ကွန်ဒို၊ တိုက်ခန်းများနှင့် အဆင့်မြင့်အိမ်ရာစီမံကိန်းကြီးများရှိ ဆောက်လုပ်ဆဲအခန်းများ ရောင်းချသည့်ပွဲတွင် ၀ယ်သူထက် လေ့လာသူသာပိုများ - Property News in Myanmar from iMyanmarHouse.com
1498 Views

ကွန်ဒို၊ တိုက်ခန်းများနှင့် အဆင့်မြင့်အိမ်ရာစီမံကိန်းကြီးများရှိ ဆောက်လုပ်ဆဲအခန်းများ ရောင်းချသည့်ပွဲတွင် ၀ယ်သူထက် လေ့လာသူသာပိုများ

ကွန်ဒို၊ တိုက်ခန်းများ အဆင့်မြင့်အိမ်ရာ စီမံကိန်းကြီးများရှိ ဆောက်လုပ်ဆဲအခန်းများ ရောင်းချသည့်ပွဲ ပထမနေ့တွင် ၀ယ်ယူသူထက် လေ့လာသူသာ ပိုများကြောင်း သိရသည်။

အဆိုပါပြပွဲကို မေ ၁ ရက်က ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ပထမအကြိမ်အဖြစ် စတင်ကျင်းပခဲ့ပြီး မေ ၂ ရက်နှင့် ၃ ရက်တို့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“အခုလောလောဆယ်က လေ့လာတဲ့သူက များတယ်။ တစ်ခါတည်း ၀ယ်သွားတာမျိုး မရှိဘူး။ လာကြည့်တဲ့သူ တော်တော်များများကတော့ စိတ်ဝင်စားမှု ရှိကြတယ်။ အခု ကျွန်တော်တို့ Ker အနေနဲ့ကတော့ တိုက်ခန်းတွေက တစ်ဝက်လောက် ရောင်းပြီးသွားပြီ။

ကျန်တဲ့တစ်ဝက်ကအရောင်းပိတ်ထားတယ်။ မြေပေါ်ရောက်မှပဲ ရောင်းမယ်ဆိုပြီး လုပ်ထားတာ။ ဒါပေမဲ့ အခုလို ပြပွဲလုပ်မယ်ဆိုတော့ အရောင်းဖွင့်လိုက်တယ်။

ဒီပြပွဲမှာ အခန်းငါးခန်းကိုတော့ ကျွန်တော်တို့ Special Break အနေနဲ့ ကျွန်တော်တို့ စီစဉ်ပေးထားတယ်။

ဝယ်ယူတဲ့အခန်းပေါ် မူတည်ပြီးတော့ အထူးလျှော့ဈေးတွေနဲ့ ရောင်းချပေးသွားမှာပါ။

ကျွန်တော်တို့ ရောင်းဈေးကတော့ တစ်စတုရန်းပေကို သုံးသိန်းခုနစ်သောင်းဝန်းကျင်ကနေ စပါတယ်” ဟု ပြပွဲတွင် အရောင်းပြခန်း ဖွင့်လှစ်ထားသည့် Ker အဆင့်မြင့် တိုက်ခန်းနှင့် ကွန်ဒိုအရောင်းပြခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုပြပွဲတွင် ပြသထားသည့် အဆင့်မြင့်တိုက်ခန်း၊ ကွန်ဒိုနှင့် တိုက်ခန်းများသည် အနိမ့်ဆုံး ကျပ်သိန်း ၃၀၀မှ အမြင့်ဆုံး ကျပ်သိန်း ၄၀၀၀ ကျော်အထိရှိပြီး အခြေခံလူတန်းစားများအနေဖြင့် လက်လှမ်းမီရန် ခက်ခဲနေဆဲဖြစ်ကြောင်း သိရသည်။

ထိုပြပွဲတွင် အခြေခံလူတန်းစားများ လက်လှမ်းမီနိုင်သည့် တိုက်ခန်းများ ရောင်းချသည့် အရောင်းပြခန်းနည်းပါးပြီး ထိုကဲ့သို့ အရောင်းပြခန်းများ ပိုမိုထည့်သွင်းသင့်ကြောင်း ပြပွဲသို့ လာရောက် ကြည့်ရှုသူတစ်ဦးက ပြောကြားသည်။

“ကျွန်မတို့ ကုမ္ပဏီကတော့ တောင်ဥက္ကလာမှာရှိတာပါ။ ရိုးရိုးတိုက်ခန်းသုံးခုနဲ့ ကွန်ဒိုသုံးခုကို ရောင်းချနေပါတယ်။

ရိုးရိုးတိုက်ခန်းကို ကြည့်တဲ့သူများတယ်။ ပြပွဲဆိုတဲ့အတွက် စုံစမ်းတဲ့သူက ပိုများတယ်။ အခု ချက်ချင်းကြိုက်လို့ ယူသွားတာလည်းရှိတယ်။လောလောဆယ်တော့
လေးခန်းလောက် ရောင်းပြီးသွားပြီ။ ရိုးရိုးတိုက်ခန်းတွေ ရောင်းရတာပါ။ မြေညီထပ် ၆၀၀ တန်၊ ဒါဘာ ၃၀၀ တန်တွေ ရောင်းရတာပါ။

တောင်ဥက္ကလာ (၆) ရပ်ကွက်ထဲမှာ ဒါဘာခန်းကို သိန်း ၅၀၀ နဲ့ ရောင်းထွက်သွားတယ်”ဟု NHM ဆောက်လုပ်ရေးနှင့် အိမ်အလှဆင်ကုမ္ပဏီလီမိတက်မှ အရောင်းမြှင့်တင်ရေး ၀န်ထမ်းတစ်ဦးက ပြောကြားသည်။

“ပြပွဲ ပထမရက်မှာ စုံစမ်းတဲ့သူပဲ ရှိတယ်။ တကယ်ဝယ်တဲ့သူတော့ မရှိသေးဘူး။ အခုစဆောက်မယ့် အလုံးတွေကိုတော့ ပရိုမိုးရှင်းအနေနဲ့ လ ၃၀ အရစ်ကျပေးသွင်းဖို့ လုပ်ထားတယ်။ ဆောက်မယ့်နေရာတွေ က တောင်ဥက္ကလာ၊ လှိုင်၊ သာကေတနဲ့ ဒေါပုံတွေမှာပါ။ ငွေသွင်းတဲ့ နေရာမှာလဲ ပထမ အရစ်မှာ ၁၀ ရာခိုင်နှုန်း သွင်းရမှာဖြစ်ပါတယ်။ တစ်ခန်းသိန်း ၃၀၀ဆိုရင် တစ်ခန်း ကို ၁၀ သိန်းနဲ့ လစဉ်သွင်းရမှာ ဖြစ်ပါတယ်။ အခုရောင်းနေတဲ့အထဲမှာ အနိမ့်ဆုံး သိန်း ၃၀၀ လောက်ကနေ အမြင့်ဆုံး မြေညီထပ် ၈၀၀၊ ၁၀၀၀ လောက်အထိ ပါပါတယ်။

အခုပြပွဲမှာ လူများတဲ့အတွက် ပရိုမိုးရှင်းလုပ်ရတာ ပိုကောင်းတာပေါ့”ဟု ခေတ်မှီဦး ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဉာဏ်ထက်အောင်က ဆိုသည်။

အိမ်ခြံမြေ အရောင်းပြပွဲကြီးတွင် အဆင့်မြင့်အိမ်ရာအခန်းများ၊ ရုံးခန်းများ၊ ဆိုင်ခန်းများ၊ကွန်ဒိုနှင့် တိုက်ခန်းရောင်းချမှုများအပြင် အိမ်ခန်းအလှဆင်ပစ္စည်းများ၊ အိမ်တွင်းပရိဘောဂများရောင်းချသည့် ပြခန်းများပါဝင်ပြီး အဆိုပါ ပြပွဲတွင် ကုမ္ပဏီပေါင်း ၄၀ ကျော် ပါဝင်ပြသကြောင်း သိရသည်။

“ကျွန်မတို့ HAGL မှာက ရောင်းတဲ့အပိုင်း မဟုတ်ဘဲနဲ့ သုံးနှစ် အနည်းဆုံး ငှားရမ်းတာတွေ ရှိပါတယ်။ ဇူလိုင်လထဲမှာ Retail နဲ့ ရုံးခန်းတွေကိုစပြီး Soft Openning ၊ စက်တင်ဘာမှာ Grand Openning လုပ်သွားမှာပါ။ အခုပြပွဲမှာ ဖွင့်ထားတဲ့ ပြခန်းမှာက သတင်းအချက်အလက်ပိုင်း ရှင်းပြတာတွေပဲ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငှားတယ်ဆိုတာ အချိန်နည်းနည်းပေးရတယ်။

အသေးစိတ်သွားတာကိုတော့ နောက်တစ်ဆင့်မှ ပြန်သွားလို့ရမယ်” ဟု HAGL မှ စီနီယာမန်နေဂျာ ဒေါ်နွယ်နီစိုး ကပြောကြားသည်။

“ကျွန်မတို့ Time City က ဒီမှာပဲ အရောင်းပြခန်းဖွင့်ပြီး တစ်ခါတည်း ရောင်းချပေးနေတာပါ။ ရုံးခန်းတွေရော၊ ကွန်ဒိုအခန်းတွေရော တစ်ခါတည်းတင်သွားတယ်။

ဝယ်မယ့်သူတွေက မေ ၅ ရက်မှ စာချုပ်ချုပ်ရမှာ ဖြစ်ပါတယ်။ Booking လက်ခံနေတာပေါ့။ ရုံးခန်းဖွင့်ပြီး ရောင်းနေတာ တစ်နှစ်ရှိသွားပြီ။ အခန်း ရာခိုင်နှုန်း ၉၀ လောက်ရောင်းပြီးသွားပြီ။ ဟံသာဝတီ ကားပွဲစားတန်းအဟောင်းနေရာမှာ Time City ကို အကောင်အထည်ဖော်နေတာပါ။

တစ်စတုရန်းပေကို ကြမ်းခင်းဈေး နှစ်သိန်းခြောက်သောင်း ကနေ နှစ်သိန်းရှစ်သောင်းဝန်းကျင်အထိရှိတယ်။ ပရောဂျက် အကောင်အထည်ဖော်မယ့် မြေက ဂရန်မြေလား၊ BOT လားဆိုတာ မဖြေလိုပါဘူး” ဟု Time City ပရောဂျက်မှ အရောင်းမြှင့်တင်ရေးမန်နေဂျာ ဒေါ်နန်းစန္ဒာဝင်းက
ပြောကြားသည်။

အချို့သော အဆင့်မြင့်အိမ်ရာစီမံကိန်းရှိ အခန်းအများစုမှာ ရောင်းချပြီးဖြစ်သော်လည်း ယင်းအခန်းများအား ပြန်လည်ဝယ်ယူလိုပါက အဆင့်မြင့်အိမ်ရာဖော်ဆောင်ရေးကုမ္ပဏီးများက ပိုင်ရှင်များနှင့် ချိတ်ဆက်ပြီး ပြန်လည်ရောင်းချမှုများလည်း
ပြုလုပ်ပေးနေကြောင်း သိရသည်။

“ကျွန်မတို့အနေနဲ့ အခန်းဝယ်မယ်ဆိုရင်တဲ့ ယုံကြည်ရတဲ့ အခန်းမျိုးပဲ ၀ယ်ချင်ပါတယ်။ BOT မြေပေါ်မှာ ဆောက်တဲ့ အဆောက်အအုံက အခန်းကိုတော့ မလိုချင်ပါဘူး။အခုပြပွဲမှာတော့ BOT မြေတွေ နည်းပါတယ်”ဟု ပြပွဲသို့ လာရောက်ကြည့်ရှုသူတစ်ဦးက ပြောကြားသည်။

Credit: Elevemediagroup

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service