အိမ်ခြံမြေ ရောင်းဝယ်ခြင်းနှင့် ကိုယ်စားလှယ်လွှဲစာ သိမှတ်ဖွယ်ရာ - Property Knowledge in Myanmar from iMyanmarHouse.com
7633 Views

အိမ်ခြံမြေ ရောင်းဝယ်ခြင်းနှင့် ကိုယ်စားလှယ်လွှဲစာ သိမှတ်ဖွယ်ရာ

Knowledge | Posted by Aye Myat Thu

မိတ်ဆွေ၏ဆွေးနွေးချက်အရဆိုလျှင် ကိုယ်စားလှယ်လွှဲစာရရှိပြီးသူက ထပ်ဆင့်ကိုယ် စားလှယ်လွှဲစာပေးခြင်း၊ တစ်နည်းအားဖြင့် General Power of Attorney to General Power of Attorney (G.P to G.P) ? Special Power of Attorney to Special Power of Attorney (S.P to S.P) ပြုလုပ်ပေးခြင်း ဖြစ်သည်ဟု နားလည်သဘောပေါက်ပါသည်။ ထို့ကြောင့် ကိုယ်စားလှယ်လွှဲစာ ဆို သည်ကို ဦးစွာသိရှိနားလည်ထား ရန် လိုအပ်ပါသည်။

ကိုယ်စားလှယ်လွှဲစာ

ကိုယ်စားလှယ်လွှဲစာတွင် နှစ်မျိုး ရှိသည်။
(၁) အထွေထွေ ကိုယ် စားလှယ်လွှဲစာ (G.P) နှင့်
(၂) အထူးကိုယ်စား လှယ်လွှဲစာ (S.P) တို့ ဖြစ်သည်။

အထွေထွေ ကိုယ်စား လှယ်လွှဲစာ(G.P) အရ လွှဲအပ်ခြင်း ခံရသူသည် လွှဲအပ်သူ၏ လုပ်ငန်းကိစ္စအရပ်ရပ်ကို လွှဲအပ်သူ၏ ကိုယ်စား လုပ်ပိုင်ခွင့် ရရှိပေသည်။ အထူးကိုယ်စားလှယ်လွှဲ စာ (S.P) မှာမူ၊ လွှဲအပ်သူက ခွင့် ပြုထားသည့်အကြောင်းအရာ လုပ်ပိုင်ခွင့်ကိုသာ ကိုယ်စားလှယ်စာရ သူက လုပ်ပိုင်ခွင့် ရှိပေသည်။

ဥပမာ- အိမ်ခြံမြေ အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုပိုင်ခွင့်၊ မြို့တော်စည်ပင်သာယာရေး ကော် မတီတွင် မြေပုံရာဇဝင် ကူးယူခွင့်၊မြေကွက်အမည်ပြောင်းခွင့် စသဖြင့်ဖော်ပြထားလျှင်ပင် အကြောင်းအရာလုပ်ပိုင်ခွင့်ကိုသာဆောင်ရွက်ပိုင်ခွင့်ရခြင်းဖြစ် သည်။

ကိုယ်စားလှယ်

ပဋိဥာဉ်အက်ဥပဒေပုဒ်မ (၁၈၂) တွင် ကိုယ်စားလှယ် ဆိုသည်မှာ သူတစ်ပါးအတွက် ကိစ္စတစ်ရပ်ရပ်ကိုဆောင်ရွက်ရန် ခန့် ထားခံရ သူ သို့မဟုတ် အခြားလူ များနှင့် ဆက်ဆံရာတွင် သူတစ်ပါး အတွက် ကိုယ်စားပြုသူကို ဆိုလို သည်ဟု ဖော်ပြထားပါသည်။

ကိုယ်စားလှယ် လွှဲအပ်ခွင့်ရှိသူနှင့် ကိုယ်စားလှယ်ဖြစ်နိုင်သူ

မိမိကိုယ်စား ကိုယ်စား လှယ် လွှဲအပ်သူသည် မိမိနှင့်သက် ဆိုင်သည့် တရားဥပဒေအရ အရွယ်ရောက်သူဖြစ်ပြီး စိတ်ပေါ့သွပ် သူ မဖြစ်စေရဟု ပဋိÓဉ်အက်ဥပ ဒေပုဒ်မ (၁၈၃) တွင် ပြဋ္ဌာန်းထား ပေသည်။ ထို့တူ ပဋိဥာဉ်အက်ဥပ ဒေပုဒ်မ (၁၈၄) တွင် မည်သူမဆို ကိုယ်စားလှယ် ဖြစ်နိုင်သော်လည်း တရားဥပဒေအရ အရွယ်မရောက်သေးသူနှင့် စိတ်ပေါ့သွပ်သူ မဖြစ်စေရဟု ဖော်ပြထားပေသည်။ ထို့ကြောင့် ကိုယ်စားလှယ် လွှဲအပ်သူနှင့် ကိုယ်စားလှယ် အဖြစ်လက်ခံသူတို့သည် ဥပဒေအရ အရွယ်ရောက်သူများ ဖြစ်ပြီးစိတ်ပေါ့ သွပ်သူများ မဖြစ်စေရ ကြောင်း သတိပြုဖို့ လိုအပ်ပေသည်။

ကိုယ်စားလှယ်လွှဲအပ်ခြင်း

ကိုယ်စားလှယ် လွှဲအပ် ရာ၌ နှုတ်ဖြင့် လွှဲအပ်နိုင်သော် လည်း တရားဝင် အငြင်းမပွားနိုင် ရန် စာဖြင့် (G.P) ဖြစ်စေ၊ (S.P) ဖြစ်စေ လွှဲအပ်နိုင်ကြောင်း ပဋိÓဉ် အက်ဥပဒေ ပုဒ်မ (၁၈၇) တွင် ပြဋ္ဌာန်းထားပေသည်။ ကိုယ်စားလှယ်လွှဲစာ (G.P) နှင့် (S.P) များကို တရားဝင် အတည်ဖြစ်စေရန်၊ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၌ စာချုပ်စာတမ်း မှတ်ပုံတင် အက်ဥပဒေပုဒ်မ (၃၃) အရ မှတ်ပုံတင် ပြုလုပ်ရန် လိုအပ် သည်။ ရန်ကုန်မြို့၊ စာချုပ်စာ တမ်း မှတ်ပုံတင်ရုံး၌ လက်ခံကျင့် သုံးနေသည်မှာ (S.P) အထူးကိုယ် စားလှယ်လွှာစာချုပ် ဆိုရာတွင် ကိုယ်စားလှယ်လွှဲစာ၌ ဖော်ပြထား သော လုပ်ပိုင်ခွင့်များနှင့် ပတ် သက်၍ လွှဲအပ်သူက ပိုင်ဆိုင် သည့် အထောက်အထား သို့မ ဟုတ် လုပ်ပိုင်ခွင့်အထောက်အ ထား စာရွက်စာတမ်းများကို တင်ပြ ရပေသည်။

ဥပမာ- အိမ်ခြံမြေနှင့် ပတ်သက်သည့် ကိစ္စရပ်များကို လွှဲ အပ်ထားပါက လွှဲအပ်သူအနေဖြင့် အဆိုပါ အိမ်ခြံမြေနှင့် ပတ်သက် သည့် ပိုင်ဆိုင်မှုအထောက်အထား၊ ဂရန် စသည်တို့ကို တင်ပြရမည် ဖြစ်သည်။ သို့သော် အထွေထွေ ကိုယ်စားလှယ်လွှဲစာ (G.P) ပြုလုပ် ချုပ်ဆိုရာတွင် ကိုယ်စားလှယ်လွှဲ အပ်သူ၏ လုပ်ပိုင်ခွင့်ကိစ္စမှန်သမျှ ကို လွှဲအပ်ခြင်း ဖြစ်သဖြင့် အ ထောက်အထား စာရွက်စာတမ်း များ တင်ပြရန် မလိုအပ်ပေ။ ထို့ကြောင့် မူလအထွေထွေ ကိုယ်စားလှယ်လွှဲစာ (G.P) ရရှိထားသူက အခြားနောက်တစ်ဦး ကို အထွေထွေကိုယ်စားလှယ်လွှဲစာ (G.P) ထပ်ဆင့် ပြုလုပ်လွှဲအပ်ခြင်း များ ရှိလာပေသည်။

ထပ်ဆင့် ကိုယ်စားလှယ်လွှဲစာ ပြုလုပ်ပေးခြင်း

ထပ်ဆင့်ကိုယ်စားလှယ် လွှဲစာပြုလုပ်ပေးခြင်း ဆိုသည်မှာ ဥပဒေနှင့်အညီ ကိုယ်စားလှယ် အဖြစ် လွှဲအပ်ခြင်း ခံထားရသူက အခြားသူတစ်ဦးကို မိမိကိုယ်စား ဆောင်ရွက်နိုင်ရန် ထပ်ဆင့်၍ ကိုယ်စားလှယ်လွှဲစာပြုလုပ်ပေးခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် G.P to G.P သို့မဟုတ် S.P to S.P ပြုလုပ်ခြင်း ဖြစ်ပေသည်။ ပဋိဥာဉ်အက်ဥပဒေပုဒ်မ (၁၉ဝ) တွင် ‘ဥပဒေနှင့်အညီ လွှဲ အပ်ခြင်းခံ ရသော ကိုယ်စားလှယ် တစ်ဦးသည် မိမိအား ကိုယ်စား လှယ် လွှဲထားသည့်ကိစ္စ၌ ထပ်ဆင့် ကိုယ်စားလှယ် ခန့်ထားခွင့် မရှိ’ ဟု ပိတ်ပင်ထားပေသည်။

ဆိုလိုသည်မှာ အိမ်ခြံ မြေ အရောင်းအဝယ် ပြုလုပ်ကြရာ၌ မြေကွက် ဝယ်သူက အရောင်း အဝယ် မှတ်ပုံတင်စာချုပ် မပြုလုပ် နိုင်သေး သဖြင့်ရောင်းသူ မြေကွက် အမည်ပေါက်ထံမှ အထွေထွေ ကိုယ်စားလှယ်လွှဲစာ(G.P)ကို ဖြစ် စေ၊ အထူးကိုယ် စားလှယ်လွှဲစာ (S.P) ကို ဖြစ်စေ ပြုလုပ်ရယူထား တတ်ကြသည်။ အဆိုပါ ကိုယ်စားလှယ် လွှဲစာ ရသူက မိမိ ဝယ်ယူထား သော အဆိုပါမြေကွက် ကို ထပ်မံ ရောင်းချရာတွင် ဝယ်ယူသူအား မြေကွက်နှင့် ပတ်သက်သည့် ကိစ္စ အဝဝကို ဆောင်ရွက်နိုင်ရန် ထပ် ဆင့် ကိုယ်စား လှယ်လွှဲစာ ပြုလုပ် ပေးပိုင်ခွင့် မရှိပေ။ ‘မြေကွက်အ မည်ပေါက် ဖြစ်သူထံမှသာ ကိုယ် စားလှယ်လွှဲစာကို တိုက်ရိုက်ရယူ ထားကြရ မည်’ ဖြစ်သည်။

ကိုယ်စားလှယ်လွှဲစာ ပြုလုပ်ပေးခြင်းနှင့် အဖိုးစားနား

ပဋိဥာဉ်အက်ဥပဒေပုဒ်မ (၁၈၅) တွင် ကိုယ်စားလှယ်လွှဲစာပြုလုပ်ပေးရန် သို့မဟုတ် ကိုယ်စားလှယ်ပြုလုပ်ရန် မည်သည့် အဖိုးစား နားမျှ ပေးရန်မလိုဟု ပြဋ္ဌာန်းထားပေသည်။ သို့သော် ငွေရင်းနှီးမြှုပ်နှံသည့် အိမ်ခြံမြေ ဝယ်ရောင်းများ အနေဖြင့် ဝယ်ခွန်မဆောင်လို သောကြောင့် မှတ်ပုံတင်အရောင်း အဝယ်စာချုပ် ချုပ်ဆိုခြင်း မပြုဘဲမြေကွက်အမည်ပေါက်ထံမှ ကိုယ် စားလှယ်လွှဲစာ ရယူထားလေ့ ရှိကြသည်။

၎င်းတို့က အကျိုးအ မြတ်ရ၍ အဆိုပါမြေကွက်ကို ထပ်မံရောင်းချရာတွင် ဝယ်သူအား ၄င်းတို့အနေဖြင့် ထပ်ဆင့်ကိုယ် စားလှယ်လွှဲ စာပြုလုပ်ပေးခွင့် မရှိ ပေ။ ထပ်ဆင့်ဝယ်ယူသူအား မူလ မြေကွက် အမည်ပေါက်မှ လွှဲအပ်သည့် ကိုယ်စားလှယ်လွှဲစာ အသစ် ကို ပြုလုပ်ပေးကြရသည်။ ဤတွင် အိမ်ခြံမြေ အမည်ပေါက်သူကမြေကွက် ထပ်ဆင့်လွှဲပြောင်း ဝယ်ယူသူအတွက် ကိုယ်စားလှယ်လွှဲစာ ပြုလုပ်ပေးရ ခြင်းအပေါ် သင့်တော်သည့် အဖိုး စားနား သတ်မှတ်ရယူကာ ကိုယ် စားလှယ်လွှဲစာကို ပြုလုပ်ပေးလျက် ရှိကြသည်။

ကိုယ်စားလှယ်လွှဲစာ ရုတ်သိမ်းခြင်း

ကိုယ်စားလှယ် လွှဲအပ် သူသည် မိမိ၏ ကိုယ်စားလှယ်လွှဲ စာကို မည်သည့်အချိန်တွင်မဆို ရုပ်သိမ်းနိုင်သည်ဟု ပဋိÓဉ်အက် ဥပဒေပုဒ်မ (၂ဝ၁) တွင်ပြဋ္ဌာန်းထားပါသည်။ ကိုယ်စားလှယ်လွှဲစာပေးအပ်သူဖြစ်စေ၊ ကိုယ်စားလှယ် လွှဲစာ လက်ခံရရှိသူ (ကိုယ်စား လှယ်) ဖြစ်စေကွယ်လွန်သွားပါက ကိုယ်စားလှယ်လွှဲစာသည် ဆုံးခန်း တိုင်ပြီး ပျက်ပြယ်သွားပြီ ဖြစ် သည်။ တစ်ခါတရံ ကိုယ်စား လှယ်လွှဲစာများ၌ ရုပ်သိမ်း၍မရ သော ကိုယ်စားလှယ်လွှဲစာဟု ဖော် ပြလွှဲအပ်တတ်ကြသည်။

အထူးသဖြင့် ကန်ထရိုက်တိုက်များဆောက်လုပ်ကြရာတွင် မြေအမည်ပေါက် ပိုင်ရှင်တို့က ကန်ထရိုက်တာများကိုပေးသည့် ကိုယ်စား လှယ်လွှဲစာ များတွင် အများဆုံး တွေ့ရသည်။ ထိုသို့သော ကိုယ်စား လှယ်လွှဲစာများကို ရုပ်သိမ်းပယ် ဖျက်လိုပါက ကိုယ်စားလှယ် အဖြစ် လွှဲအပ်ခြင်းခံရသူသည် လွှဲအပ် ထားသည့် အခွင့်အာဏာကို ဖောက်ဖျက်ကြောင်း ဖော်ပြကာ တရားရုံးတွင် ကိုယ်စားလှယ် လွှဲစာ ဖျက်သိမ်းပေးစေလိုမှုကို စွဲဆိုရမည် ဖြစ်ကြောင်း ဗဟုသုတအဖြစ် ရေး သားလိုက်ပါသည်။

Credit: myanmar market

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service