မြန်မာ့ဓလေ့နည်းနာထုံးတမ်းအရ နေအိမ်၌ မပြု-မထားသင့်သော ရှောင်သင့်သော အရာများ - Property Knowledge in Myanmar from iMyanmarHouse.com
17483 Views

မြန်မာ့ဓလေ့နည်းနာထုံးတမ်းအရ နေအိမ်၌ မပြု-မထားသင့်သော ရှောင်သင့်သော အရာများ

Knowledge | Posted by Shwe Zin Win

ရှေးထုံးလည်း မပယ်နဲ့ ဈေးသုံးလည်း မလွယ်နဲ့ ဆိုတဲ့ ရှေးမြန်မာလူမျိုးတွေရဲ့ စကားပုံ တွေက လက်တွေ့ဘဝတွေရဲ့ကြေးမုံပြင်အလား ပြန်လည်ထင်ဟပ်စေပါတယ်။ ခေတ်စ နစ်ကြီးက တစ်ခေတ်ပြီးတစ်ခေတ်သို့ ဘယ်လောက်ပဲပြောင်းလဲသွားပါစေ မြန်မာလူမျိုး တွေအတွက်ကတော့ အစွဲလမ်းကြီး အယူသီးတယ်လို့ပဲဆိုချင်ဆိုချင် ကိုယ်ယုံကြည် စွာ ကိုယ်စွဲလမ်းရာဓလေ့ကို ယနေ့ထိတိုင်ဆက်လက်ထိန်းသိမ်း ပြီးနေထိုင်လာကြပါ တယ်။

ဒါ့ကြောင့်မို့လို့ မြန်မာလူမျိုးတွေရဲ့ နေအိမ်နဲ့ပတ်သက်ပြီး စွဲလမ်းနေထိုင်လာ ခဲ့ကြတဲ့ အချို့လည်းသိပြီးသားဖြစ်ပြီး အချို့လည်းမသိရသေးတဲ့ အယူအဆလေးတွေ ကို ဗဟုသုတအနေနဲ့တင်ပြပေးလိုက်ပါတယ်။

၁။ အိမ်ရှေ့၌ ဌက်ပျောပင်မစိုက်ကောင်း။
၂။ ကိုယ်ဝန်ဆောင်များသည် အပြောအဆိုမကြမ်းကောင်း။
၃။ လက်ဖက်သုပ်စားပြီးနောက် ကလေးငယ်၏ပါးကို မနမ်းကောင်း။
၎။ ကတ်ကြေး၊ကွမ်းညှပ်၊ဓား စသည်တို့ကို ဖြတ်စရာ ညှပ်စရာ မပါပဲ
မညှပ်ကောင်း။
၅။ သစ်ပင်နှစ်ပင်ကြားတွင် အ၀တ်လှန်းရန် ၀ါးမညှပ်ကောင်း။
၆။ အိမ်တွင် ဇယ်မခုတ်ကောင်း။
၇။ အိမ်သားတစ်ဦးဦး ဖျားနာနေစဉ် ခေါင်းမလျှော်ကောင်း။
၈။ ယောက်မနှင့်ထမင်းအိုးကို မရိုက်ကောင်း။
၉။ စလောင်းဖုံးကို မီးဖိုပေါ်မအုပ်ကောင်း။
၁၀။ မီးဖိုမှာ လူနှစ်ယောက်ပြိုင်တူမီးမမှုတ်ကောင်း။
၁၁။ ညောင်သားကိုထင်းမစိုက်ကောင်း။
၁၂။ ကျောက်နီလက်စွပ်ကို နှစ်ကွင်းထပ်၍ မစွပ်ကောင်း။
၁၃။ ဖိနပ်ချွတ်သောနေရာတွင် ထီးမထားကောင်း။
၁၄။ ဖိနပ်ပေါ်သို့ထီးအချွန်မထောက်ကောင်း။
၁၅။ ဖျာကိုလိပ်ပြီး အမြှင့်၌ မတင်ကောင်း။
၁၆။ နာရီကို ခြေရင်းဘက်တွင် မချိတ်ကောင်း။
၁၇။ မိဘ ကြီးကဲသူတို့၏ ဖိနပ်ကိုမနင်းကောင်း။
၁၈။ ဓာတ်ခဲအဟောင်းများကို အိမ်တွင်မထားကောင်း။
၁၉။ အိမ်၏မျက်နှာစာတွင် ထမင်းဟင်းချက်ပြုတ်၍ မစားကောင်း။
၂၀။ ကွဲအက်နေသော မှန်များ အိမ်တွင်မထားကောင်း။ စသဖြင့် ရှေးလူကြီးစကားများ ကို မှတ်မှတ်သားသား မှတ်ယူကာနေထိုင်လေ့ရှိကြတာပဲဖြစ်ပါတယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသားဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
အပြာနုရောင် ရေပြာအိုင်နောက်ခံထား အပန်းဖြေစရာ ပေါများလှတဲ့ ငါးလိပ်ကျောက်လေးများချစ်စဖွယ် ကျက်စားရာ Caye Caulker ကျွန်းငယ်
အပြာနုရောင် ရေပြာအိုင်နောက်ခံထား အပန်းဖြေစရာ ပေါများလှတဲ့ ငါးလိပ်ကျောက်လေးများချစ်စဖွယ် ကျက်စားရာ Caye Caulker ကျွန်းငယ်
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
mya-villa
kt

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service