အိမ်ခြံမြေ ၀ယ်ယူပိုင်ဆိုင်လိုမှု သတိပြုစရာ၊အိမ်ခြံမြေစွန့်လွှတ်ခြင်း အထမြောက်စေရန် လိုအပ်ချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
2024 Views

အိမ်ခြံမြေ ၀ယ်ယူပိုင်ဆိုင်လိုမှု သတိပြုစရာ၊အိမ်ခြံမြေစွန့်လွှတ်ခြင်း အထမြောက်စေရန် လိုအပ်ချက်များ

Knowledge | Posted by Hnin Ei Khin

စွန့်လွှတ်ခြင်း

စွန့်လွှတ်ခြင်းဆိုသည်မှာ လင်နှင့်မယား အပါအဝင် ပူးတွဲ အမည်ပေါက်ပိုင်ရှင်တို့မှဖြစ်စေ၊အမွေဆိုင်အချင်းချင်းမှ
ဖြစ်စေ၊ ပူး တွဲပိုင်ဆိုင်သောအိမ်ခြံမြေတို့၏ မိမိပိုင်ဆိုင်ခွင့် ဝေစုကို အခြားပူး တွဲ ပိုင်ရှင်တို့အား စွန့်လွှတ်ပေး ခြင်းဖြစ်သည်။

လင်နှင့်မယား သို့မဟုတ် နှစ်ဦးတည်းသာ ပူးတွဲပိုင်ရှင်ဖြစ်ပါက တစ်ဦးဦးက မိမိပိုင်ဝေစုကို အခြားသူသို့ စွန့်လွှတ်ခဲ့လျှင် ကျန် တစ်ဦးသည်အိမ်ခြံမြေစသည့် ပစ္စည်းအားလုံးကို တစ်ဦးတည်း ရပိုင်ခွင့်ရှိသွားမည်ဖြစ်ပေသည်။

စွန့်လွှတ်စာချုပ် ချုပ်ဆိုခြင်း

အိမ်ခြံမြေစသည့် ပစ္စည်းများကို ပူးတွဲပိုင်ရှင်က စွန့်လွှတ် သည်ဆိုရာ၌ တရားဝင်အတည် ဖြစ်စေရန် စာချုပ်စာတမ်းမှတ်ပုံ တင်ရုံး၌စွန့်လွှတ်စာချုပ် ချုပ်ဆို ဆောင်ရွက်ရပေသည်။

စွန့်လွှတ်ခြင်းကို နုတ်ကတိဖြင့် ပြုလုပ်နိုင်သည်ဟု ဆို သော်လည်း စာချုပ်စာတမ်း မှတ်ပုံတင်ခြင်း အက်ဥပဒေအရ၊ ပုဒ်မ ၄၈ တွင် ရေစစ္စရီမှတ်ပုံတင်ပြီး စာချုပ်စာတမ်း အရပ်ရပ်မှာ ၄င်း စာချုပ်ပါ ပစ္စည်းများနှင့် စပ်လျဉ်း သည့် နုတ်ကတိ ကြေငြာချက်တစ် စုံတစ်ရာကို ပယ်၍အတည်ဖြစ် စေရမည်ဟု ပြဋ္ဌာန်းထားပေ သည်။

ထို့ကြောင့် စွန့်လွှတ် ပစ္စည်းကို ပိုင်ပိုင်နိုင်နိုင် တရားဝင်ပိုင်ဆိုင်ရန် စွန့်လွှတ်စာချုပ်ကို စာချုပ်စာတမ်းမှတ်ပုံတင်အက်ဥပဒေနှင့်အညီမှတ်ပုံတင် ပြုလုပ် ချုပ်ဆိုသင့်ပေသည်။

ဤသည်နှင့် ပတ်သက်၍ ”ဒေါ်စောစိန် ၄င်း၏ ကိုယ်စား လှယ်စာရသူ ဒေါ်ခင်ပြုံးလှိုင် ပါ (၈)ဦးနှင့် ဦးတိတ်မွန်ပါ (၅) ဦး” အမှုမှာရန်ကုန်တိုင်း တရားရုံး၌ ဦးတိတ်မွန်၊ ဒေါ်သီသီအေး၊ မောင် ပြည့်ဖြိုးပိုင်၊ မောင်ဇေမိုးပိုင်၊ ဦး ဆွေမွန် ငါးဦးက ဒေါ်စောစိန်၊ ဒေါ်ခင် သိန်းဝင်း၊ဒေါ်သိန်းကြည်၊ ဒေါ်စန်းရီ၊ ဦးဟန်စိန်၊ ဦးကျင်ဝမ်၊ ဒေါ်ခင်လေးဆွေ၊ ဒေါ်အေးအေးခိုင် (၈) ဦးအပေါ် ရန်ကုန်တိုင်း တရား ရုံးမှ ၂ဝဝ၃ ခုနှစ်တရားမ ကြီးမှု အမှတ် (၄၆၈) ၏ ဒီကရီသည် အကျိုးသက်ရောက်မှုမရှိ ကြောင်း မြွက်ဟကြေညာပြီး ပစ္စည်း ခွဲဝေပေးစေလိုမှု စွဲဆိုခဲ့ သည်။

ရန်ကုန်တိုင်း တရားရုံး တော်က ဦးတိတ်မွန်ပါ၅ ဦး တောင်းဆိုသည့်အတိုင်း မူလဒီဂရီသည် အကျိုးသက်ရောက်မှုမရှိ ကြောင်း မြွက်ဟကြေညာပြီး၊ဦးတိတ်မွန်ပါ ၅ ဦးသို့ အချင်းဖြစ် မြေနှင့် အိမ်၏ ၄ ပုံ ၁ ပုံကို ခွဲဝေ ပေးရန် အမိန့်ချခဲ့သည်။ ယင်းအ မိန့် ကို ဒေါ်စောစိန်ပါ ၈ ဦးက မ ကျေနပ်၍တရားရုံးချုပ်သို့ အယူ ခံဝင်လာသော အမှုဖြစ်သည်။

တရားရုံးချုပ်က သုံးသပ် ဆုံးဖြတ်သည်မှာ ဤအမှုတွင် ကွယ်လွန်သူအမွေရှင်ဦးကျန်နား နှင့် ဒေါ်ညိမ်းသွယ်တို့တွင် ဒေါ်ကျင်၊ဦးကျော်ညွှန့်၊ ဒေါ်စောစိန်၊ဒေါ်ကျင်စိန်တို့ကို မွေးဖွားခဲ့သည်။ ဒေါ်ကျင်မှာ အိမ်ထောင်မရှိ၊ ဦးစွာ ကွယ်လွန်ခဲ့သည်။

ဦးကျော်ညွှန့်ကွယ်လွန် သည့်အခါ သားဖြစ်သူ ဦးတိတ်မွန် အပါအဝင် တရားလိုဖြစ်သည့် အ မွေဆက်ခံသူ (၅) ဦးကျန်ခဲ့ သည်။ဒေါ်ကျင်စိန်ကွယ်လွန်သောအခါ သားသမီး (၇) ဦး ကျန်ခဲ့သည်။ ထိုကြောင့် ဦးတိတ်မွန်ပါ (၅) ဦးက အဒေါ်ဖြစ် သူ ဒေါ်စောစိန်နှင့် ကွယ်လွန်သူဒေါ်ကျင်စိန်၏ သားသမီး(၇)ဦးအပေါ်တရားစွဲဆို ခြင်းဖြစ်သည်။

ဒေါ်စောစိန်ကကွယ်လွန်သူမိဘများဖြစ်သောဦးကျန်နားနှင့် ဒေါ်ညိမ်းသွယ်တို့၏ကျန်ရစ်သော အမွေပစ္စည်းများ ခွဲ ဝေပေးပြီး ဖြစ်ကြောင်း တင်ပြထား သည်။

အချင်းဖြစ်မြေနှင့် အိမ်မှာ မိဘများက သားသမီးများဖြစ် သည့် ဦးကျော်ညွှန့်၊ ဒေါ်ကျင်၊ ဒေါ်ကျင်စိန်၊ ဒေါ်စောစိန် တို့ ၄ဦးအမည်ဖြင့်ဝယ်ယူခဲ့ကြောင်းအငြင်းမထွက်ပေ။

ဒေါ်စောစိန် ကိုယ်တိုင် ဝန်ခံထွက်ဆိုထားသည်။ ထို့ကြောင့် သက်သေခံ မှတ်ပုံတင် အရောင်း အဝယ် စာ ချုပ်အရ သားသမီးများ ဖြစ်သည့်ဦးကျော်ညွှန့်ပါ ၄ ဦး အမည် ပေါက် ပိုင်ဆိုင်ကြသည်။

ဦးကျော်ညွှန့်ကွယ်လွန် သွားသောအခါ ဇနီးဖြစ်သူ ဒေါ် ကျင်ယုံက အချင်းဖြစ်မြေနှင့် အိမ် ရှိ မိမိ၏ဝေစုကို ကျန်ပူးတွဲ ပိုင်ရှင်တို့အားလွှဲပြောင်းပေးကြောင်းသက်သေခံစာရွက်
တင်ပြသည်။ သို့သော် ထိုစာချုပ်မှာ မှတ်ပုံတင် ထားခြင်းမရှိပေ။

ယင်းလွှဲပြောင်း စာချုပ် ပေါ် အခြေပြုပြီး ဒေါ်စောစိန်က ဒေါ်ကျင်စိန်၏ သားသမီး (၇)ဦး အပေါ်အမွေခွဲဝေပေးစေလိုမှု စွဲ ဆိုကာ ရန်ကုန်တိုင်းတရားရုံး တော်၌ တရားမကြီးအမှုအမှတ် (၄၆၈) တွင် ၂ ပုံ ၁ပုံစီခွဲဝေအနိုင်ဒီဂရီရထားခြင်းဖြစ်သည်။

ယခုအခါ ဦးကျော်ညွှန့်နှင့် ဇနီးဒေါ်ကျင်ယုံတို့၏ သားသမီး ဖြစ်သည့် ဦးတိတ်မွန်ပါ (၅) ဦးက ရန်ကုန်တိုင်း တရားရုံးတော်၏ ၂ဝဝ၃ ခုနှစ်တရားမကြီးမှုအမှတ် ၄၆၈ ဒီကရီအမိန့်ကို ပယ်ဖျက်၍ အမွေခွဲဝေပေးစေလိုမှု စွဲဆိုခြင်း ဖြစ်သည်။

ယခင်က ချမှတ်ထုံးဖွဲ့ ထားသည့်-

”ဒေါ်ညွှန့်နှင့် မအမြီနာ ၁၉၈၉ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၂၈အမှုတွင် မအမြီနာပေးချေသော ငွေသုံးသောင်း နှစ်ထောင့်ငါးရာကျပ်ကို ဒေါ်ညွှန့်က ယနေ့၂.၆.၈၄ နေ့တွင်လက်ခံရယူပြီးနောက် အဆိုပါ မြေနှင့်အဆောက်အအုံတွင်မိမိ၏ပိုင်ဆိုင်ခွင့်မရှိတော့ ကြောင်း၊မအမြီနာတစ်ဦးတည်း သာ မိမိ၏ ဝေစုအပြင် ၄င်း၏ ဝေ စုကိုပါ ရရှိသဖြင့် မြေနှင့် အ ဆောက်အအုံ အားလုံး၏ ပိုင်ရှင် ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်
ဟူသော ဝန်ခံချက်အရဆိုလျှင် ဒေါ်ညွှန့်သည် အချင်းဖြစ် ပစ္စည်း များတွင် မိမိ၏ ဆိုင်ရေး ဆိုင်ခွင့် များကို စွန့်လွှတ်ရာ ရောက်ပေ သည်။

သို့ရာတွင်အဆိုပါ ဝန်ခံ ချက်မှာ စာချုပ်စာတမ်းမှတ်ပုံ တင်ရေး အက်ဥပဒေအရ မှတ်ပုံတင်ထားခြင်း မရှိသဖြင့် ယင်း ဥပဒေ ပုဒ်မ ၄၉ အရ၊ စွန့်လွှတ် ခြင်းမှာအထ မမြောက်ပေ။

ဒေါ်ညွှန့် က မြေနှင့် အဆောက်အအုံမှာ မအမြီနာတစ်ဦးတည်းပိုင်ဖြစ်သည်ဟု ဝန်ခံထားရုံဖြင့် မအမြီနာသည် အဆိုပါပစ္စည်းကို တစ်ဦးတည်း ပိုင် ဖြစ်မလာဟု ဆုံး ဖြတ်လမ်းညွှန်ထားသည်။

ထိုကြောင့် ဤအမှုတွင် ကွယ်လွန်သူ ဦးကျော်ညွှန့်၏ ဇနီး ဒေါ်ကျင်ယုံက အချင်းဖြစ်မြေနှင့် အိမ်ကို စွန့်လွှတ်သည်ဟူသော စွန့်လွှတ် စာချုပ်မှာမှတ်ပုံတင်စာ ချုပ်စာတမ်းမဟုတ်သဖြင့် စွန့်လွှတ်ခြင်း အထမမြောက်ပေ။ ဒေါ်ကျင်ယုံသည် အချင်းဖြစ်မြေ နှင့် အိမ်၌ ပိုင်ဆိုင်မှု ရှိနေသေးသည်။

ဒေါ်ကျင်ယုံ ကွယ်လွန် သော် သားသမီးများဖြစ်သည့် တရားလို ဦးတိတ်မွန်ပါ ၅ ဦးက အမွေ ဆက်ခံခွင့် ရှိမည် ဖြစ်သည်။

ရန်ကုန်တိုင်းတရားရုံး တရားမကြီးမှု အမှတ် ၄၆၈/ ၂ဝဝ၃ အမှုမှာ ဦးကျော်ညွှန့် သည် ကွယ်လွန်ခြင်းမပြုမီက အ ချင်းဖြစ်အိမ်နှင့် မြေ၌ပိုင်ဆိုင်မှုကိုစွန့်လွှတ်ပြီးဖြစ်၍ ဒေါ်စောစိန် နှင့်ကွယ်လွန်သူ ဒေါ်ကျင်စိန်၏သားသမီးများဖြစ်သော
ဒေါ်ခင် ဝင်းသိန်း ပါ (၇) ဦးက တစ်ဝက်စီ ရထိုက်သည်ဟုပြေငြိမ်း ဒီကရီချ မှတ်ခြင်းဖြစ်သည်။

ဦးကျော်ညွှန့် ကအချင်းဖြစ်မြေနှင့် အိမ်၌ ပိုင်ဆိုင်မှုကိုစွန့်လွှတ်ခြင်းမရှိဘဲစွန့်လွှတ်ပြီး ဖြစ်သည်ဟုလိမ်လည်လှည့်ဖြား၍အဆိုပြုကာ ဒေါ် စောစိန်နှင့် ဒေါ်ခင်ဝင်းသိန်းပါ (၇) ဦးက အနိုင် ဒီကရီရယူခဲ့ကြောင်း တွေ့ရသည်။

ထို့ကြောင့် ၂ဝဝ၃ ခုနှစ် တရားမကြီးမှု အမှတ် ၄၆၈တွင် ချမှတ်ခဲ့သော ဒီကရီမှာ ဦးကျော် ညွှန့်နှင့် ဒေါ်ကျင်ယုံတို့၏ သားသ မီးများဖြစ်သည့်တရားလို ဦး တိတ်မွန်အပေါ် အကျိုးသက် ရောက်မှုမရှိပေ။

ရန်ကုန်တိုင်း တရားရုံးက ကွယ်လွန်သူများ ဖြစ် သည့် ဦးကျော်ညွှန့်နှင့်ဇနီးဒေါ်ကျင်ယုံ၏အမွေဆက်ခံသူများ
ဖြစ်သော တရားလို ဦးတိတ်မွန်ပါ (၅) ဦးသို့ အချင်းဖြစ် မြေ နှင့်အိမ်၏၄ပုံ၁ပုံခွဲဝေပေးရန်ဒီကရီချမှတ်ခြင်းကိုအတည်ပြုဆုံးဖြတ်ခဲ့ ပေသည်။

သို့ဖြစ်၍ လင်မယား အ ချင်းချင်းဖြစ်စေ ပူးတွဲပိုင်ရှင်များမှ တစ်ဦးဦးက ဖြစ်စေ၊ မိမိပိုင်ဆိုင် ခွင့်ရှိသည့် ပစ္စည်း၏ ဝေစုကို အ ခြားပူးတွဲပိုင်ရှင်သို့မှတ်ပုံတင်စွန့်လွှတ် စာချုပ်ချုပ်ဆို ဆောင်ရွက်မှသာ စွန့်လွှတ်ခြင်းအထ မြောက် မည်ဖြစ်ကြောင်း ဗဟုသုတ အဖြစ် ရေး သားလိုက်ပါသည်။

Credit: myanmar market journal

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ

Upcoming Property Events

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service