အငှားချ ပြည်သူ့အိမ်ရာ စီမံကိန်းအား မြောက်ဥက္ကလာပတွင် ပြုလုပ်ရန် စီစဉ်နေဟုဆို - Property News in Myanmar from iMyanmarHouse.com
1573 Views

အငှားချ ပြည်သူ့အိမ်ရာ စီမံကိန်းအား မြောက်ဥက္ကလာပတွင် ပြုလုပ်ရန် စီစဉ်နေဟုဆို

အငှားချ ပြည်သူ့အိမ်ရာ စီမံကိန်းအား မြောက်ဥက္ကလာပတွင် ပြုလုပ်ရန် စီစဉ်နေပြီး၊ အဆိုပါ အိမ်ရာများကို ၀င်ငွေနည်း ၀န်ထမ်း များနှင့် ပြည်သူများကို စိစစ်ပြီး ရောင်းချပေး သွားမည် ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။

လာမယ့် နှစ်လအတွင်း ဆောင်ရွက် သွားမှာပါ။ ဒါပေမဲ့ လက်ရှိအချိန်ထိ အတိအကျ ချပြဖို့ မဖြစ်နိုင်သေးပါဘူး။ အိမ်ရာ စီမံကိန်း စတင်တာနဲ့ အသေးစိတ် အားလုံးကို အသိပေးသွားမှာပါ””ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးနေမင်းထက်က ပြောသည်။ အဆိုပါ အငှားချ အိမ်ရာတွင် ရှေးဦးစွာ အိမ်လခဖြင့် နေထိုင်ပြီး၊ ၀င်ငွေ စုဆောင်းမိသည့် အခါ တန်ဖိုးနည်း အိမ်ရာများကို အရစ်ကျ ၀ယ်ယူနိုင်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ အငှားချ ပြည်သူ့အိမ်ရာ စီမံကိန်းအား ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ၊ ရွှေပြည်သာနှင့် သင်္ဃန်းကျွန်း မြို့နယ်တို့တွင်လည်း ပြုလုပ်သွားရန် စီစဉ်ထားပြီး၊ ယင်း အိမ်ရာများ အတွက် ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသကြီး အစိုးရတို့မှ ဘတ်ဂျက်ငွေ ချထားပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာဆိုရင် အငှားချ အိမ်ရာတွေကို လုပ်တယ်။ ပြီးရင် တစ်ဆင့် တက်ပြီး အိမ်ပိုင်ဆိုင်နိုင်တဲ့ အခြေအနေထိ ဆောင်ရွက်ပေးတယ်၊၊ မြန်မာနိုင်ငံမှာ လက်ရှိ တန်ဖိုးနည်း အိမ်ရာတွေကိုတောင် လက်လှမ်း မမီနိုင်သေးတဲ့ အခြေအနေ ဆိုတော့ အငှားချ အိမ်ရာတွေက လိုကိုလိုအပ်ပါတယ်””ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ လက်ရှိတွင် ရန်ကုန်မြို့ဒဂုံမြို့သစ်၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ၊ ရွှေပြည်သာတို့တွင် တန်ဖိုးနည်း အိမ်ရာများ ကို ပုဂ္ဂလိကနှင့် ပူးပေါင်း ဆောင်ရွက်နေပြီး၊ အငှားချ အိမ်ရာများ ပြုလုပ်ရန်အတွက်လည်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အနေဖြင့် စိတ်ဝင်စားမှု ရှိနေကြောင်း ၎င်းက ထပ်မံပြောသည်။

လက်ရှိ ရန်ကုန်မြို့တွင် တိုက်ခန်း ဈေးနှုန်းများ အဆမတန် မြင့်တက်နေသကဲ့သို့ တိုက်ခန်းအငှား ဈေးနှုန်းများ သည်လည်း မြို့နယ်၊ နေရာ၊ အကျယ်အ၀န်း၊ အထပ် အနိမ့်အမြင့်ပေါ် မူတည်၍ ကျပ်ဆယ်သိန်းအထိ ဈေးနှုန်းရှိပြီး၊ ကွန်ဒိုတိုက်ခန်း များသည် ကျပ်သိန်းနှစ်ဆယ် အထက်ရှိကြောင်း အိမ်ခြံမြေ ၀န်ဆောင်မှု ကုမ္ပဏီများထံမှ သိရသည်။ တိုးချဲ့ မြို့နယ်များတွင်မူ တိုက်ခန်းအငှား ဈေးနှုန်းသည် ကျပ်သုံးသိန်း အထိ ဈေးနှုန်းရှိကြောင်း သိရသည်။

Credit: messenger

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service