မန္တလေး၌ ထပ်မံဆောက်လုပ်မည့် လေးထပ်နှင့် အထက်ဟိုတယ်များ လုံလောက်သည့် ကားပါကင်ပါမှသာ ခွင့်ပြုမည် - Property News in Myanmar from iMyanmarHouse.com
857 Views

မန္တလေး၌ ထပ်မံဆောက်လုပ်မည့် လေးထပ်နှင့် အထက်ဟိုတယ်များ လုံလောက်သည့် ကားပါကင်ပါမှသာ ခွင့်ပြုမည်

သတ်မှတ်ချက်နှင့် မညီသည့် အထပ်မြင့် အဆောက်အအုံများ တည်ရှိနေသည့် မန္တလေးမြို့တော်တွင် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ထပ်မံဆောက်လုပ်မည့် လေးထပ်နှင့်အထက် ဟိုတယ်များတွင် ယာဉ်ရပ်နားနေရာ ပါရှိမှသာ ဆောက်လုပ်ခွင့်ပြုမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန ဌာနမှူး ဦးတင့်လွင်က ပြောကြားသည်။

လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စကာ ဆောက်လုပ်ခွင့် လျှောက်ထားမည့် ဟိုတယ်များတွင် ယာဉ်ရပ်နားနေရာ ထည့်သွင်းထားသည့် ပုံစံဒီဇိုင်းများဖြင့် လျှောက်ထားရမည် ဖြစ်ပြီး အခန်း အရေအတွက်၊ တည်းခိုမည့် လူဦးရေနှင့် ကိုက်ညီသည့် အကျယ်အဝန်း ထားရှိရမည် ဖြစ်ကြောင်း ဦးတင့်လွင်က ပြောကြားသည်။

“အကြမ်းဖျင်းပြောရရင် လူတွေ အသုံးပြုမယ့် ယာဉ်ရဲ့ ၂၀ ရာခိုင်နှုန်းကို ကားပါကင် ထားရမှာပေါ့။ ဆောက်လုပ်ခွင့် လာတင်ကတည်းက သေချာစိစစ်သွားမယ်။ ဆောက်ခွင့်ရပြီးမှ စည်းကမ်းမလိုက်နာတဲ့ ဟိုတယ်တွေကို ဥပဒေနဲ့အညီ အရေးယူသွားမယ်” ဟု ၎င်းကဆိုသည်။

ယာဉ်ရပ်နားနေရာ သီးသန့်မရှိသည့် ဟိုတယ်များ စည်ပင်သာယာ နယ်နိမိတ်အတွင်း များစွာရှိသော်လည်း ယင်းတို့ကို အရေးယူသွားမည် မဟုတ်ဘဲ ယာဉ်ရပ်နားနေရာ မရှိသည့် ဟိုတယ် မည်မျှရှိသည်ကို သိရှိရန် သင်္ကြန်ပြီးပါက လိုက်လံစစ်ဆေးသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

“အရင်ကတော့ ကားပါကင်ကို သိပ်ထည့်မတွက်ဘူး။ အခုတော့ အထပ်အရေအတွက်ကို သတ်မှတ်လိုက်တဲ့ သဘောပေါ့။ စည်ပင်က အတိုင်းပါပဲ။ လေးထပ်အထက်ကို ကားပါကင်ပါမှ ခွင့်ပြုမယ်” ဟု မန္တလေးတိုင်းဒေသကြီး ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်အောင်က ဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ဟိုတယ်ဖွင့်လှစ်ခွင့် လိုင်စင် ချပေးရာတွင်လည်း ယာဉ်ရပ်နားရန်နေရာ ရှိမှသာလျှင် လိုင်စင်ချပေးလေ့ ရှိကြောင်း ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောကြားထားသည်။

“လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက စည်ပင်မှာ ဆောက်လုပ်ခွင့်တင်ခဲ့တဲ့ အချိန်ကတည်းက ကားပါကင် ပါရမယ်ဆိုတဲ့ အချက်ပါတယ်။ အခု အန်တီ့ဟိုတယ်က ရှစ်ထပ်။ ကားအစီး ၅၀ လောက် ရပ်လို့ရတယ်။ ဘေးမှာလည်း ပါကင်ရှိတယ်။ ဟိုတယ်အရှေ့မှာလည်း ရပ်လို့ရတယ်။ ကားပါကင်က ရှိကိုရှိသင့်တယ်။ အခု ဟိုတယ်တော်တော်များများက ပါကင် မပါတော့ ဘယ်ကိုရပ်ရမှန်းကို မသိဘူး” ဟု မတ်လ ၂၀ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် ဟိုတယ်ဟေဇယ်လ်ပိုင်ရှင် ဒေါ်သန်းသန်းဆွေက ဆိုသည်။

မန္တလေးမြို့တော်တွင် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ၌ ဟိုတယ် တည်ဆောက်မှု အလုံးရေ ၈၀ လုံး ရှိခဲ့ပြီး ဟိုတယ်အခန်းပေါင်း ၃၄၀၈ ခန်း ရှိခဲ့ကာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ၌ ဟိုတယ်တည်ဆောက်မှု အလုံးရေ ၁၀၉ လုံးထိ တိုးခဲ့ပြီး ဟိုတယ်အခန်းပေါင်း ၄၆၃၀ ခန်း ရှိလာကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီး ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူက ပြောကြားထားသည်။

စည်ပင်သာယာရေး ကော်မတီက ခွင့်ပြုထားသည့် အဆောက်အအုံ ပုံစံနှင့် ကွဲလွဲခြားနားသည့် အဆောက်အအုံကို ဆောက်လုပ်ပါက အနည်းဆုံးဒဏ်ငွေ ကျပ်သုံးသောင်းမှ အများဆုံးဒဏ်ငွေ ကျပ်သုံးသိန်းထိ ဖြစ်စေ၊ ထောင်ဒဏ် ၃ လအထိ ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အရေးယူနိုင်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ဥပဒေအရ သိရသည်။

Credit : The Voice Weekly

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Emerald Bay Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service