ဟိုတယ်နှင့် Residence လုပ်ငန်းများတွင် ပြည်ပ ရင်းနှီးမြှုပ်နှံမှု များလာ - Property News in Myanmar from iMyanmarHouse.com
1140 Views

ဟိုတယ်နှင့် Residence လုပ်ငန်းများတွင် ပြည်ပ ရင်းနှီးမြှုပ်နှံမှု များလာ

ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အနေဖြင့် ဟိုတယ်နှင့် Residence လုပ်ငန်းများတွင် ယခင် နှစ်များထက် ယခုနှစ် အတွင်း ပိုမို များပြားလာကြောင်း သိရသည်။

ထိုကဲ့သို့ ရင်းနှီးမြှုပ်နှံရာတွင် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ အပါအဝင် တောင်ကိုရီးယား၊ တရုတ်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ ပါဝင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။

လက်ရှိ အချိန်တွင် ဟိုတယ်လုပ်ငန်း လေးခုအတွက် ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာ ၃၄၇ သန်းကျော်နှင့် Residence ကဲ့သို့ ဝန်ဆောင်မှု လုပ်ငန်းများ အတွက် အမေရိကန်ဒေါ်လာ ၂၂၇ သန်းကျော် ရှိကြောင်း သိရသည်။

ယခုအချိန်တွင် ခရီးသွား ကုမ္ပဏီများနှင့် ဟိုတယ်လုပ်ငန်းများ တိုးတက်လာပြီး ၂ဝ၁၄ ခုနှစ်တွင် ခရီးသွား ကုမ္ပဏီ ၁၆၂၃ ခုနှင့် ဟိုတယ်အခန်းပေါင်း ၄၂၄၉၅ ခန်း ရှိလာ ခဲ့သည်။

၂ဝ၁၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွား ဧည့်သည် သုံးသန်း ရှစ်သောင်း တစ်ထောင် ဝင်ရောက်ခဲ့ပြီး နိုင်ငံတကာ ခရီးသွားလုပ်ငန်း ပညာရှင်အဖွဲ့၏ တွက်ချက်မှု အရ ၂ဝ၁၄ ခုနှစ် အတွက် နိုင်ငံခြား ခရီးသွား ဧည့်သည်များ အသုံးပြုသည့် ငွေမှာ အမေရိကန်ဒေါ်လာ သန်း ၃ဝဝဝ အထက်တွင် ရှိကြောင်း သိရသည်။

ထိုသို့ ခရီးသွား ဝင်ရောက်မှု များပြားလာသဖြင့် ဟိုတယ်များနှင့် Residence များ တိုးတက်လာသည်မှာ ကောင်းမွန်သည့် လက္ခဏာ ဖြစ်သော်လည်း တစ်ဖက်တွင် ဟိုတယ် အခန်းများ များပြား လာသည့်အတွက် ဈေးနှုန်း မတည်ငြိမ်မှုများ ကြုံတွေ့ လာနိုင်ကြောင်း သိရသည်။

ထို့ကြောင့် နိုင်ငံခြား ခရီးသွား ဧည့်သည် ဝင်ရောက်နိုင်ခြေနှင့် ဟိုတယ် အချိုးအဆကို ချိန်ဆ၍ ခွင့်ပြုရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အသစ် ပြန်လည် ပြဋ္ဌာန်းထားသည့် ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ပြည်ပ လုပ်ငန်းရှင်များ အနေဖြင့် သုံးနှစ် အစား ငါးနှစ်အထိ ကော်မရှင်လုပ်ငန်း စတင်ပြီဟု သတ်မှတ်သည့် အချိန်မှ တစ်ဆက်တည်း ဝင်ငွေခွန် ကင်းလွတ် ခွင့်ပေးထားကြောင်း သိရသည်။

Credit: မြ၀တီ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service