ပြည်ပလုပ်ငန်းရှင်များမှ ရင်းနှီးမြှုပ်နှံ ထားသော ဆောက်လုပ်ဆဲ ဟိုတယ်နှင့် ကုန်သွယ်ရေးဆိုင်ရာ အဆောက်အအုံ စီမံကိန်း ၁၁ ခုရှိ
မြန်မာနိုင်ငံတွင် ပြည်ပလုပ်ငန်းရှင်များမှ ရင်းနှီးမြှုပ်နှံ ထားသည့်ဆောက်လုပ်ဆဲ ဟိုတယ် နှင့်ကုန် သွယ်ရေးဆိုင်ရာ အဆောက် အအုံစီမံကိန်း ၁၁ခု ပြီးစီးပါက အဆင့်မြင့် အခန်းပေါင်း နှစ်ထောင် ကျော် ထွက်လာ မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော ဆိုသည်။
”အဲ့ဒီစီမံကိန်းတွေပြီးသွား မယ် ဆိုရင် အဲ့ဒီဒေသတွေအတွက် အခန်း တွေပို ထွက်လာမယ်။ စီမံကိန်း ၁၁ ခုကို အခန်း ၂၄၁၂ခန်း ထွက်မှာ။ မြန် မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုထားတာဖြစ်တဲ့အတွက် ဒီ ဇိုင်းအနေနဲ့က အဆင့်မြင့် အခန်းတွေ ပဲဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။
ယင်းစီမံကိန်း ၁၁ခုမှာ ရန်ကုန် တွင် ရှစ်ခု၊ နေပြည်တော်တွင် တစ်ခု၊ မြိတ်ကျွန်းစုတွင်တစ်ခု၊ ကော့သောင်း တွင်တစ် ခုဖြစ်ကြောင်း သိရသည်။ ထိုသို့ နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံ ထားသည့် ဟိုတယ်နှင့်ကုန်သွယ်ရေး ဆိုင်ရာ အဆောက်အအုံစီမံကိန်း ၁၁ခု၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ကန်ဒေါ်လာ ၁၀၅၄ ဒသမ ၄၇၀ သန်းဖြစ်ကြောင်း သိရသည်။
”မြန်မာနိုင်ငံက ဟိုတယ်လုပ် ငန်းတွေ၊ ခရီးသွားလုပ်ငန်းတွေကို နိုင်ငံခြား သားတွေ စိတ်ဝင်စားမှု များလာတာ တွေ့ ရတယ် ။ ပြည်တွင်း ကုမ္ပဏီတွေ အနေနဲ့ကလဲ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ယှဉ်ပြိုင်သင့် ပါတယ်”ဟု ဟိုတယ်လုပ်ငန်းရှင်တစ်ဦး က ပြောသည်။
ထို့ပြင် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကခွင့်ပြုထားသော နိုင်ငံ ခြားမှ ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၂၃၅ ဒသမ ၂၂၆သန်း တန်ဖိုးရှိ စီမံကိန်းနှစ်ခု ကိုလည်း ခွင့်ပြုထား ကြောင်း ထပ်မံစုံစမ်းသိရသည်။
”မြန်မာနိုင်ငံက ခရီးသွားလုပ် ငန်းတွေ ကို နိုင်ငံတကာက စိတ်ဝင်စား လာတဲ့အတွက် ဟိုတယ်အခန်းတွေ လဲ လိုအပ်လာပြီ။ အခုဆို ကြယ်ငါး ပွင့်အဆင့်ရှိတဲ့ ဟိုတယ်တွေလည်း ဆောက်လုပ်နေကြပါပြီ”ဟု ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ် ဦးက ပြောဆိုသည်။
၂၀၁၄ခုနှစ်က နိုင်ငံခြားရင်း နှီးမြှုပ်နှံထားသည့် ဟိုတယ်နှင့် ကုန်သွယ်ရေး ဆိုင်ရာ အဆောက်အ အုံစီမံကိန်း ၃၃ခုဆောက် လုပ်ပြီး စီးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ၁၂၆ရ ဒသမ ၈၆၂သန်း ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန၏ထုတ်ပြန် ချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် ရန်ကုန်တိုင်း ဒေသကြီးရှိ ဟိုတယ် ၂၈၈လုံးအပါ အဝင် ဟိုတယ်စုစုပေါင်း ၁၁၀၈လုံး ရှိပြီး ဟိုတယ်အခန်းပေါင်း ၄၃၃၂၂ ခန်းရှိကြောင်း ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်သည်။
Credit: Democracytoday