ရန်ကုန်မြို့ ငလျင်အန္တရာယ် ဆန်းစစ်ချက် စီမံကိန်းမှ တွေ့ရှိချက်များကို အခြေခံပြီး အနာဂတ်အတွက် စီမံချက်များ ပြင်ဆင်မည် - Property News in Myanmar from iMyanmarHouse.com
1229 Views

ရန်ကုန်မြို့ ငလျင်အန္တရာယ် ဆန်းစစ်ချက် စီမံကိန်းမှ တွေ့ရှိချက်များကို အခြေခံပြီး အနာဂတ်အတွက် စီမံချက်များ ပြင်ဆင်မည်

လူနေထူထပ်လာပြီး ဖွံ့ဖြိုးရေးလုပ်ဆောင်မှု များ များပြားလာသော ရန်ကုန်မြို့၏ ငလျင်ဘေး
အန္တရာယ် လျော့ပါးရေး ကြိုးပမ်းမှု တစ်ရပ်ဖြစ်သော ငလျင်အန္တရာယ်ဆန်းစစ် ချက် စီမံကိန်းကို
စတင်အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း ယခင်လ ၁၉ ရက် နေ့က ရန်ကုန်မြို့၊ မြို့တော်
ခန်းမတွင် ပြုလုပ် သော အဆိုပါစီမံကိန်း လုပ်ငန်းအစီအစဉ် ဖွင့်ပွဲအခမ်းအနားမှ သိရသည်။

ယခုနှစ်ကုန်တွင်ပြီးစီးမည့် အဆိုပါ တစ်နှစ်စီမံကိန်းကို နော်ဝေအစိုးရနှင့် ဥရောပ သမဂ္ဂလူသား
ချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးဌာန၏ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အစီအစဉ်
အောက်တွင်ရှိသော မြန်မာ့ရပ်ရွာလူထု ဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့် ရေး ပူးပေါင်းအဖွဲ့သည်
ကုလသမဂ္ဂနေရာချထားရေး အစီအစဉ်နှင့်အတူ အဆိုပါ လေ့လာချက်ကို ဆောင်ရွက်ရန် အဓိက
ငွေကြေးထောက်ပံ့ထားပြီး သက်ဆိုင်ရာ အစိုးရဌာနများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနှင့်
ဖွံ့ဖြိုးရေးကော်မတီ၊ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း၊ မြန်မာနိုင်ငံငလျင်ကော်မတီ အစရှိသော နည်း
ပညာဆိုင်ရာ အဖွဲ့ အစည်းများကလည်း ပူးပေါင်းဆောင်ရွက်ကြမည် ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၈၀ ခန့်နှင့် နှိုင်းယှဉ် ပါက လူဦးရေ ၁၀ ဆကျော် ပိုမိုများပြားလာ သော
ရန်ကုန်မြို့တွင် ငလျင်ဘေးအန္တရာယ် လျော့ချရေး လုပ်ငန်းများကို အမြန်ဆုံး အကောင်အထည်
ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး အစီအစဉ်၏
ဦးဆောင်သူ Mr Bijay Karmacharya က အဆိုပါ စီမံကိန်း ဖွင့်ပွဲ တွင်ပြောသည်။

၁၉၃၀ ပြည့်နှစ်တွင်ဖြစ်ပွားခဲ့သော အင် အား ရစ်ခ်ျတာစကေး ၇ ရှိသော ပဲခူးငလျင် ကြောင့်
ပဲခူးမြို့တွင် အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံး၍ လူဦးရေ ၅၀၀ ကျော်ခန့် သေဆုံးခဲ့ကာ
အဆိုပါငလျင်၏ အရှိန်ခံစားခဲ့ ရသော ရန်ကုန်မြို့တွင်လည်း ပျက်စီးမှုအချို့ ရှိခဲ့ပြီး လူ ၅၀ ဦးခန့်
သေဆုံးခဲ့ရသည်။

ထိုစဉ်က ရန်ကုန်မြို့၏ လူဦးရေမှာ သုည ဒသမ ၄ သန်း ခန့်သာ ရှိသည်။ "ငလျင်ကြောင့်
လူသေရတာ မဟုတ်ပါဘူး။ အဆောက်အအုံပျက်စီးမှုတွေကြောင့် လူတွေသေဆုံးရတာပါ။
လက်ရှိရန်ကုန်ဟာ လူဦးရေ ငါးသန်းကျော်ရှိပြီး အဆောက်အအုံ တွေ၊ စီးပွားရေးဆိုင်ရာ
အခြေအနေတွေ လည်း သိသိသာသာ တိုးတက်ပြောင်းလဲလာ ပါတယ်။ ဒီလိုအခြေအနေတွေ
ကြောင့် ငလျင် ဖြစ်ပွားရင် သိသာထင်ရှားတဲ့ ဆိုးကျိုး သက်ရောက်မှုတွေလည်း ရှိလာနိုင်ပါတယ်"
ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့ ငလျင်အန္တရာယ် ဆန်းစစ်မှု စီမံချက်တွင် ငလျင်ဖြစ်ပေါ်နိုင်သော ရင်းမြစ် များကို
ဆန်းစစ်ခြင်း၊ ဖြစ်နိုင်ခြေရှိသော လှုပ်နိုင်မှု ပမာဏများကို ခန့်မှန်းခြင်း၊ ထည့်သွင်း တွက်ချက်ခြင်း၊
ရရှိလာသော လေ့လာမှုအချက်အလက်များဖြင့် ငလျင်အန္တရာယ်ပြမြေပုံများထုတ်ခြင်း စသည့်
လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ငလျင်သုတေသနပညာရှင် ဒေါက်တာမျိုးသန့်က
ပြောသည်။

"အနာဂတ်မှာ ရန်ကုန်မြို့ ပတ်ဝန်းကျင် မှာ လှုပ်နိုင်တဲ့ ငလျင် ရင်းမြစ်တွေနဲ့ဆိုင်တဲ့ မှတ်တမ်းတွေ၊
သက်ရှင်ပြတ်ရွေ့တွေနဲ့ဆိုင် တဲ့ အချက်အလက်တွေ၊ ဘူမိအင်ဂျင်နီယာ ဆိုင်ရာ၊ ငလျင်အန္တရာယ်
ဆိုင်ရာမြေပုံတွေ ကို ဒီစီမံကိန်းကနေ ရရှိမယ်လို့ ကျွန်တော်တို့ မျှော်မှန်းပါတယ်" ဟု ၎င်းကပြော
သည်။

အဆိုပါ ဆန်းစစ်မှုတွေ့ရှိချက်များကို အခြေခံကာ ဘေးအန္တရာယ်လျော့ပါးရေး လုပ်ငန်းများကို
ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ၏ ဒုတိယ
ဥက္ကဋ္ဌ ဦးစိုးသူရထွန်းကပြောသည်။

"ဒီမြေပုံတွေရရင် အစိုးရတွေ၊ စီမံခန့်ခွဲတဲ့ သူတွေက ဘယ်နေရာမှာ ငလျင်ဘေးအန္တရာယ် နဲ့
ပတ်သက်ပြီး စီမံခန့်ခွဲဖို့လိုတယ်၊ အရေးပေါ် တုံ့ပြန်မှုအစီအမံတွေ ပိုလုပ်သင့်တယ်ဆိုတာ ကို
သိနိုင်ပါတယ်။ နောက်ပြီး အဆောက်အအုံ ဘယ်လိုဆောက်ရမယ်ဆိုတဲ့ ဥပဒေစနစ်တွေ
လည်းလုပ်နိုင်မှာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်သူတွေကလည်း သူတို့ရဲ့ ရင်းနှီး မြှုပ်နှံမှု
တွေ လုံခြုံဘေးကင်းမှုအတွက် အစီ အမံတွေလုပ်နိုင်မယ်။ ပြည်သူလူထုတွေက လည်း အန္တရာယ်
ရှိနိုင်တဲ့ အခြေအနေတွေကို သိရင် ကြိုတင်ပြင်ဆင်မှုတွေ၊ အရေးပေါ်တုံ့ပြန်မှုတွေကို လုပ်ဆောင်
ထားနိုင်မှာဖြစ်ပါတယ်" ဟု ၎င်းကပြောသည်။

စီမံကိန်း လေ့လာတွေ့ရှိချက်များကို အခြေခံကာ အနာဂတ် ငလျင်အန္တရာယ် လျှော့ချရေး စီမံချက်
များကို လုပ်ဆောင်သွား မည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ လူမှုရေးဝန်ကြီး ဒေါက်
တာမြင့်သိန်းက ပြောသည်။

"ဒီလေ့လာမှုတွေကနေ ဘယ်နေရာတွေ က အန္တရာယ်ရှိမလဲဆိုတာ
သိလာမယ်။ မြေပုံတွေပေါ်အခြေခံပြီး တည်ဆောက်ရေး မှာ ငလျင်ဒဏ်ခံနိုင်တဲ့အဆောက်အအုံ
တွေ ဆောက်မယ်။ ငလျင်ဖြစ်ရင် လူတွေစုဝေးဖို့ အတွက် ကွင်းတွေထားသွားမယ်" ဟု ၎င်းက
ပြောသည်။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းက မြန်မာနိုင်ငံ ငလျင်ကော်မတီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ
အသင်းနှင့် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းတို့သည် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး
ဦးစီးဌာန၊ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး အစီအစဉ်တို့နှင့် ပူးပေါင်းကာ ပဲခူး၊ စစ်ကိုင်း၊
တောင်ငူမြို့များ အတွက် ငလျင်အန္တရာယ်ဆန်းစစ်ချက်များ ဆောင်ရွက်ခဲ့သည်။

Credit: mmtimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Emerald Bay Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service