Dagon City စီမံကိန်းအား ပေ(၆၀) ထက်ကျော်လွန် ဆောက်လုပ်ခွင့်ပေးမည် မဟုတ် - Property News in Myanmar from iMyanmarHouse.com
322 Views

Dagon City စီမံကိန်းအား ပေ(၆၀) ထက်ကျော်လွန် ဆောက်လုပ်ခွင့်ပေးမည် မဟုတ်

Dagon City 1 စီမံကိန်းအား ပေ(၆၀) အမြင့်ဆုံးသာ ဆောက်လုပ်ခွင့် ပြုမည် ဖြစ်ကာပေ (၆၀) ထက် ကျော်လွန်ပါက လုံးဝ ဆောက်လုပ်ခွင့် ပေးမည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးခင်လှိုင်က ပြောသည်။ ဘယ်လို စစ်ဆေးချက် ထွက်လာ ထွက်လာ ပေ (၆၀) ထက်ကျော် ရင်တော့ လုံးဝ ဆောက်ခွင့်ပေးမှာ မဟုတ်ဘူး။ ဒီအဆောက်အဦမှ မဟုတ်ဘူး၊ ဘယ်အဆောက်အဦ မဆို ဘုရားနဲ့ နီးရင် ကန့်သတ် မှာပဲ ဟု ၎င်းက ပြောသည်။

Dagon City 1 စီမံကိန်းသည် ရွှေတိဂုံ ဘုရား အနီးတွင် (၁၂) ထပ်အမြင့် တည်ဆောက်မည် ဖြစ်၍ စီမံကိန်း ဆောက်လုပ်ခွင့် ပေးနိုင်ခြင်း ရှိမရှိ အတွက် အင်ဂျင်နီယာ ကော်မတီမှ တာဝန်ယူ စစ်ဆေးနေပြီး၊ လက်ရှိတွင် စီမံကိန်း ရပ်ဆိုင်းခိုင်း ထားကြောင်း သိရသည်။ Dagon City 1 က ပင်လယ်ရေ မျက်နှာပြင် အထက် ပေ(၁၉၀) ထိ တည်ဆောက်ခွင့် ရှိပြီး သားပါ။ အမြင့်ပေ တစ်ခုတည်းနဲ့ တိုင်းတာလေ့ မရှိပါဘူး။ အဆောက်အအုံ တစ်ခုမှာ အထပ်တိုင်း အမြင့်ပေ မတူတာ တွေလည်း ရှိပါတယ်။ အဲဒါကြောင့် စီမံကိန်းက ဥပဒေနဲ့ စည်းမျဉ်း စည်းကမ်း အရ ပင်လယ်ရေ မျက်နှာပြင် အထက် ပေ(၁၉၀) ရဲ့ အောက်မှာပဲ ရှိနေမှာပါ ဟု Dagon City 1 အား တာဝန်ယူ ဆောက်လုပ်မည့် Marga Land Mark မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့ကြောင့် စီမံကိန်းသည် သတ်မှတ် စည်းမျဉ်းများနှင့် အညီသာ ဆောက်လုပ် သွားမည် ဖြစ်ပြီး၊ အင်ဂျင်နီယာ ကောင်စီ၏ စစ်ဆေး နေသည့် အဖြေကိုသာ လိုက်နာ သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ Dagon City 1 စီမံကိန်းသည် ရွှေတိဂုံ ဘုရားနှင့် နီးကပ်စွာ တည်ရှိနေ ခြင်းကြောင့် စီမံကိန်း ဆောင်ရွက်ပါက ရွှေတိဂုံ ဘုရား မြင်ကွင်းကို ကွယ်စေနိုင်သည့် အတွက် ပြည်သူများ၏ ဝေဖန်မှုများ ရှိနေသည့် စီမံကိန်း တစ်ခု ဖြစ်သည်။

Credit: messenger

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

The Rich Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service