ရွှေတိဂုံစေတီတော်ဝန်းကျင်ရှိ ဆောက်လုပ်ရေးစီမံကိန်းများကို ပြန်လည်စိစစ်သုံးသပ်ရန် သမ္မတထံသို့ ဗိသုကာအသင်းအကြံပြု - Property News in Myanmar from iMyanmarHouse.com
1068 Views

ရွှေတိဂုံစေတီတော်ဝန်းကျင်ရှိ ဆောက်လုပ်ရေးစီမံကိန်းများကို ပြန်လည်စိစစ်သုံးသပ်ရန် သမ္မတထံသို့ ဗိသုကာအသင်းအကြံပြု

ရွှေတိဂုံစေတီတော်နှင့် ပတ်ဝန်းကျင်ရှိ ဆောက်လုပ်ရေး စီမံကိန်းများကို ပြန်လည်စိစစ်သုံးသပ်ရန် နိုင်ငံတော်သမ္မတထံသို့
မြန်မာနိုင်ငံ ဗိသုကာအသင်း က အကြံပြုချက် ပေးပို့လိုက်သည်။

မေလ ၁၇ ရက်က ရန်ကုန် မြို့ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီး ဌာနရုံးခန်းတွင် ကျင်းပသည့် Save Shwedagon (ရွှေတိဂုံကို ကယ်တင်ကြ)ဖိုရမ်မှတစ်ဆင့် ပ ညာရှင်များ၏ အကြံပြုချက်ကို နိုင်ငံတော်သမ္မတ အပါအ၀င် ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ပေးပို့လိုက်ခြင်းဖြစ်သည်။

ရွှေတိဂုံဝန်းကျင်ရှိ အထပ် မြင့် စီမံကိန်းများအားလုံး ဆက်လက် အကောင်အထည်ဖော် ခွင့်မပြုမီ ပညာရပ်ဆိုင်ရာ လေ့လာဆန်းစစ်ချက်များမဖြစ်မနေ ပြုလုပ်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဗိသုကာအသင်းက မေလ ၁၇ ရက် ထုတ်ပြန်ချက်တွင် ပါရှိသည်။
ရွှေတိဂုံစေတီတော်ကြီး၏ လက်ရှိခိုင်ခံ့မှုအခြေအနေ၊ သဂုင်္ တ္တရကုန်းမြေ၏ ယခုလက်ရှိမြေ လွှာမြေကြောများ ခိုင်ခံ့မှုအခြေ အနေနှင့်စေတီတော်ကြီးအနီး တစ်ဝိုက် ရေစီးရေလာစနစ် မြေ အောက်ရေ အသုံးချထားမှုပမာ ဏ၊ ရေဆိုး၊ မိလ္လာအမှိုက်စွန့်ပစ်မှုတို့ကိုစနစ်တကျသုတေသနပြု လေ့လာရန်လိုအပ်ကြောင်း အဆို ပါသတင်းထုတ်ပြန်ချက်တွင်ဖော် ပြထားသည်။

ရွှေတိဂုံစေတီတော်အပြင် မဟာဝိဇယစေတီ၊ ဆံတော်ကြို (အလံပြ)ဘုရားတို့ကိုလည်း လူ အများ ကြည်ညိုဖူးမြော်နိုင်သည့် မြင်ကွင်းထိခိုက်စေသော မြေအ သုံးချမှု၊ အဆောက်အအုံတည် ဆောက်မှုတို့ကို အဓိကစည်းကမ်း သတ်မှတ်ပြီး ထိန်းသိမ်းရန်လိုအပ် ကြောင်းဗိသုကာပညာရှင်များက Save Shwedagon ဖိုရမ်တွင် အ ကြံပြုဆွေးနွေးခဲ့သည်။

အဆိုပါဖိုရမ်သည် ရွှေတိဂုံ စေတီတော်အား ရေရှည်တည်တံ့ ထိန်းသိမ်းနိုင်ရေးအတွက် မြန်မာ နိုင်ငံ ဗိသုကာအသင်းကပထမဆုံးအကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဖို ရမ်တွင် မြို့ပြဗိသုကာဆိုင်ရာ ကျွမ်းကျင် ပညာရှင်၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်၊ရေအရင်းအမြစ် ထိန်းသိမ်းရေးပညာရှင် စုစုပေါင်း ၁၀ ဦးက အကြံပြုဆွေးနွေးခဲ့သည်။

ရွှေတိဂုံစေတီ၏ အနီးဝန်းကျင်တွင် အဝေးမှလှမ်း၍ စေတီကို မြင်တွေ့နိုင်သည့်နေရာရှစ်ခုရှိပြီးယင်းအနီးနားတစ်ဝိုက်တွင် အထပ်မြင့်အဆောက်အအုံများ တည်ဆောက်လိုက်ပါကရွှေတိဂုံစေတီ၏ မြင်ကွင်းကွယ်ပျောက်နိုင်ကြောင်း၊ စေတီတော်နှင့်အပြိုင် ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများကို စိုးရိမ်မိကြောင်း ရွှေတိဂုံစေတီအနီးအနားရှိ မြင်ကွင်းများကို ကိုယ်တိုင်လေ့လာသုတေသနပြုလုပ်ထားသူ မြို့ရွာနှင့်အိုးအိမ်
ဖွံ့ဖြိုးမှုဦးစီးဌာန အင်ဂျင်နီယာမှူးကြီး ဒေါ်လှိုင်မော်ဦးကပြောသည်။

‘‘ရွှေတိဂုံဆိုတာ အဝေးက လှမ်းကြည့်ပြီး အများပြည်သူဖူး မြော်နိုင်တဲ့နေရာဖြစ်ရမယ်။ တစ်ဦးတစ်ယောက်က ကိုယ့်အိမ်ခန်းထဲကနေဖူးမြော်လို့ရမယ့်အခြေအနေမျိုးတော့ မဖြစ်သင့်ဘူး’’ဟုဒေါ် လှိုင်မော်ဦးကဆိုသည်။

ထို့ပြင် ရွှေတိဂုံစေတီအနီးအနား တစ်ဝိုက်ရှိ စီမံကိန်းများမစတင်မီတွင် မြေအောက်ရေထုတ်ယူသုံးစွဲမှုများက စေတီတော်ကြီး၏ခံနိုင်ရည်၊ကုန်းတော်၏ခံနိုင်ရည်တို့ကို ဦးစွာဆန်းစစ်လေ့လာသင့်ကြောင်း မြေအောက်ရေဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာနီနီသိန်းကဆိုသည်။

‘‘နိုင်ငံတကာက ပညာရှင်တွေနဲ့မဖြစ်ဖြစ်အောင်လုပ်ပြမယ်လို့ပြောရင် စီမံကိန်းအကောင်အထည်ဖော်သူအနေနဲ့ အာမခံ နိုင်တယ်။လောဘတွေကိုတော့ လျော့ပေးပါ။ အမြတ်တော့ နည်းသွားမှာပေါ့’’ဟု ၎င်းကဆိုသည်။

ကမ္ဘာ့မြို့ကြီး အများစုတွင်လည်း ရွှေတိဂုံကဲ့သို့ အထင်ကရ နေရာများ၌ အထပ်မြင့်အ ဆောက်အအုံများ ဆောက်လုပ် ခြင်းကိုထိန်းချုပ်ထားခြင်း၊ စိမ်းလန်းသည့် ဧရိယာများ၊ အများ ပြည်သူနှင့်သက်ဆိုင်သည့် နေရာ များအဖြစ်သာ ဖန်တီးပေးထား ခြင်းများရှိကြောင်းရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ ဒါရိုက်တာ ဒေါ် မို့မို့လွင်ကဆိုသည်။

ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ သည် ရန်ကုန်ရှိရှေးဟောင်းအ ဆောက်အအုံများ ထိန်းသိမ်းခြင်း လုပ်ငန်းများကိုလုပ်ဆောင်နေ သည့် အဖွဲ့အစည်းတစ်ခု ဖြစ် သည်။

‘‘ဒါတွေ အားလုံးကို ကာ ကွယ်ဖို့ ဥပဒေတွေတော့ အမြန်ဆုံးလိုနေပြီ’’ဟု၎င်းကဆိုသည်။

လက်ရှိတွင် ရွှေတိဂုံစေတီ တော်အနီးဝန်းကျင်ရှိ တပ်မတော် ပိုင်မြေနေရာလေးခုတွင်ပုဂ္ဂလိက ကုမ္ပဏီအချို့က
အထပ်မြင့်စီမံ ကိန်းများဆောက်လုပ်ရန် စီစဉ် လျက်ရှိပြီး လတ်တလောတွင် ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က တည်ဆောက်ခြင်းကိုယာယီရပ်ဆိုင်းထားသည်။
အဆိုပါစီမံကိန်းများမှာ စစ်တပ်ပိုင်မြေများကို ပုဂ္ဂလိကကလွှဲ ပြောင်းရယူထားထားသည့် စီမံ ကိန်းများဖြစ်ပြီး ရွှေတောင်၊ သုခ ရတနာ၊မာဂါလန်းမတ်၊Adven- ture Myanmar and Tour ကုမ္ပ ဏီတို့ဖြစ်သည်။

ယင်းကုမ္ပဏီလေးခုအနက် မာဂါလန်းမတ်နှင့် သုခရတနာကု မ္ပဏီတို့က အဆင့်မြင့် အဆောက် အအုံများတည်ဆောက်မည်ဟုထုတ်ပြန်ပြောကြားထားပြီး ကျန် ကုမ္ပဏီနှစ်ခုဖြစ်သည့် ရွှေတောင် နှင့် Adventure Myanmar and Tour တို့က မည်သည့်စီမံကိန်းများလုပ်ဆောင်မည်ကို ထုတ်ပြန်ပြော ကြားထားခြင်းမရှိပေ။

အဆိုပါ စီမံကိန်း အားလုံး သည် ရွှေတိဂုံစေတီတော် အနီး တွင် တည်ရှိနေပြီး စေတီတော်၏ အနီးတစ်ဝိုက်တွင် တည်ဆောက် မည်ဆိုခြင်းအပေါ်
မြို့ပြပညာ ရှင်များနှင့် အရပ်ဘက် လူ့အဖွဲ့ အစည်းအချို့က ဝေဖန်အကြံပြု သောကြောင့် တိုင်းဒေသကြီးအစိုး ရအဖွဲ့က စီမံကိန်းကိုပြန်လည်စစ်ဆေးရန် ပြီးခဲ့သည့်ဖေဖော်ဝါ ရီကစတင်ပြီး ခေတ္တရပ်ဆိုင်းထား ခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းများအပေါ် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း က လေ့လာဆန်းစစ်မှုများပြုလုပ် ခဲ့ပြီး ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီသို့ပေးပို့ထား သည်။ စည်ပင်သာယာရေးကော် မတီကလည်း Master Plan ရေး ဆွဲလျက်ရှိပြီး မကြာမီအဆိုပါစီမံ ကိန်းကို ဆက်လက်လုပ်ဆောင်ခွင့် ရ၊မရ အဆုံးအဖြတ်ပေးမည် ဟု ပြည်တွင်း မီဒီယာများအား ပြောကြားထားသည်။

Credit: 7 Day News

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service