ဧရာဝတီတိုင်းဒေသကြီး ပုသိမ်တွင် တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာ အလုံး (၂၀) တည်ဆောက်ပေးမည် - Property News in Myanmar from iMyanmarHouse.com
1104 Views

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်တွင် တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာ အလုံး (၂၀) တည်ဆောက်ပေးမည်

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာ အလုံး (၂၀) တည်ဆောက် ပေးသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဦးသန်းထွန်းက The Messenger Media သို့ ပြောသည်။

အဆိုပါ တန်ဖိုးနည်း အိမ်ရာများကို ပုသိမ်မြို့၊ အမှတ် (၁၄) ရပ်ကွက်၊ ဥမ္မာဒန်္တီလမ်း အနီးရှိ မြေကိုး ဧကပေါ်တွင် တည်ဆောက် ပေးသွားမည် ဖြစ်သည်ဟု ၎င်းကဆိုသည်။ အဆိုပါ တန်ဖိုးနည်း တန်ဖိုးသင့် အိမ်ရာ အလုံး (၂၀) တွင် (၁၆) ခန်းတွဲ သုံးထပ်တိုက် (၇) လုံး (၃၃၆ ယူနစ်)၊ ခြောက်ခန်းတွဲ လေးထပ် တိုက် (၈)လုံး (၁၉၂) ယူနစ်၊ နှစ်ခန်းတွဲ လေးထပ်တိုက် (၅)လုံး Shop House (၄၀) ယူနစ် ပါဝင်သည်။

အဓိက ကတော့ ပင်စင်စားတွေ၊ ၀န်ထမ်းတွေနဲ့ ၀င်ငွေနည်း မိဘ ပြည်သူတွေကို ဦးစားပေး ရောင်းချပေးမယ်။ ရောင်းချမယ့် အတိုင်းအတာ ကတော့ ပြည်ထောင်စု ဆောက်လုပ်ရေး ၀န်ကြီးဌာန မြို့ ရွာနဲ့ အိုးအိမဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက တောင်းထားတဲ့ စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်တွေနဲ့ ပြန်လည် ချထားပေးမယ်”” ဟု လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဦးသန်းထွန်းက ပြောသည်။

တန်ဖိုးနည်းအိမ်ရာ စီမံကိန်း လုပ်ငန်းများနှင့်ပတ်သက်၍ စတင် တည်ဆောက်နိုင်ရန်နှင့် စီမံကိန်း တည်ဆောက်မည့် ကုမ္ပဏီရှစ်ခုအား တိုင်းဒေသကြီး အစိုးရထံသို့ လာရောက် တွေ့ဆုံရန် ခေါ်ယူထားပြီး ဖြစ်ရာ ၂၀၁၆ ခုနှစ်၊ မတ်လအတွင်း နောက်ဆုံးထား တည်ဆောက်သွားရန် လျာထားကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် တစ်ဦးက ပြောသည်။

ဒီလို တန်ဖိုးနည်း အိမ်ရာတွေ ဆောက်ပေးတာ အဆင်မပြေတဲ့ ပင်စင်စား ၀န်ထမ်းတွေ အတွက် အရမ်း အထောက်အကူ ဖြစ်တာပေါ့။ များများ လုပ်ပေးလေ ကောင်းလေပဲ”” ဟု ပုသိမ်မြို့မှ ပညာရေး အငြိမ်းစား ၀န်ထမ်း တစ်ဦးက ပြောသည်။

ကန်ထရိုက်ယူ တည်ဆောက်မည့် ကုမ္ပဏီများ အနေဖြင့်လည်း အိမ်ရာများ ဆောက်လုပ်ရာတွင် တည်ဆောက်မှု စိစစ်ရေး ကော်မတီ၏ သတ်မှတ်ချက် စံချိန်စံနှုန်းများဖြင့် အညီသာ ဆောက်လုပ်ရန် ညွှန်ကြားသွားမည် ဖြစ်ကြောင်း လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဦးသန်းထွန်းက ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီးတွင်လည်း တန်ဖိုးနည်း ပြည်သူ့အိမ်ရာ စီမံကိန်းအား ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ၊ ရွှေပြည်သာနှင့် သင်္ဃန်းကျွန်း မြို့နယ် တို့တွင်လည်း ဆောက်လုပ်သွားရန် စီစဉ်ထားပြီး၊ ၀င်ငွေနည်း ၀န်ထမ်းများနှင့် ပြည်သူများကို စိစစ်၍ ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။

Credit: messenger

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service