အိမ်ရာများကို နှစ်ရှည်စနစ်ဖြင် ဈေးနှုန်းချိုသာစွာ ရောင်းချပေးမှ မြို့ ပြနေထိုင်မှု အဆင်ပြေမည် - Property News in Myanmar from iMyanmarHouse.com
1357 Views

အိမ်ရာများကို နှစ်ရှည်စနစ်ဖြင် ဈေးနှုန်းချိုသာစွာ ရောင်းချပေးမှ မြို့ ပြနေထိုင်မှု အဆင်ပြေမည်

သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် လူနေအိမ်ရာများအား နှစ်ရှည်စနစ်ဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးနိုင်သည့် ပုံသဏ္ဌာန်မျိုး ဖွံ့ဖြိုးလာမှသာ မြို့ပြနေထိုင်သူတို့ အတွက် နေထိုင်မှုအဆင်ပြေမည် ဖြစ်ကြောင်း ပြည်တွင်း အိမ်ခြံမြေ အရေး စိတ်ဝင်စားသူများက သုံးသပ် ပြောကြားသည်။

မြို့ပြတွင် နေထိုင်ကြသူများ အနက် အမှန်တကယ် အိမ်ရာလို အပ်သူများ၊ အိမ်ငှားရမ်းနေရသူများ နှင့် ကျူးကျော်နေထိုင်သူများကို အိမ်ရာစီမံကိန်းများ ဖော်ထုတ် ရောင်းချပေးရန် လိုအပ်ကြောင်း၊ ထိုသို့ရောင်းချပေးမည့် အိမ်ခန်းများ အား အတိုးနှုန်းသက်သာစွာဖြင့် နှစ်ရှည်စနစ်ဖြင့် ရောင်းချပေးခြင်း၊ ဈေးနှုန်းချိုသာစွာဖြင့် ငှားရမ်းပေး ခြင်းတို့ဖြင့် လုပ်ဆောင်ရန် လိုအပ် နေကြောင်း စီးပွားရေးပညာရှင်များ နှင့် လုပ်ငန်းရှင်များထံမှသိရသည်။

”တန်ဖိုးနည်းအိမ်ရာ လူတွေ မဝယ်နိုင်ဘူးဖြစ်နေတာကို နှစ်ရှည် စနစ်နဲ့ ရောင်းပေးဖို့လိုတယ်။ အိမ် မရှိတဲ့သူတွေကို အိမ်ရစေချင်တယ် ဆိုရင် အတိုးနှုန်းသက်သာနဲ့ ၁ဝ ရာခိုင်နှုန်းလောက်သွင်းပြီး ကျန်တာ နှစ်ရှည်ပေးဆပ်တဲ့ စနစ်ဆိုရင် အဆင်ပြေမှာပါ။ အိမ်ရာလိုအပ် သလောက် ဈေးကွက်က ဖြည့်ဆည်း ပေးနိုင်မှ ဖြစ်မယ်။ ငှားရမ်းခနှုန်းကို လည်း သက်သက်သာသာဖြစ် အောင်လုပ်ပေးမယ်။

အစိုးရက စိုက် ထုတ်လုပ်ကိုင်မှ အဆင်ပြေသွားနိုင် တယ်” ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ အရှေ့ပိုင်း ခရိုင်မှ တတ်သိပညာရှင် ဒေါက်တာ စိုးထွန်းက ပြောသည်။

အိမ်ရာလိုအပ်ချက်များ အများ အပြားရှိနေသည့်အတွက် နိုင်ငံတော် မှ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက် နေသော်လည်း ဈေးကွက်လိုအပ် ချက်ပြည့်မီအောင် ဆောက်လုပ် နိုင်ခြင်း မရှိခြင်း၊ ရောင်းချပေးနေ သည့် ဈေးနှုန်းများမှာလည်း ဝင်ငွေ နည်း ပြည်သူများသာမက ပုံမှန်ဝင် ငွေရှိသည့် ဝန်ထမ်းများပင် လက် လှမ်းမီရန် ခက်ခဲသည့် ဈေးနှုန်းများ ဖြစ်နေခြင်းတို့အပြင် အိမ်ငှားရမ်း နေထိုင်နေရသူများ၊ ကျူးကျော် နေထိုင်သူများအတွက် လစဉ် ငှား ရမ်းခပေးချေရသည့် အငှားအိမ်ရာ စနစ် ထူထောင်ရန်ဆိုသည်မှာလည်း ဘဏ္ဍာရေးအရ အကောင်အထည် ဖော်ရန် ခက်ခဲလျက်ရှိသည်။

”အိမ်လိုနေတဲ့ သူတွေ သိန်း ၁ဝဝ တိုက်ခန်းကို သိန်း ၈ဝ နဲ့ ချရောင်းလည်း ဘယ်သူမှ ဝယ်နိုင်မှာ မဟုတ်ဘူး။ သူတောင် လတ်တလော မှာ အိမ်ငှားနေရတာတို့၊ ကျူးကျော် နေရတာတို့ ဖြစ်နေတာ။ ဒီတော့ သူတို့ကို အတိုးနှုန်းသက်သက်သာ သာနဲ့ နှစ်ရှည်အိမ်ဝယ်ခွင့်တို့၊ လစဉ် အိမ်လခပေးတဲ့ အငှားဝယ်စနစ်တို့ လုပ်ပေးရမယ်။ အစိုးရက လုပ်မှ ဒီကိစ္စ အလုပ်ဖြစ်မယ်။ အစိုးရမှာ ငွေမရှိလည်း အတိုးနှုန်းသက်သာတဲ့ ADB တို့၊ World Bank တို့ကနေ ချေးပြီး လုပ်မှဖြစ်မယ်” ဟု စီးပွားရေး ပညာရှင် ဒေါက်တာကိုကိုကြီးက သုံးသပ်ပြောဆိုသည်။

တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများ ကို ဈေးကွက်လိုအပ်ချက်များ ပြည့်မီ အောင် အလုံးအရင်းဖြင့် တည် ဆောက်နိုင်ရေးနှင့် ပတ်သက်၍ ”ချေးငွေကိစ္စကိုလည်း ကြိုးစားပေး နေပါတယ်။ CHD ဘဏ်ကနေ လည်း ဆောက်တဲ့သူတွေ၊ ဝယ်တဲ့ သူတွေအတွက် လုပ်ပေးနေပါတယ်။ ဂျပန် CHD အတွက်လည်း ကြိုးစား ပေးပါတယ်။

သူတို့က အိမ်ရာဆိုတာ ထက် အခြေခံအဆောက်အဦနဲ့ ပတ် သက်ရင် တိတိကျကျကူညီးပေးလို့ရ တယ်လို့ ပြောပါတယ် ”ဟု မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဒေါ်မီမီတင်က
ပြောသည်။

Credit: thetradetimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service