သွားရောက်ကြည့်ဖူးချင်စရာ ကမ္ဘာတစ်လွှားက ထူးခြားဆန်းပြားရုပ်ရှင်ရုံများ အပိုင်း(၁)
ရုပ်ရှင်တွေကို ကျွန်တော်တို့ အားလုံးနှစ်သက်ကြပါတယ်။ လူတိုင်းနီးပါးကို နှစ်သက်ကြပါတယ်။ မကြိုက်မနှစ်သက်တဲ့ လူရယ်လို့ရှားပါတယ်။ စိတ်ပင် ပန်းမှုတွေကို တစ်ခဏတာ ဖြေဖျောက်ပေးလို့ရမယ့် ရုပ်ရှင်တွေကနေ ပိုက် ဆံနဲ့ ဝယ်လို့မရနိုင်မယ့် စိတ်ချမ်းသာမှုတွေကို ရရှိခံစားနိုင်မှာပဲဖြစ်ပါတယ်။
ပိတ်ကားထက် ဖန်သားပြင်မှာ ပြသနေတဲ့ ဟာသကား၊ ဒရမ်မာ၊ သည်းထိပ် ရင်ဖို၊ သရဲ ကား၊ အလွမ်းအဆွေးကား၊ သိပ္ပံ အက်ရှင်၊ အစရှိတဲ့ ကမ္ဘာကျော် ဇာတ်ကား ဇာတ်လမ်း တွေရဲ့ပုံရိပ်လှုပ်ရှားမှုတွေမှာစီးမြောရင်း အချိန်အခိုက် အတန့်မျှ စိတ်ပင်ပန်းမှုလျှော့ချနိုင်ဖို့ ရုပ်ရှင်ရုံတွေကို ကျွန်တော်တို့တွေက တစ်ခါတစ်ရံမှာ သွားရောက်ကြည့်ရှုတတ်ကြပါတယ်။
ထို့အတွက်ကြောင့် မိမိတစ်ဦးတည်းဖြစ်စေ၊ မိသားစုဝင်များနှင့်ဖြစ်စေအိမ် တွင်းရုပ်မြင်သံကြားမှာ ကြည့်ရှုနေရလို့ ငြီးငွေ့နေသူတွေအတွက် ကမ္ဘာ တစ်ဝန်းလုံးက စိတ်ဝင်စားစရာကောင်းတဲ့ ထူးခြားဆန်းပြားတဲ့ ရုပ်ရှင်ရုံတွေ ကိုဖော်ပြပေးချင်ပါတယ်။
ကော်လိုရာဒို ကျောက်ဆောင်ကြားက ရင်သပ်ရှုမောဖွယ်ရာခံစား ကြည့်ရှုနိုင်မယ့် Red Rocks ရုပ်ရှင်ရုံ
အမေရိကန်ပြည်ထောင်စုရဲ့ တောင်ပိုင်းက ကျောက်တောင်ချိုင့်ဝှမ်းထူ ထပ်တဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့ ကော်လိုရာဒိုပြည်နယ်က နှစ်စဉ်ပွဲတော်တစ် ခုလိုကျင်းပပြသတဲ့ Red Rocks ရုပ်ရှင်ပြပွဲက ကမ္ဘာကျော်ပါတယ်။ ရင်သပ် ရှုမောဖွယ်ကောင်းလှတဲ့ ရှုခင်းနောက်ခံထားပြီး မြင့်မားလှတဲ့ကျောက် ဆောင်အစွန်းမှာ ပိတ်ကားတစ်ခုကို ခင်းထားကာကျောက်ဆောင်များပေါ် အတန်းလိုက်၊ အဆင့်လိုက်ထွင်းထုပြုလုပ်ပေးထားတာပဲဖြစ်ပါတယ်။
ဒီလို မျိုး စိတ်ဝင်စားစရာကောင်းတဲ့ ကျောက်ဆောင်ကြားရုပ်ရှင်ပြသပွဲကြောင့် ပြည်နယ်ကို လာရောက်လည်ပတ်ကြသူများတာပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ ဆိုရင် ကမ္ဘာတစ်ဝန်းမှာပြသနေတဲ့ နာမည်ကျော်ရုပ်ရှင်ဇာတ်ကားတွေကို ပြ သနေတာဖြစ်ပြီး ဇာတ်ကားတစ်ကားကြည့်ရှုမယ်ဆိုရင် အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာကျော် ကျသင့်မှာဖြစ်ကာ ရုပ်ရှင်ကြည့်ရှုချိန်အတွက် ထူးခြားတဲ့ ခံစားမှုအချို့ကို ရရှိခံစားရစေမှာပါ။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)