လူနေအဆောက်အအုံ ဆောက်လုပ်ဝယ်ယူရာတွင် ကန်ထရိုက်များနှင့် စာချုပ်အခိုင်အမာ ချုပ်ဆိုသင့် - Property Knowledge in Myanmar from iMyanmarHouse.com
2275 Views

လူနေအဆောက်အအုံ ဆောက်လုပ်ဝယ်ယူရာတွင် ကန်ထရိုက်များနှင့် စာချုပ်အခိုင်အမာ ချုပ်ဆိုသင့်

Knowledge | Posted by Zarni Kyaw

လူနေအဆောက်အအုံများ ဆောက်လုပ်ဝယ်ယူရာတွင် အရှုပ် အရှင်း ကင်းစေရန်အတွက် မြေရှင် များ၊ အိမ်ခန်းဝယ်ယူသူများအနေ ဖြင့် ကန်ထရိုက်များနှင့် စာချုပ်ချုပ် ဆိုရာ၌ အခိုင်အမာစာချုပ်များ ချုပ် ဆိုရန် လိုအပ်ကြောင်း ဥပဒေပညာ ရှင်များနှင့် အိမ်ခြံမြေအကျိုးဆောင် များက ပြောသည်။

အိမ်ခြံမြေဈေးကွက် အေးနေ သည့် ယခုအချိန်တွင် ဆောက်လုပ် ရေး ကန်ထရိုက်အချို့သည် လုပ်ငန်း များ ရပ်ဆိုင်းခြင်းနှင့် အချိန်ဆွဲ ဆောက်လုပ်ခြင်းတို့ ပြုလာကြောင်း၊ ထိုမျှမက ပိုင်ဆိုင်မှုဆိုင်ရာ အရှုပ် အရှင်းများလည်း မကြာခဏ ကြား နေရကြောင်း၊ သို့ဖြစ်၍ ထိုသို့ မလို လားအပ်သော အရှုပ်အရှင်းများ ဖြစ် ပေါ်လာပါက ဆောက်လုပ်ခွင့်ကို ရပ်ဆိုင်းထားရသည့်အတွက် မြေရှင် များနှင့် အခန်းဝယ်ယူထားသူများ နစ်နာနိုင်ကြောင်း၊

ထို့ကြောင့် ကန် ထရိုက်များနှင့် စာချုပ် ချုပ်ဆိုရာတွင် အရပ်စာချုပ်များဖြင့် အဖြစ်သဘော ချုပ်ဆိုခြင်း မပြုဘဲ အခိုင်အမာ စာချုပ်များဖြင့် ချုပ်ဆိုလုပ်ကိုင်သင့် ကြောင်း အကြံပေးခြင်းဖြစ်သည်။

”ကန်ထရိုက်တာတွေ ပညာ ပေးလို့ မြေရှင်တွေ၊ ဝယ်တဲ့သူတွေ ဒုက္ခရောက်နေရတာ အများကြီးရှိ တယ်။ တချို့ကန်ထရိုက်က ငွေမရှိလို့ ဆက်မဆောက်နိုင်တော့ဘဲ တခြား တစ်ယောက်ကို လွှဲပြီး ခေါင်းရှောင် တာတွေ အများကြီး တွေ့နေရတယ်။

ဒါကြောင့် လုပ်ငန်းမလုပ်ခင် အသေ အချာ စာချုပ်ချုပ်ပြီးမှ လုပ်သင့် တယ်။ ကိုယ်လက်တွဲမယ့် ကန် ထရိုက်ရဲ့ image ကိုလည်း မြေရှင် ရော အခန်းဝယ်တဲ့သူပါ ကြည့်ပြီးမှ အလုပ်လုပ်ဖို့ လိုတယ်”ဟု ဝါရင့် တရားလွှတ်တော်ရှေ့နေ ဦးထွန်း အေးက ပြောသည်။

”ရောင်းတာ ဝယ်တာပဲ ဖြစ် ဖြစ်၊ မြေရှင်နဲ့ ကန်ထရိုက်ပဲ ဖြစ်ဖြစ်၊ ဝယ်သူနဲ့ ကန်ထရိုက်ပဲဖြစ်ဖြစ် စာချုပ် စာတမ်းတွေကို ကျွမ်းကျင်တဲ့ ဥပဒေ ပညာရှင်တွေနဲ့တိုင်ပင်ပြီး ချုပ်ဖို့ လို တယ်။ ဒါမှ နစ်နာဆုံးရှုံးမှု နည်းပါး မှာ ဖြစ်တယ်” ဟု တရားလွှတ်တော် ရှေ့နေ ဦးအေးမင်းက ပြောသည်။

ပုံမှန်အားဖြင့် ကန်ထရိုက်တိုက် တစ်လုံးကို အနည်းဆုံး နှစ်နှစ်အတွင်း အပြီးအစီး တည်ဆောက်ပြီး လူနေ ထိုင်ခွင့်ကျသည်အထိ လုပ်ဆောင် ရန် စာချုပ်တွင် ထည့်သွင်းချုပ်ဆိုရန် လိုအပ်သည့်အပြင် အချိန်ကြန့်ကြာ မှု ရှိပါကလည်း မြေရှင်နှင့် ကြိုပွိုင့် စနစ်ဖြင့် အခန်းဝယ်ယူထားသူများ အား လစဉ်နစ်နာကြေး မည်မျှပေးရ မည်ကိုပါ စာချုပ်များတွင် ထည့်သွင်း ချုပ်ဆိုရန် လိုအပ်သည်။

”မြေတူးပြီး နှစ်နှစ်အတွင်း အပြီး ဆောက်ပေးရမယ် ဆိုပြီး စာချုပ်ထဲ မှာ ထည့်ချုပ်ကြတာထက် မြေရှင်နဲ့ ကန်ထရိုက်တာအကြား စာချုပ် ချုပ် တဲ့ နေ့ကနေ နှစ်နှစ်အတွင်း လူနေ ထိုင်ခွင့်ကျဖို့အထိ ချုပ်သင့်တယ်။

တချို့ဆို ကန်ထရိုက်တွေ ရှောင်နေ တာမျိုး ဖြစ်လာတယ်”ဟု ရွှေမာလာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ကိုသန်းထိုက်က ပြောသည်။

”စည်ပင်ဆီက ဆောက်လုပ် ခွင့်ကျဖို့အတွက် ကန်ထရိုက်တာ တွေက မြေရှင်ဆီက ဂရန်အစစ်တွေ တောင်းပြီး ပြန်မပေးဘဲ ပေါင်ပြီး ငွေလှည့်သုံးထားတွေ အများကြီး ရှိတယ့်အတွက် ပြဿနာတွေ အများ ကြီးပဲ။ စာချုပ်တွေကို အသေအချာ စိစစ်ပြီး ချုပ်ဖို့လိုအပ်တယ်”ဟု ဟိုင်း ဝေးစတား အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမောင်အောင်က ပြောသည်။

Credit: thetradetimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

Upcoming Property Events

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service