မန္တလေးမြို့တွင် ခွင့်ပြုမိန့်မရှိဘဲ ဆောက်လုပ်သည့်အဆောက်အအုံများနှင့် အထပ်ကျော်လွန်အဆောက်အအုံများကို ဖျက်သိမ်းရန် အသိပေးစာများပေးပို့ထား - Property News in Myanmar from iMyanmarHouse.com
673 Views

မန္တလေးမြို့တွင် ခွင့်ပြုမိန့်မရှိဘဲ ဆောက်လုပ်သည့်အဆောက်အအုံများနှင့် အထပ်ကျော်လွန်အဆောက်အအုံများကို ဖျက်သိမ်းရန် အသိပေးစာများပေးပို့ထား

မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်တွင်းရှိ မြို့နယ်ခြောက် မြို့နယ်တွင် ခွင့်ပြုမိန့်မရှိဘဲဆောက် လုပ်သည့် အဆောက်အအုံများနှင့် ခွင့်ပြုမိန့်ရရှိပြီးဖြစ်သော်လည်း သတ်မှတ် အထပ်ထက် ကျော်လွန် ဆောက်လုပ်သည့် အဆောက်အ အုံများကို ကိုယ့်အစီအစဉ်ဖြင့်ကိုယ် ဖျက်သိမ်းရန်အတွက် သက်ဆိုင်ရာ အဆောက်အအုံပိုင်ရှင်များထံ အ သိပေးအကြောင်းကြားစာပေးပို့ ထားကြောင်းသိရသည်။

ဖျက်သိမ်းရန် အကြောင်းကြား စာပေးပို့ထားသည့်အဆောက်အ အုံအရေအတွက်မှာ အလုံး ၅ဝ ကျော် ရှိပြီး အများစုမှာချမ်းအေးသာစံ မြို့နယ်အတွင်းရှိ အဆောက်အအုံ များဖြစ်ကြောင်း၊

အဆောက်အအုံ များကို ကိုယ့်အစီအစဉ်ဖြင့် ကိုယ် ဖျက်သိမ်းရန်အသိပေးအကြောင်း ကြားစာကို သုံးကြိမ်တိုင်တိုင်ပေးပို့ သွားမည်ဖြစ်ရာ မဖျက်သိမ်းသည့် အဆောက် အအုံများကို ကော်မတီ အစီအစဉ်ဖြင့်ဖျက်သိမ်းသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီ အဆောက် အအုံနှင့် ကုန်ရုံဌာန ဌာနမှူး ဦးတင့် လွင်က ပြောကြားသည်။

”မန္တလေးမြို့အတွင်းမှာ ဆောက် လုပ်နေတဲ့အဆောက်အအုံတွေ အနေနဲ့ သတ်မှတ်ထားတဲ့စည်းကမ်း ချက်တွေနဲ့အညီကိုက်ညီမှုရှိ မရှိ သိရှိနိုင်ဖို့ အတွက် စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး လစဉ် ကွင်းဆင်းစစ်ဆေး နေမှာဖြစ်ပါတယ်။ အထပ်မြင့်အ ဆောက်အအုံဆောက်လုပ်မယ့်သူ တွေအနေနဲ့ ဆောက်လုပ်မယ့်အ ဆောက်အအုံနဲ့ပတ်သက်တဲ့ Conceptual Plan ကို အရင်ဆုံးတင်ပြ ရမှာဖြစ်ပြီး

ကော်မတီကနေ စိစစ် လက်ခံပြီးမှသာ ဆောက်လုပ်ခွင့်ရရှိ ရေးအတွက် လုပ်ထုံးလုပ်နည်းတွေ နဲ့အညီ ဆက်လက် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

Basement ကို အ ထပ်အရေအတွက်မှာ ထည့်သွင်း မတွက်ချက်ပေမယ့် Mazzanine Floor ကိုတော့ တစ်ထပ်အဖြစ် သတ်မှတ်မှာဖြစ်ပါတယ်။ ဖျက် သိမ်းခံရတယ်ဆိုရင် ပိုင်ရှင်အတွက် နစ်နာမှုတွေအများကြီးရှိနိုင်တာကြောင့် ခွင့်ပြုမိန့်ရမှ ဆောက်လုပ် ဖို့လိုသလို ခွင့်ပြုထားတဲ့ အထပ်အ တိုင်းသာ ဆောက်လုပ်ဖို့ လဲလိုအပ် ပါတယ်”ဟု ယင်းက ဆက်လက်ရှင်း ပြသည်။

မန္တလေးမြို့တွင်း၌ အထပ် မြင့်အဆောက်အအုံများဆောက် လုပ်ရာတွင် အထပ်အမြင့်ကိုကန့်သတ်ထားခြင်းမရှိသော်လည်း ရှေး ဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သည့် ကျုံးဘေး ပတ်လည်တွင်မူ ဆောက်လုပ်မည့် အဆောက်အအုံ များအတွက် အထပ်လေးထပ်ထက် ပို၍ ခွင့်ပြုပေးမည်မဟုတ်ကြောင်း၊ ဆောက်လုပ်မည့် အလျားနှင့်အနံ အချိုးမှာ အနည်းဆုံး ၁ အချိုး ၁ ဒသမ ၅ ရှိမှသာ သတ်မှတ်အထပ် အတိုင်း ခွင့်ပြုပေးမည် ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီမှ သိရသည်။

Credit: ဒီမိုကရေစီတူဒေး

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service