အိမ်ရာမူဝါဒ ၂၀၁၅ ရွေးကောက်ပွဲပြီး မှသာ ထွက်မည် - Property News in Myanmar from iMyanmarHouse.com
1335 Views

အိမ်ရာမူဝါဒ ၂၀၁၅ ရွေးကောက်ပွဲပြီး မှသာ ထွက်မည်

လက်ရှိတွင် အိမ်ရာ မူဝါဒအား ရေးဆွဲပြီးပြီ ဖြစ်သော်လည်း ၂၀၁၅ ရွေးကောက်ပွဲ ပြီးမှသာ ထွက်ရှိနိုင်မည် ဖြစ်ကြောင်း မူဝါဒ ရေးဆွဲရာတွင် ပါဝင်သည့် မြို့ရွာနှင့် အိုးအိမ် ဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ငြိမ်း) ဦးမြင့်မိုရ်ဆွေက ပြောသည်။

လက်ရှိမှာ မူဝါဒထွက်ရှိ ဖို့က အရမ်း အရေးကြီး နေတယ်။ အခု ဆောက်လုပ်နေတဲ့ ကွန်ဒိုတွေ ဆိုရင် မူဝါဒမရှိတဲ့ အတွက် နိုင်ငံ အမည်ခံပြီး သွားရည် ကျအောင် ကြော်ငြာနေတယ်။ ပြီးရင် ကြော်ငြာတဲ့ အတိုင်း ပါဝင်မှု မရှိဘူး။ မူဝါဒ ထွက်လာပြီ ဆိုရင်တော့ လက်ရှိ ဖြစ်နေတဲ့ ပြဿနာတွေ သုံးပုံ တစ်ပုံလောက် လျော့နည်းသွား လိမ့်မယ် ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အိမ်ရာများ ဆောက်လုပ်ရာ၌ ၁၉၈၅ ခုနှစ် ဥပဒေ ကိုသာ အသုံးပြု နေခြင်း ဖြစ်သည်။ မူဝါဒ ထွက်ရှိ လာပါက ပြင်ဆင် ရေးဆွဲနေသည့် ကွန်ဒို ဥပဒေနှင့် ချိတ်ဆက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ၎င်းကဆက် ပြောသည်။

အဆိုပါ အိမ်ရာမူဝါဒတွင် အရစ်ကျ ၀ယ်ယူနိုင်မည့် ငွေကြေးစနစ်၊ ပုဂ္ဂလိက ကဏ္ဍ ပါဝင်နိုင်မှု၊ အိမ်ရာများ တည်ဆောက်ရာတွင် ဆောက်လုပ်သည့် လုပ်ငန်းရှင်၏ ပိုင်ဆိုင်မှု အာမခံ၊ ၀ယ်ယူသူ၏ ငွေကြေး သုံးစွဲမှု၊ မြေယာ အတည်တကျ ပိုင်ဆိုင်မှု၊ ဘဏ်စနစ် အသုံးပြုမှု အစရှိသည်တို့ ပါဝင်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့၌ အိမ်ရာ လိုအပ်ချက်ကြောင့် အိမ်ရာများကို နေရာအနှံ့ တည်ဆောက်နေရာတွင် မူဝါဒ မရှိခြင်းကြောင့် ဖြစ်ပေါ် လာသည့် နောက်ဆက်တွဲ ပြဿနာများကို ထိရောက်စွာ ဖြေရှင်းမပေးနိုင် သေးကြောင်း ဦးမြင့်မိုရ်ဆွေက ပြောသည်။

မြန်မာနိုင်ငံတွင် အိမ်ရာများ ဆောက်လုပ်ရာ၌ တိကျသည့် မူဝါဒမရှိခြင်းကြောင့် မြင့်မားနေသည့် မြေယာဈေးနှုန်းများကို ထိန်းချုပ်နိုင်မှု မရှိခြင်း၊ အိမ်ရာဈေးနှုန်းများသည် သာမန် ပြည်သူများ လက်လှမ်းမမီသည့် အခြေအနေ ဖြစ်နေခြင်း၊ အိမ်ရာများ၏ ကြံ့ခိုင်မှုကို အာမခံမှု မပေးနိုင်ခြင်း၊ အိမ်ရာ လိုအပ်ချက် များကြောင့် တရားမ၀င် ဆောက်လုပ်မှု များလာခြင်း အစရှိသည် တို့ကို ကြုံ တွေ့နေရကြောင်း သိရသည်။

Credit:messenger

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service