ပါမစ်မြေကို ဝယ်မယ်ဆိုရင် - Property Knowledge in Myanmar from iMyanmarHouse.com
3352 Views

ပါမစ်မြေကို ဝယ်မယ်ဆိုရင်

Knowledge | Posted by Shwe Zin Win

အိမ်၊ ခြံ၊ မြေ ဝယ်ယူသူများအနေဖြင့် ဒဂုံမြို့သစ် (၄) မြို့နယ်အတွင်းရှိ ပါမစ်မြေ ဝယ်မည်ဆိုပါက ဂရုတစိုက် သတိပြုသင့်သော အချက်များရှိပါသည်။ ဒဂုံမြို့သစ် (၄) မြို့နယ်သည် အများအားဖြင့် ပါမစ်မြေ အမျိုးအစား မြေကွက်များဖြစ်သဖြင့် ပါမစ်မြေဝယ်မည်ဆိုပါက အောက်ပါ အချက်များ သတိပြုသင့်ပါသည်။

အိမ်၊ ခြံ၊ မြေ ဝယ်ယူသူများအနေဖြင့် မိမိဝယ်ယူမည့်မြေကွက်တွင် ကျူးကျော်နေထိုင်သူများ ရှိ/မရှိ ကို မြေပြင်တွင် သွားရောက်ကြည့်ရှု့ရန်လိုအပ်ပါသည်။ ပါမစ်မြေ စာရွက်စာတမ်းများကို တတ်သိနားလည်သော အကျိုးဆောင်များ၊ ရှေ့နေများဖြင့် တိုင်ပင်သင့်ပါသည်။

ပါမစ်မြေကို သက်ဆိုင်ရာ အိုးအိမ်ရုံးတွင် မြေတိုင်းရပ်ကွက်နှင့် မြေကွက်အမှတ် မှန် / မမှန်၊ မြေအမည်ပေါက် မှန် / မမှန် တို့ကို စစ်ဆေးပြီး အထက်ပါ အချက်အလက်များကို ကျွမ်းကျင်သူ ရှေ့နေများနှင့် တိုင်ပင်ပြီး စရံငွေပေးချေသင့်ပါသည်။

စရံချပြီးလျှင် ပြုလုပ်သင့်သော အချက်များမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးရုံးတွင် မိမိမြေကွက်နှင့်ပတ်သက်သည့် ပါမစ်မြေ အမည်ပေါက် မှန်/မမှန် ကို ထပ်မံ စစ်ဆေးရပါမည်။

မြေကွက်ဝယ်ယူမည့်သူများအနေဖြင့်လည်း အဆိုပါမြေကွက်နှင့်ပတ်သက်သည့် ကန့်ကွက်နိုင်ကြောင်း ကြော်ငြာစာကို နိုင်ငံပိုင် သတင်းစာများတွင် ငွေနောက်ဆုံးပေးချေရမည့် ရက်အတိုင်းအတာ (၇) ရက်သော်လည်းကောင်း (၁၄) ရက်သော်လည်းကောင်း ကြော်ငြာသင့်ပါသည်။

အရေးကြီးဆုံးအချက်မှာ စရံစာချုပ်တွင် နောက်ဆုံးငွေပေးချေရမည့်ရက်ကို လုံလုံလောက်လောက်ယူသင့်ပါသည်။ မြေကွက်ကို ငွေချေပြီးပါက မိမိမြေကွက်သည် ခြံခတ်ထားခြင်းမရှိပါက ခြံခတ်ထားသင့်ပါသည်။

ဝယ်ယူသူအများစုအနေဖြင့် မိမိမြေကွက်ကို ဝယ်ယူပြီးပါက ဒီအတိုင်းပစ်ထားတက်တာကြောင့် နောင်တစ်ချိန်တွင် ကျူးကျော်ဝင်ရောက်နေထိုင်သူများရှိပါက စကားများများပြောရခြင်း၊ ပြောင်းရွှေ့စရိတ်ပေးရခြင်း ပြဿနာများဖြစ်တက်ခြင်းကြောင့် ကြိုတင်ကာကွယ်သင့်ကြောင်း အသိပေးတင်ပြလိုက်ရပါသည်။

Credit: Myanmar Property News

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service