စက်မှုဇုန်ဧရိယာအတွင်း ကျူးကျော်နေထိုင်သူများကို စနစ်တကျ နေရာပြန်လည်ချထားပေးရန် လိုအပ် - Property News in Myanmar from iMyanmarHouse.com
771 Views

စက်မှုဇုန်ဧရိယာအတွင်း ကျူးကျော်နေထိုင်သူများကို စနစ်တကျ နေရာပြန်လည်ချထားပေးရန် လိုအပ်

စက်မှုဇုန်ဧရိယာအတွင်း ကျူး ကျော်နေထိုင်သူများကို စနစ်တကျ မှတ်တမ်းတင်၍ ဈေးနှုန်းသက်သာ သည့် မြေကွက်များပေါ်တွင် အစိုးရ အဖွဲ့က အစီအစဉ်တကျ ပြန်လည် နေရာချထားပေးခြင်းဖြင့် စက်မှုဇုန် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ပိုမိုလုပ် ဆောင်နိုင်မည့်အပြင် ကျူးကျော်နေ ထိုင်သူများ၏ ဘဝနေထိုင်ရေးကိုပါ အဆင်ပြေစေနိုင်မည်ဖြစ်ကြောင်း စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီမှ သတင်းရရှိသည်။

”ကျွန်တော်တို့ နိုင်ငံမှာ မြေတွေ ပေါနေပေမယ့် လုပ်ပိုင်ခွင့် ရှားနေ တယ်။ ဥပဒေကလည်း ရှိပြီးသားပါ။ အရင်တုန်းကဆိုရင် ဘယ်လမ်းတွေ ပေါ်မှ ကျူးကျော်တွေ အခုလောက် မရှိပါဘူး။ အိုးအိမ်မှာ ၂၁ / ၁ ဥပဒေက ပြဋ္ဌာန်းပြီးသားပါ။ သူတို့တစ်တွေကို စာရင်းကောက်ပါ။ ပြီးရင် မြေဈေး သက်သာတဲ့ နေရာတွေကို ရွှေ့ပြီး အခြေချပေးလိုက်ရင် လမ်းတွေ၊ မြေ ကွက်တွေမှာလည်း ကျူးကျော်တွေ ပျောက်သွားနိုင်တယ်။ ဒီကိစ္စတွေကို အောက်ခြေမှာ ဘာမှ လုပ်ကိုင်လို့ မရတဲ့ အခြေအနေတွေ ဖြစ်နေတယ်” ဟု ရွှေလင်ပန်းစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးအေးသောင်းက ပြောသည်။

မြို့ပြဒေသသို့ လာရောက် အခြေချနေထိုင်သူများ တဖြည်း ဖြည်း များပြားလာနေသောကြောင့် ဝင်ငွေနည်း မိသားစုများ၊ အိမ်ငှား ရမ်းရန်အတွက် အခက်အခဲများရှိနေ သည့် မိသားစုများအနေဖြင့် အစိုးရ နှင့် ပုဂ္ဂလိကပိုင် မြေကွက်လွတ်များ ပေါ်တွင် အဆင်ပြေသလို ကျူးကျော် နေထိုင်လာခဲ့ကြသည်။

”ကျွန်တော်တို့ ရွှေလင်ပန်းစက် မှုဇုန်ရဲ့ သမ္မတအစီအစဉ်နဲ့ ဝန်ထမ်း တွေအတွက် ဆောက်မယ့် တန်ဖိုး မျှတအိမ်ရာစီမံကိန်း မြေနေရာမှာ ကျူးကျော်တွေ အများကြီး ရှိနေ တယ်။ သူတို့ကို သွားပြီး ဖယ်ခိုင်းဖို့ သွားညှိတဲ့အခါ တဲတစ်တဲကို လေး သိန်းတောင်းတယ်။ သူတို့ကလည်း နေစရာမရှိလို့ အခုလို ကျူးကျော်နေ ရတယ်လို့ပဲ ပြောနေတယ်။ ဒီကိစ္စ တွေကို ဥပဒေနဲ့ ထိန်းညှိလိုက်ရင် အဆင်ပြေသွားနိုင်တယ် ”ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့တော်၌ ကျူးကျော် နေထိုင်သူ အများစုမှာ စက်မှုဇုန်များ တွင်ပင် အလုပ်လုပ်ကိုင်သူများ ဖြစ် သဖြင့် စက်မှုဇုန်များ၏ မနီးမဝေးရှိ ဈေးနှုန်းသက်သာသည့် မြေကွက် လွတ်များပေါ်၌ ကျူးကျော်နေထိုင် သူများကို စိစစ်ပြီး ပြန်လည်နေရာ ချထားပေးခြင်းဖြင့် နှစ်ဦးနှစ်ဖက် ပိုမိုအဆင်ပြေနိုင်ကြောင်း စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုး အောင်မှ တစ်ဆင့် နိုင်ငံတော်သမ္မတ ထံသို့ မတ်လ ၃ဝ ရက်တွင် စက်မှု ဇုန်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌများ က တင်ပြခဲ့ကြသည်။

”စီမံကိန်းလုပ်မယ့် မြေနေရာ တွေမှာ ရှိနေတဲ့ ကျူးကျော်တွေကို အတတ်နိုင်ဆုံး ညှိနှိုင်းဖြေရှင်းတဲ့ နည်းလမ်းနဲ့ လုပ်နေပါတယ်။ ကျူး ကျော်တွေကလည်း အမျိုးမျိုးရှိတယ်” ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်း ထိန်က ပြောသည်။

အမှန်တကယ် နေထိုင်မှု အခက် အခဲများရှိနေသဖြင့် ကျူးကျော်နေ ထိုင်နေရသည့် ဝင်ငွေနည်း မိသားစု များ ရှိနေသကဲ့သို့ ယင်းကျူးကျော် နေထိုင်သူများအပေါ် အမြတ်ထုတ် နေသည့် စီးပွားရေးလုပ်ငန်းအချို့နှင့် လျော်ကြေးရလိုသောကြောင့် အလျင် အမြန် ကျူးကျော်နေထိုင်သူများ ရှိနေသည့်အတွက် ကျူးကျော် နေထိုင်သူများ စာရင်း ကောက်ယူပြီး နေထိုင်ရန် အခက်အခဲ အမှန်ရှိသူ များအတွက် သင့်တင့်လျောက်ပတ် သည့် မြေနေရာများတွင် ပြန်လည် နေရာချထားပေးရန် လိုအပ်သည့် အပြင် ကျူးကျော်ပြဿနာများ အပေါ် အမြတ်ထုတ်နေသူများကို လည်း ဥပဒေကြောင်းအရ အရေးယူ ရန် လိုအပ်လျက် ရှိနေသည်။

Credit: thetradetimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service