စင်ကာပူမြို့တော်ရောက် မြန်မာ့လမ်းမများ - Property Knowledge in Myanmar from iMyanmarHouse.com
4248 Views

စင်ကာပူမြို့တော်ရောက် မြန်မာ့လမ်းမများ

Knowledge | Posted by Zarni Kyaw

ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီးက ဝေးကွာလှသော သမိုင်းကြောင်းအ စဉ်အလာထဲ ကမ္ဘာမှာကော အာရှတိုက်တစ်ခွင်မှာပါ ဂုဏ်ရှိန်တင့်တယ်ခဲ့ အစဉ်အလာကြီးမားခဲ့တဲ့ နိုင်ငံတော်ကြီးဖြစ်ခဲ့တယ်။ ကိုယ့်မင်းကိုယ့်ချင်း၊ ကိုယ့်ထီးကိုယ့်နန်းနဲ့ ရပ်တည်နိုင်ခဲ့ပြီး အာရှတိုက်မှာ အင်အားတောင့်တင်း တဲ့ ကျားတစ်ကောင်လည်းဖြစ်ခဲ့တယ်။

သမိုင်းအစဉ်အလာကြီးမားပြီး ဂုဏ်သိက္ခာရှိခဲ့တဲ့ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံ တော်ကြီးကို အာရှအိမ်နီးချင်းနိုင်ငံတွေက အားကျအတုယူခဲ့ကြတယ်။ ဒီ့အ တွက်သာဓကပြရမယ်ဆိုရင် မကြာသေးမီလကမှ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ခေါင်းဆောင် လီကွမ်းယုရဲ့ စင်ကာပူနိုင်ငံတော်ကြီးက အထင်အရှားပါပဲ။

မြန်မာနိုင်ငံထက် နှစ်ပေါင်း ၁၇ နှစ်ကြာမှ လွတ်လပ်ရေးရခဲ့ပြီး အဘက်ဘက် ကနိမ့်ကျနေခဲ့တဲ့ စင်ကာပူနိုင်ငံတော်ကို ခေါင်းဆောင်လီက အရှေ့တောင် အာရှမှာဖွံ့ဖြိုးတိုးတက်ဆုံး နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကို စံထားပြီးကြိုးစားခဲ့ တာဖြစ်ပါတယ်။

စင်ကာပူမြို့တော်ရဲ့တည်ဆောက်မှုပုံစံက ရန်ကုန်မြို့တော်ရဲ့တည်ရှိပုံအ နေအထားနှင့်တကွ မြန်မာနိုင်ငံအစိုးရရဲ့ စီမံကိန်းများကိုအတုယူ တည် ဆောက်ခဲ့ခြင်းဖြစ်ကြောင်းကို လီရဲ့သမိုင်းဝင်မိန့်ခွန်းတချို့မှာဖွင့်ဟပြော ဖူးပါတယ်။
နောက်ပြီး မြို့တော်ရဲ့မြစ်တွေ၊ လမ်းတွေ ကိုလည်း မြန်မာနိုင်ငံရဲ့အမှတ်သ ညှာတွေကို ဂုဏ်ပြုတဲ့အနေနဲ့ မှည့်ခေါ်ထားတဲ့လမ်းတွေ စင်ကာပူမြို့တော် နေရာအနှံ့အပြားမှာ တွေ့ရတတ်ပါတယ်။

အိန္ဒိယနွယ်ဖွားများ အများဆုံးနေထိုင်တဲ့ Little India ဘက်မှာဆိုရင် Rangoon Rd (ရန်ကုန်လမ်း)၊ ကွန်ဒိုတိုက်ခန်းများဖြင့်သာနေထိုင်သော လူကုံထံရပ်ဝန်းဖြစ်တဲ့ Novena ဒေသရှိ Balestier လမ်းမကြီးအတိုင်းမှာ ဆိုရင် Prome Rd (ပြည်လမ်း) ၊ နောက် Bhamo Rd (ဗန်းမော်လမ်း) ၊ Manadalay Rd (မန္တလေးလမ်း) ၊ Martaban Rd (မုတ္တမလမ်း) ၊ Pegu Rd (ပဲခူးလမ်း) ၊ Ava Rd (အင်းဝလမ်း) ၊ တဖန် မန္တလေးလမ်းထဲမှာ ဆိုရင် Minbu Rd (မင်းဘူးလမ်း) နှင့် Bassein Rd (ပုသိမ်လမ်း) စတဲ့ မြန်မာအ မည်အသံထွက်မှည့်ခေါ်ထားတဲ့ လမ်းတွေကို တွေ့ရပါတယ်။ လမ်းနှင့်မော် လမြိုင်လမ်း မနီးမဝေးမှာ Toa Payoh မှာဆို ရင်တော့ စင်ကာပူရောက်မြန် မာတွေ အများဆုံးသွားရောက်တဲ့မြန်မာဘုန်း ကြီးကျောင်းလည်းရှိပါတယ်။

၁။ Ava Rd - အင်းဝလမ်း
၂။ Pegu Rd- ပဲခူးလမ်း
၃။ Martaban Rd- မုတ္တမလမ်း
၎။ Bhamo Rd-ဗန်းမော်လမ်း
၅။ Prome Rd- ပြည်လမ်း
၆။ Irrawaddy Rd-ဧရာဝတီလမ်း
၇။ Shan Rd-ရှမ်းလမ်း
၈။ Minbu Rd-မင်းဘူးလမ်း
၉။ Bassein Rd-ပုသိမ်လမ်း
၁၀။Akyab Rd-စစ်တွေလမ်း
၁၁။ Manadalay Rd- မန္တလေးလမ်း
၁၂။ Molumein Rd-မော်လမြိုင်လမ်း
၁၃။ Mergue Rd-မြိတ်လမ်း
၁၄။ Rangoon Rd-ရန်ကုန်လမ်း

Ref: ကိုဌေး( စံတော်ချိန်သတင်းစာ ခရီးသွားအတွေ့အကြုံဆောင်းပါး)

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသားဖော်ပြသည်။)
စင်ကာပူမြို့တော်ရောက် မြန်မာ့လမ်းမများ - Property Knowledge in Myanmar from iMyanmarHouse.com
စင်ကာပူမြို့တော်ရောက် မြန်မာ့လမ်းမများ - Property Knowledge in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်

Upcoming Property Events

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service