အစိုးရစီစဉ်ပေးသည့် တိုက်ခန်း ရယူရေး နိုင်ငံရေးပါတီ ၂၃ ခု လျှောက်ထား - Property News in Myanmar from iMyanmarHouse.com
921 Views

အစိုးရစီစဉ်ပေးသည့် တိုက်ခန်း ရယူရေး နိုင်ငံရေးပါတီ ၂၃ ခု လျှောက်ထား

ဆောက်လုပ်ရေးဝန်ကြီးဌာနက နိုင်ငံရေး ပါတီများ ရုံးခန်းဖွင့်လှစ်နိုင်ရန် လှိုင်သာယာရှိ ရွှေလင်ပန်းအိမ်ရာစီမံကိန်းမှ တိုက်ခန်း ၂၄ ခန်းကို ရောင်းချ၊ ငှားရမ်းပေးရန် ကမ်းလှမ်းထားခဲ့ရာ နိုင်ငံရေးပါတီ

၂၃ ခုက တိုက်ခန်းရယူရေး လျှောက်ထားကြောင်း သိရှိရသည်။ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းအိမ်ရာ စီမံကိန်းရှိ အိမ်ခန်း ၂၄ ခန်းကို ပါတီ ၁၁ ပါတီက ၀ယ်ယူရန် လာရောက်လျှောက်ထားပြီး၊ ၉ ပါတီက ငှားရမ်းရန် လျှောက်ထားကြောင်း၊ ၀ယ်ယူရန်နှင့် ငှားရမ်းရန် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၃ ခု ရှိနေရာ စုစုပေါင်း ၂၃ ပါတီက လာရောက် လျှောက်ထားသည်ဟု ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ သိရသည်။

“အခန်းက ၂၄ ခန်း ရှိပြီး၊ လျှောက်ထားတာ ၂၃ ပါတီဆိုတော့ မဲနှိုက်စရာ မလိုတော့ဘူး။ ဒါပေမယ့် ဘယ်အထပ်၊ ဘယ်အခန်း ဆိုတာကိုတော့ မဲနှိုက်ရွေးချယ်ရမယ်။ အဲဒီအတွက်လည်း လျှောက်ထားတဲ့ နိုင်ငံရေးပါတီတွေကို အစည်းအဝေး ဖိတ်ခေါ်ပြီး ဆောင်ရွက်ဖို့ ရှိပါတယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ဝင်းက ဧရာဝတီကို ပြောသည်။

ပါတီများက အခန်းဝယ်ယူမည် ဆိုပါက ရောင်းချသည့်ဈေးနှုန်းမှာ တိုက်ခန်းတခန်းလျှင် ကျပ် သိန်း ၁၁၀ မှ ၁၂၅ သိန်း အထိ အထပ်ပေါ် မူတည်ပြီး သတ်မှတ်ထားကြောင်းနှင့် ငှားရမ်းမည် ဆိုပါက တလလျှင် တခန်းအတွက် ကျပ် ၄ သောင်း သတ်မှတ်ထားကြောင်း သိရသည်။

တိုက်ခန်းများအား ၀ယ်ယူ၊ ငှားရမ်းရန် လျှောက်ထားသည့် ပါတီများတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (ကျားဖြူ)၊ ကချင် ဒီမိုကရက်တစ် ပါတီ၊ ကရင်ပြည်သူ့ ပါတီ၊ ချင်းတိုးတက်ရေး ပါတီ၊ ဖက်ဒရယ် ပြည်ထောင်စု ပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ မြန်မာ့လူဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ ဗမာပြည်သူ့ ပါတီ၊ မြန်မာအမျိုးသား ကွန်ဂရက် ပါတီ၊ မြို တိုင်းရင်းသား ဖွံ့ဖြိုးရေး ပါတီတို့ အပါအ၀င် စုစုပေါင်း ၂၃ ပါတီတို့ ဖြစ်သည်။

Credit: irrawaddy

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service