“အကျိုး” လို၍ ညောင်ရေလောင်းသည်လား - Property News in Myanmar from iMyanmarHouse.com
1397 Views

“အကျိုး” လို၍ ညောင်ရေလောင်းသည်လား

မြန်မာနိုင်ငံအား ဖွံ့ဖြိုးတိုးတက်အောင်အတွက် ကဏ္ဍဆုံ၊ နေရာဆုံမှမြန်မာနိုင်ငံသားကိုယ်တိုင် ဆောင်ရွက်ရမည်မှာ နိုင်ငံသားတိုင်း၏တာဝန်ပဲဖြစ်ပါသည်။ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် ကဏ္ဍ အားလုံးအရေးကြီးသလို မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့၏ လူနေမှုဝန်းကျင်ကိုလည်း အဆင့်မြှင့်တင်ပေးသင့် ပါသည်။ လက်ရှိ မြန်မာနိုင်ငံ၏လူဦးရေမှာ ၂၀၁၄ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်းစာရင်ကောက်ယူမှုစာရင်းများ အရ (၅၁)သန်းရှိနေပြီး တိုက်ခံအိမ်ရာဖြစ်နေနိုင်သည့်လူဦးရေမှာ လက်ချိုရေလို့ရသည့်အနေအထားသာ ရှိသည်။ မြန်မာနိုင်ငံ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်မည်ဆိုပါက လူနေအိမ်ပတ်ဝန်းကျင်ကို ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးနိုင်မှရမည်။ သို့သော်လက်ရှိ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအရှိဆုံး စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန် နှင့် မန္တလေးတို့တွင်ပင် ပျဉ်ထောင်ကာ သွပ်မိုးထားသည့် တိုက်ခံအိမ်နှင့် နေနိုင်သူမှာ အလွန်ရှားပါးလှသည်။ ယင်းစီးပွားရေးမြို့ကြီးနှစ်မြို့အနက် ဖွံ့ဖြိုးမှုအရှိဆုံးရန်ကုန်တွင်ပင် နေစရာအိမ်၊မြေ မရှိ၍ ကျူးကျော်အဖြစ်နေ ထိုင်သူဦးရေနှင့် အိမ်ငှားရမ်း၊ တိုက်ခန်းငှားရမ်းနေထိုင်သူအရေအတွက်က တစ်နှစ်ထက်တစ်နှစ်ပို၍ များပြားလာသည်ကို ပို၍တွေ့နေရသည်။

ယင်းတွက်ချက်မှုတွင်အဆောင်နေလူတန်းစားတွင်မပါသေးပေ။ ထို့အတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးကို ဗဟိုတည်၍ အိမ်ရာပိုင်ဆိုင်သူဦးရေပို၍များပြားလာအောင် ဆောင်ရွက်ပေးသင့်သည်မှာ အလွန်တရာပေါ်လွင်လှပေသည်။

၂၀၁၅ ခုနှစ် နှစ်အစတွင် မြန်မာနိုင်ငံ၏ အိမ်ရာပိုင်ဆိုင်သည့် လူဦးရေ အရေအတွက်ကို ပိုမိုတိုးပွား အောင်ပြုလုပ်ပေးမည့် စီမံကိန်းတစ်ခုကို ကြားသိခဲ့ရသည့်အတွက် စားရေးသူအနေဖြင့် မြန်မာနိုင်ငံသူ/နိုင်ငံ သားများဖြစ်ပြီး အိမ်ရာပိုင်ဆိုင်ခြင်းမရှိသေးသူများအစား ဝမ်းသာလုံးဆို့မိခဲ့သေးသည်။ ယင်းမှာ တစ်ခြားမဟုတ် အိမ်ယာပိုင်ဆိုင်ရေးနှင့် အလှမ်းဝေးနေသော မြန်မာနိုင်ငံသားများအတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်မှ အိမ်ဝယ်လိုသူများ၊ အိမ်ပြင်လိုသူများနှင့် အိမ်အသစ်ဆောက်ချင်သူများအတွက် နှစ်ရှည်ချေးငွေ ထုတ်ချေးပေးမည် ဟူသောစီမံကိန်းပင်ဖြစ်သည်။ အဆိုပါဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ ဆောင် ရွက် မည်ဟူသော စီမံကိန်းမှာ အမှန်တကယ်ပင်လက်ရှိမြန်မာနိုင်ငံလူ့အဖွဲ့အစည်းကို တစ်ဆင့်မြှင့်တင်ပေး နိုင်သည့် စီမံကိန်းကောင်းတစ်ခုဖြစ်၍ ပြည်သူတို့အပြင် ဝေဖန်သူများကပင် ချီးကျူးထော်ပနာ ပြုခဲ့ကြသည်။ အမှန်တကယ် ကောင်းမွန်သည့်စီမံကိန်းဖြင့်၍ ယင်းစီမံကိန်းအားလက်ကမ်းကြိုသည့် လက်ခုပ်သံများ သော်သော်ညမ်ခဲ့သည်။ ယင်းအထဲတွင် စာရေးသူကိုယ်တိုင်ပင် ဝင်ရောက်ထောက်ခံမှုများ ပြုလုပ်ခဲ့သေး၏။

ချေးငွေဖြင့် အိမ်ပိုင်ဆိုင်ရမည်ဆိုသော်လည်း လက်မဲ့အနေအထားထက် လက်ရှိအနေအထားမှာ ပို၍ဘဝကို အာမခံချက်ပေးနိုင်မှု များနိုင်သည့်အတွက် ဘဏ်၏ချေးငွေချထားပေးရန် လုပ်ငန်းစတင် လုပ်ကိုင်မည့်ရက်ကို စောင့်ဆိုင်သောလူဦးရေမည်မျှအထိ များပြားခဲ့သည်မသိ။ ယင်းသတင်းကြောင့် စာရေးသူရပ်ကွက်တွင်နေထိုင် သူတစ်ဦးမှလည်း ၎င်းပိုင်ခြံအားကန်ထရိုက်တိုက်ဆောက်ရန်အတွက် ဘဏ်၏ချေးငွေ ကြေညာချက်များကို မျှော်လင့်တကြီးစောင့်ဆိုင်းခဲ့သည်။ယင်းသတင်းကြောင့်ပင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် အကြောင်းမှာ မီဒီယာစာမျက်နှာအသီးသီးသို့ နေရာယူခဲ့ပြီး ယင်းသတင်းအကြောင်းကိုပင်အွန်လိုင်း မီဒီယာများတွင်ဝိုင်းဝန်း Share ခဲ့သည့်အရေအတွက်မှာလည်း အတော်ပင်များပြားခဲ့သည်။ လတ်တလော နာမည်ကြီးနေသည့် ပုဂ္ဂလိကဘဏ်များ၏ ATM သတင်းနှင့် Mobile Banking သတင်းများကို ကျော်၍ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၏ စီမံကိန်းသတင်းနှင့်တွဲ၍ ဘဏ်မှာပြည်သူ့ ပါးစပ်ဖြားတွင် နေရာရလာသည်။

သို့သော် အိမ်ရာပိုင်ဆိုင်မှုအလှမ်းဝေးနေသော ပြည်သူတို့အတွက် ပျော်ရွှင်မှုများမှာ တာရှည်မခံခဲ့ပေ။ မျှော်လင့်နေသူများ၏ မျှော်လင့်ချက်များကို ဘဏ်လုပ်ငန်းကြေညာချက်၊ သတင်းထုတ်ပြန်ချက်မှ အသက်မဲ့စေ ခဲ့သည်။ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၏ သတင်းထုတ်ပြန်ချက်အရ အိမ်ဝယ်ရန်ချေးငွေ လျှောက်ထားသူများအနေဖြင့် ဘဏ်ကချထားပေးမည့်ချေးငွေမှာ နှစ်ရှည်ချေးငွေမဟုတ်ဘဲ လတ်တလောတွင် အများဆုံးလေးနှစ်အထိသာချထားပေးသွားမည်ဟု သိရသည်။ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုရရှိပါမှ နှစ်ရှည် ချေးငွေချထားမှုကို ပြုလုပ်သွားမည်ဟုလည်းပါဝင်လာသည်။ အဆိုပါလေးနှစ် ချေးငွေချထားပေးရာတွင် လည်း လက်ရှိအစိုးရနှင့် သက်ဆိုင်သောစည်ပင်သာယာရေးကော်မတီများက အကောင်အထည်ဖော်နေသည့် ရွှေလင်ဗန်းအိမ်ရာနှင့် မန္တလေးမြရည်နန္ဒာ အိမ်ရာများအတွက်သာဖြစ်ကြောင်းလည်း ထပ်ဆင့်ကန့်သတ်ထား ခဲ့သည်။ ယင်းကြေညာချက်ကြောင့် ငွေချေးဖို့စောင့်နေသူများမပြောနှင့် စာရေးသူပင်သက်ပြင်းချမိခဲ့သည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၏ ကနဦးစီမံကိန်းအတွက် သတင်းထုတ်ပြန်ချက်တွင် အိမ်ယာပိုင်ဆိုင်ရေးနှင့် အလှမ်းဝေးနေသော မြန်မာနိုင်ငံသားများအတွက် နှစ်ရှည်ချေးငွေ ထုတ်ချေးပေးမည် ဟုပါဝင်ခဲ့သော်လည်းလက်တွေ့တွင် နှစ်ရှည်ချေးငွေးစီမံကိန်းကို နိုင်ငံခြားရင်းနှီးမြှပ်နှံမှုရမှဆိုတော့ အိမ်ယာပိုင်ဆိုင်မှုအလှမ်းဝေးနေသောမြန်မာနိုင်ငံသူ/ နိုင်ငံသားများ အမှန်တကယ်အိမ်ယာပိုင်ဆိုင်စေချင် သည့် စိတ်ရင်းအမှန်ဖြင့်ဆောင်ရွက်ခဲ့သည်လား၊ ဒါမှမဟုတ် ယင်းစီမံကိန်းအကြောင်းပြ၍နိုင်ငံခြားရင်နှီးမြှပ်နှံမှု လိုချင်သည့်အတွက် အယောင်ပြခဲ့သည်လားဟု သံသယဖြစ်မိသည်။ ထို့အပြင် ဘဏ်မှချထားပေးမည့် အိမ်ဝယ်လိုသူများအတွက် လေးနှစ်ချေးငွေမှာလည်း လက်ရှိအစိုးနှင့် သက်ဆိုင်သောစည်ပင်သာယာရေး ကော်မတီတို့မှ တည်ဆောက်လျက်ရှိသော ရောင်းမစွံသည့် တိုက်ခန်းများဖြစ်နေကြောင်း လက်ရှိအိမ်ခြံမြေ ဈေးကွက်မှ စုံစမ်းသိရှိခဲ့ရသည့်အတွက် ယင်းစီမံကိန်းမှာ မြှားတစ်စင်းဖြင့် ငှက်ဘယ်နှကောင်အထိပစ်ဖို့ ရည်ရွယ်နေသလဲဆိုတာကို စာရေးသူမတွက်နိုင်တော့ပေ။ စာရေးသူဉာဏ်တိမ်သည့်အတွက်ကြောင့်ပင် ဖြစ်ပါလိမ့်မည်ဟု ယူဆမိသည်။

ထို့အပြင်တိုက်များဆောက်လုပ်ရန်ချေးငွေထုတ်ယူလိုသူများအနေဖြင့် လိုအပ်ချက်၊ ကန့်သတ်ချက်များမှာ ဆောက်လုပ်မည့်အိမ်ကို အာမခံအဖြစ်ထားရှိရမည်ဖြစ်ပြီး အတိုးနှုန်း ၁၂ ရာခိုင်နှုန်းဖြင့် အိမ်ဆောက်လုပ်ပြီးစီးမည့် သက်တမ်းကာလအတွင်း ချေးငွေပြန်လည်ပေးဆပ်ရမည်ဟု သတ်မှတ်ထားသည်။ ထို့အတွက် တိုက်ဆောက်လိုသူများ ချေးငွေယူလျှင်အတိုး ၁၂ ရာခိုင်နှုန်းပေးဆောင် ရမည်မှာ အသေအချာပင်ဖြစ်သည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် အမှန်တကယ်စီမံကိန်းတွင် နှစ်ရှည်ချေးငွေ ချထားပေးမည့်စီမံကိန်းမျိုးမဟုတ်ဘဲ အစိုးရနှင့်သက်ဆိုင်သော စည်ပင်သာယာရေးကော်မတီတို့ တာဝန်ယူ တည်ဆောက်သော ရောင်းမစွံသည့်တိုက်ခန်းများကို ရောင်းကုန်အောင် ချေးငွေထုတ်ပေးခြင်းဖြစ်သည်။ ဘဏ်၏စီမံကိန်းမှာ တိုက်ခန်းများရောင်းထွက်အောင် ချေးငွေထုတ်ပေးခြင်းဟု စာရေးသူမြင်မိသည်။ တစ်နည်း ဆိုရလျှင် တိုက်ခန်းရောင်း Promotion တစ်ခုပင်ဖြစ်သည်။ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်သည် နှစ်ရှည်ချေးငွေပေးမည်ဟူသော ကြေညာချက်ကြောင့် ပြည်တွင်းသတင်းစာမျက်နှာများတွင် အတော်မျက်နှာ ပန်းလှခဲ့သည့်အတွက် စာရေးသူပင် Marketing ပညာရပ်ကို အံ့အောဘနန်း ဖြစ်ခဲ့ရသည်။ အိမ်ယာ ပိုင်ဆိုင်ရေးနှင့် အလှမ်းဝေးနေသော မြန်မာနိုင်ငံသားများအတွက် နှစ်ရှည်ချေးငွေ ထုတ်ချေးပေးမည်ဟုဆိုသော် လည်း လက်တွေ့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရမှဆို၍…….အဆိုပါစီမံကိန်းသည် “အကျိုး” လို၍ညောင်ရေ လောင်းခဲ့လေသည်လား…. ဟုမေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။

လမင်းအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service