ဒဏ်ကြေးတိုးခြင်းက ဆောက်လုပ်ရေးလုပ်ငန်းကြန့်ကြာနေမှု၏ အကြောင်းပြချက်ကောင်း မဟုတ် - Property News in Myanmar from iMyanmarHouse.com
989 Views

ဒဏ်ကြေးတိုးခြင်းက ဆောက်လုပ်ရေးလုပ်ငန်းကြန့်ကြာနေမှု၏ အကြောင်းပြချက်ကောင်း မဟုတ်

ကန်ထရိုက်တိုက်များ ဆောက် လုပ်ရာတွင် ခွင့်ပြုအထပ် အမြင့် ထက် ပိုဆောက်ပါက ပေးဆောင်ရ မည့်ဒဏ်ကြေးကို တိုးမြှင့်လိုက်ခြင်း ကြောင့် လုပ်ငန်းကြန့်ကြာရသည် ဟူသော ကန်ထရိုက်တာများ၏ အကြောင်းပြချက်မှာ ခိုင်လုံခြင်း မရှိ ကြောင်း မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော်မတီအနေဖြင့် ကန် ထရိုက်တိုက် ဆောက်လုပ်ရာတွင် အထပ်မြင့် သုံးထပ်ခွဲသာ ဆောက် လုပ်ရမည်ဟု ပုံသေသတ်မှတ်ထား ခြင်းမှာ မြို့လယ်ကောင် မြို့နယ်များ အတွက်သာဖြစ်ပြီး ဆင်ခြေဖုံးမြို့ နယ်များတွင် ယင်းသို့ ပုံသေသတ် မှတ်ထားခြင်း မရှိကြောင်း မြို့တော် စည်ပင်မှ တာဝန်ရှိသူများက ပြော သည်။

”စည်ပင်မှာက အထပ်မြင့် သတ် မှတ်တာတွေ ရှိပေမယ့် မြို့လယ် ကောင်နဲ့ ကမ်းနားမှာသာ အတိအကျ သတ်မှတ်ပေးတာရှိပြီး ကျန်မြို့နယ် တွေမှာတော့ မြေနေရာအနေအထား နဲ့လမ်းအကျယ်ကို ကြည့်ပြီး အထပ် မြင့်တွေ ခွင့်ပြုပေးနေပါတယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ အဆောက်အအုံနှင့် မြေယာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိအခြေအနေအရ ဆင် ခြေဖုံးမြို့နယ်အချို့တွင် ကန်ထရိုက် သို့ အပ်နှံ၍ ဆောက်လုပ်သည့် လုပ် ငန်းအချို့မှာ ဆောက်လုပ်ရေးလုပ် ငန်းများ ရပ်ဆိုင်းထားရသည့်အခြေ အနေ ရှိနေသည်။ ထိုသို့ ရပ်ဆိုင်း ထားရခြင်းမှာ စည်ပင်က ခွင့်ပြုထား သည့် အထပ်မြင့်ထက် ပိုဆောက်ပါ က ပေးဆောင်ရန် သတ်မှတ်ထား သည့် ဒဏ်ကြေးကို ခုနစ်ဆနီးပါး တိုးမြှင့်လိုက်ခြင်းကြောင့် ဖြစ်ကြောင်း ကန်ထရိုက်များက အကြောင်းပြကြ သည်။

”အခုအရောင်းအဝယ်တွေက ပါးတော့ ငွေက တအား မြုပ်နေ တယ်။ နောက်ပြီး အထပ်ပိုအတွက် တစ်စတုရန်းပေကို ပေးရမယ့်ဒဏ် ကြေးက ခုနစ်ဆနီးပါး တိုးလိုက်တော့ ဆောက်ပြီဆိုတာနဲ့ ဒဏ်ကြေးက စပြီးဆောင်ရမှာ။ အဲဒါတွေကြောင့် အချိန်ကြာနေတာပါ”ဟု တောင် ဥက္ကလာပမြို့နယ်မှ ဆောက်လုပ်ရေး ကန်ထရိုက်တာ ဦးတင်မြင့်က ပြော သည်။

ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီအနေဖြင့် ကန် ထရိုက်တိုက် ဆောက်လုပ်ရန် တင်ပြ လာခြင်းများ၌ မြေပိုင်ဆိုင်မှု၊ လမ်း အကျယ်နှင့် မြေ၏ ခံနိုင်ဝန်တို့ကို ကြည့်ပြီး သင့်တော်သည့် အထပ် အမြင့်ကို ခွင့်ပြုပေးလျက်ရှိကြောင်း၊ တင်ပြသည့် အချက်အလက် စုံလင် ပါက ဆောက်လုပ်ခွင့်ပြုမိန့်များ အချိန်တိုအတွင်း ချထားပေးလျက်ရှိ ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မြေယာဌာန မှ သိရသည်။

သို့သော် အချို့သော ကန်ထရိုက် တာများက ခွင့်ပြုပေးထားသည့် အဆောက်အအုံအမြင့်ထက် အထပ် ပိုများ ဆောက်လုပ်လျက်ရှိရာ ¤င်း အထပ်ပိုများအား အရေးယူသည့် အနေဖြင့် ၂ဝ၁၃ ခုနှစ် နှစ်လယ် ပိုင်းလောက်မှ စတင်၍ စီမံချက်ဖြင့် ချမှတ်ဆောင်ရွက်ပြီး ပိုမိုဆောက် လုပ်ထားသော အထပ်အတွက် စီမံ ချက်ကာလအတွင်း အကျယ်အဝန်း တစ်စတုရန်းပေလျှင် ဒဏ်ကြေး ကျပ် ၂,၂ဝဝ ပေးဆောင်စေကြောင်း၊ စီမံချက်ပြီးသည့် ၂ဝ၁၄ ခုနှစ်၊ ဖေဖော် ဝါရီလနောက်ပိုင်းမှ စတင်၍ တစ် စတုရန်းပေလျှင် ဒဏ်ငွေ ကျပ် ၁၅,ဝဝဝ ပေးဆောင်ရန် သတ်မှတ် ကြောင်း သိရသည်။

”သတ်မှတ်ပေးထားတဲ့ အထပ် မြင့်အတိုင်း ဆောက်မယ်ဆိုရင် ဒဏ် ကြေးဆိုတာ ပေးစရာ မလိုပါဘူး။ ဒါက သူတို့စည်းကမ်းဖောက်လို့ ပေး ရတာပါ။ စည်ပင်က သတ်မှတ်ပေး တဲ့အတိုင်း ဆောက်လုပ်မယ်ဆိုရင် အချိန်လည်း အဲဒီလောက်မကြာဘူး။ ကန်ထရိုက်တာတွေအနေနဲ့ ငွေကြေး အခက်အခဲနဲ့ အရောင်းအဝယ် ဆိုင်ရာ အခက်အခဲတွေကြောင့် အချိန်ဆွဲပြီး မဆောက်သေးဘဲ ထား တာက သူတို့အကြောင်းပြချက်နဲ့ သူ တို့ သဘာဝတော့ကျပေမယ့် မြေရှင် တွေဘက်က ကြည့်ရင်လည်း သူတို့ ဘက်မှာ အခက်အခဲရှိသွားမှာပဲလေ။

ကိုယ့်စီးပွားတစ်ခုတည်းကိုမကြည့် ဘဲ ကိုယ့်အကျှိုးတူ လုပ်ငန်းဖက် အတွက်ပါ ကြည့်ပေးသင့်တယ်” ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦး က ပြောသည်။

အဆောက်အအုံ ဆောက်လုပ် ရန် ကန်ထရိုက်ထံ အလုပ်အပ်ထား သည့် မြေရှင်များအနေဖြင့် ၄င်းတို့ကို ကန်ထရိုက်များက စရန်သာ ချထား ပေးပြီး လုပ်ငန်းစတင်ခြင်း မရှိသေး သဖြင့် စောင့်ဆိုင်းနေရသည်များ ရှိသကဲ့သို့ ငှားရမ်းနေထိုင်သူများ အတွက်လည်း မူလအဆောက်အအုံ အဖျက်ခံထားရခြင်းကြောင့် နေထိုင် ရေး အခက်အခဲများ ရှိနေကြောင်း၊ ကာလပေါက်ဈေးထက် ပြောင်းရွှေ့ စရိတ် ပိုမိုရရှိထားသော မြေရှင်များ ရှိသကဲ့သို့ ပြောင်းရွှေ့စရိတ်အနည်း ငယ်သာ ရရှိထားသူ မြေရှင်များ လည်းရှိကြောင်း သိရသည်။

”ကန်ထရိုက်နဲ့ စာချုပ်ချုပ်တုန်း က ပြောင်းရွှေ့စရိတ် ၅၅ သိန်းပဲ ရတာ။ အခုအပြင်မှာ ငှားနေရတာပဲ ခြောက်လကျော်နေပြီ။ အိမ်ငှားခ တွေက ဈေးကြီးတော့ သူတို့ပေးတဲ့ ပိုက်ဆံ မလောက်ဘူး။ ကန်ထရိုက် အပ်မိတာတောင် မှားပြီလား မှတ်ရ တယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်မှ ဒေါ်အေးက ပြောသည်။

လွန်ခဲ့သည့် နှစ်နှစ်တာ ကာလ အတွင်း ကန်ထရိုက်ထံအပ်နှံကာ အဆောက်အအုံ ဆောက်လုပ်ခြင်း လုပ်ငန်းများ မြင့်တက်ခဲ့သော်လည်း ယခုနောက်ပိုင်း လုပ်ငန်းကြန့်ကြာမှု များနှင့် ရင်ဆိုင်နေရကြောင်း သိရ သည်။ ကန်ထရိုက်ထံ အပ်နှံကာ အဆောက်အအုံဆောက်လုပ်မှု များပြားသည့် မြို့နယ်များမှာ သင်္ဃန်း ကျွန်း၊ ဒေါပုံ၊ တောင်ဥက္ကလာပ၊ တာမွေ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ အစရှိသည့် မြို့နယ်များလည်း ဖြစ် သည်။

Credit: The Trade Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service