုန်းထားကတော့ အခုအသစ်ပြင်ဆင်ပြဋ္ဌာန်းလိုက်သည့် နှုန်းထားအတိုင်းပါပဲ။ မဆောင်တဲ့သူတွေကိုတော့ အခွန်ဥပဒေပါအတိုင်း အရေးယူဆောင်ရွက်သွားမှာပါ”ဟု အဆိုပါဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုသည်။

သို့သော်အခွန်မဆောင်သူများနှင့် အခွန်ရှောင်သူများ အိမ်၊ခြံ၊မြေ ဈေးကွက်အတွင်း များပြားနေဆဲဖြစ်ကြောင်း အိမ်၊ခြံ၊မြေ အကျိုးဆောင်များက ပြောကြားသည်။

“သူတို့တွေက ဒီလိုထုတ်ပြန်နေပေမယ့် တချို့ကျတော့ အခွန်ဆောင်ရမယ်ဆိုတာ လုံးလုံးမသိလို့ မဆောင်ကြဘူး။ တချို့ကျတော့ မသိချင်ယောင်ဆောင်ပြီး နေလိုက်ကြသည်။ တချို့ကျတော့ SP/GP (Special Power/ General Power) ကိုင်ပြီး နေနေကြတာများတယ်”ဟု အိမ်၊ခြံ၊မြေအကျိုးဆောင် ဦးဟိန်းမိုးမြင့်လွင်က ရှင်းပြသည်။

Credit : The Voice Daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service